Home / ပဲခူးမြို့နယ် / ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ “ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ”ကျင်းပ

ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ “ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ”ကျင်းပ

သြဂုတ် ၁၀(ပဲခူး)
==================================

သြဂုတ်လ (၁၀)ရက်နေ့၊ နံနက်(၁ဝ)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ပဲခူးမြို့၊ ဥဿာသီရိကျောင်းတိုက်၌ ကျင်းပသည်။ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီး သံဃနာကအဖွဲ့ဥက္ကဋ္ဌ၊ ပဲခူးမြို့၊ ဥဿာသီရိကျောင်းတိုက်၊ ပဓာနနာယကအဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယ ဆရာတော်ဘုရားထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက် တည်ခဲ့သည်။
ဆက်လက်ပြီး လှူဖွယ်ခြင်းနဝကမ္မလှူဒါန်းခြင်းနှင့် ဝါဆိုသင်္ကန်းများကို ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ ဥပဒေချုပ်၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းအုပ်ချုပ်ရေးမှူး ဦးတိုးဝင်းနှင့်ဇနီးကလည်းကောင်း အသီးသီးဆက်ကပ် လှူဒါန်းကြသည်။
ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် ဥဿာသီရိကျောင်းတိုက်ဆရာတော်မှ အနုမောဒနာနှင့် ရေစက်ချ တရားချီးမြှင့်ခဲ့ပြီးနောက် “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားရုပ်သိမ်းကာ နေ့ဆွမ်းဆက်ကပ်ခဲ့ကြောင်း သိရသည်။
ယနေ့ ကျင်းပပြုလုပ်သည့် ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲ၏ စုစုပေါင်းတန်ဖိုးငွေမှာ (၂၇၉၈၃၀ဝိ/-)ဖြစ်ကြောင်း သတင်းရရှိသည်။