Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန / စိုက်ပျိုးရေးဦးစီးဌာန / ပဲခူးနှင့် ဝေါမြို့နယ်ရှိ လယ်ကွက်များအတွင်း ကျရောက်နေသော ရွှေခရုအား လူထုအင်အားဖြင့် ကောက်ယူနှိမ်နင်းခြင်းပြုလုပ်

ပဲခူးနှင့် ဝေါမြို့နယ်ရှိ လယ်ကွက်များအတွင်း ကျရောက်နေသော ရွှေခရုအား လူထုအင်အားဖြင့် ကောက်ယူနှိမ်နင်းခြင်းပြုလုပ်

ဇူလိုင် ၅ (ပဲခူး)
================================

4ဇူလိုင်လ(၅)ရက်နေ့ နံက်(၁၀)နာရီအချိန်က ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်းရှိ လယ်ကွက်များတွင် ကျရောက်နေသော ရွှေခရုများအား စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်၍ ဒေသခံအုပ်ချုပ်ရေးအဖွဲ့များ၊ တောင်သူများနှင့်အတူ လူထုအင်အားဖြင့် ကောက်ယူနှိမ်နင်းခြင်းကျင်းပပြုလုပ်သည်။
ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးလှမြင့်က ရွှေခရုအန္တရာယ်နှိမ်နင်းမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပဲခူးမြို့နယ်၊ ပေါက်တောကျေးရွာအနီး၊ ကွင်းအမှတ်(၅၃၀-ခ)ရှိ လယ်ကွက်များတွင် ကျရောက်နေသော ရွှေခရုများအား လူထုအားဖြင့် စုပေါင်းကောက်ယူပြီး ရွှေခရုအန္တရာယ်ကင်းဝေးစေရန်၊ ထပ်မံပေါက်ဖွားမှု မရှိစေရန်အတွက် ထုံးပက်ဖြန်းခြင်း၊ ခရုသတ်ဆေးများဖြစ်သည့် မက်တယ်ဒီဟိုက်၊ နီကလိုစာမိုက် စသည့်ဆေးများပက်ဖြန်းခြင်းများ စုပေါင်းပြုလုပ်ကြသည်။
ထို့နောက် ဝေါမြို့နယ်၊ ကွင်းအမှတ်(၆၈၇-က)အတွင်းရှိ ဦးညီညီ၏လယ်အတွင်းရှိ ရွှေခရုများအား စုပေါင်းကောက်ယူခြင်းနှင့် ပိုးသတ်ဆေးဖြန်းခြင်းများပြုလုပ်ကြသည်။
ရွှေခရုကာကွယ်နှိမ်နင်းခြင်းသည် တစ်ဦးတစ်ယောက်ကောင်း ဆောင်ရွက်ခြင်းထက် လူထုလှုပ်ရှားမှုအသွင်ဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှသာ ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်သည်။ အဆိုပါရွှေခရုများသည် ရွေ့ပြောင်းစိုက်ပြီး(၁၀-၁၅)ရက်၊ တိုက်ရိုက်အစေ့ချ စိုက်ခင်း(၄-၃၀)ရက်အတွင်း ပျိုးပင်ငယ်စဉ်တွင် ကျရောက်ပြီး သီးနှံစုံစားသတ္တဝါဖြစ်သည်။ အစုလိုက်အပြုံလိုက် အပင်ရိုးတံပေါင်းပင် ကန်သင်းပေါ်ရှိ မြက်ပင်များပေါ်တွင် ဥအုလေ့ရှိပြီး တစ်ခါအုလျှင် ဥပေါင်း(၉ဝ မှ ၆၀၀)အထိ ဥနိုင်သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ပဲခူး၊ဝေါ၊ ကဝ၊ သနပ်ပင်၊ အုတ်တွင်း စသည့် မြို့နယ်များ၌ ယခုနှစ်မိုးစပါးစိုက်ပျိုးချိန်တွင် ရေလွှမ်းစပါးစိုက်ဧက (၃၀၀)ကျော်တွင် ရွှေခရုများကျရောက် ဖျက်စီးလျှက်ရှိရာ အုတ်တွက်မြို့နယ်တွင် အများဆုံးဖြစ်သည်။ ယခုနှစ် မိုးရာသီ ဇွန်လပထမအပတ် မိုးရွာသွန်းမှုများကြောင့် အဆိုပါမြို့နယ်များရှိ မိုးစပါးစိုက်ဧကများတွင် စိုက်ပျိုးထားသော စပါးပင်များ၏အညွန့်များကို ရွှေခရုကျရောက် ဖျက်စီးခြင်းကြောင့် အုတ်တွင်းမြို့နယ်တွင် ဧက(၂၀၀)ခန့်၊ ပဲခူးမြို့နယ်တွင် ဧက(၅၀)ခန့်၊ ဝေါ၊ ကဝ၊ သနပ်ပင်မြို့နယ်တို့တွင် ဧက(၃၀)ခန့်စီ ရွှေခရုများ ကျရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။