Home / ပဲခူးမြို့နယ် / ပဲခူးမြို့တော်အား Smart City (နေချင်ဖွယ်မြို့တစ်ခုအဖြစ်) အဆင့်မြင့်တင်ဆောင်ရွက်နိုင်ရန် အကြံပြုဆွေးနွေးပွဲ ကျင်းပပြုလုပ်

ပဲခူးမြို့တော်အား Smart City (နေချင်ဖွယ်မြို့တစ်ခုအဖြစ်) အဆင့်မြင့်တင်ဆောင်ရွက်နိုင်ရန် အကြံပြုဆွေးနွေးပွဲ ကျင်းပပြုလုပ်

အောက်တိုဘာ (၁၃) ပဲခူး

==========================================

အောက်တိုဘာလ (၁၃)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အောက်ထပ်အစည်းအဝေးခန်းမ၌ ပဲခူးမြို့တော်အား Smart City (နေချင်ဖွယ်မြို့တစ်ခုအဖြစ်) အဆင့်မြင့်တင်ဆောင်ရွက်နိုင်ရန် ကိုရီးယားနိုင်ငံအခြေစိုက်၊ Korea Smart City Association  မှ ပညာရှင် Mr. Jun-Cheol Kwon ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံသည်။

ရှေးဦးစွာ Mr. Jun-Cheol Kwon က Smart City တစ်ခု ဖြစ်ပေါ်ရန်အတွက် အခြေခံအဆောက် အဦ၊ လမ်း/တံတားများ၊ လျှပ်စစ်ဓာတ်အား၊ အင်တာနာချိတ်ဆက်မှု စသည့်တို့ ပြည့်စုံရမည်ဖြစ်ပါ ကြောင်း၊ Smart City ပြုလုပ်ရန်အတွက် တက်ရောက်လာသည့် တာဝန်ရှိသူများအနေဖြင့် ဦးစားပေးစတင်ဆောင်ရွက်မည့် နေရာအား ဖော်ပြပေးစေလိုပါကြောင်း၊ ပဲခူးမြို့တော်အား Smart City အဖြစ်အဆင်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရန်အတွက် ဌာနဆိုင်ရာများမှ ကဏ္ဍအလိုက် လိုအပ်ချက်များကို ပြောကြားပေးစေလိုပါကြောင်းနှင့် ရရှိလာသည့် အချက်အလက်များကို အခြေခံ ပြီး ပဲခူးမြို့တော်အတွက် Smart City ဒီဇိုင်းရေးဆွဲကာ ကိုရီးယားအစိုးရမှ ကူညီဆောင်ရွက်ပေးနိုင် ရန် တင်ပြပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်တို့ကို ကြိုးစားဆောင်နေရဆဲ ကာလဖြစ်ကြောင်း၊ Smart City သည် အလွန်ကောင်းမွန်သော လုပ်ငန်းစဉ်တစ်ခုဖြစ်သော်လည်း အစိုးရအနေဖြင့် ဘတ်ဂျက်အခက်အခဲ ရှိနိုင်ပါကြောင်း၊ မလုပ်လျှင်လည်း ဘာမှမဖြစ်လာနိုင်၍ မြို့တော်တစ်ခုလုံး ပြောင်းလဲခြင်းသည် အလွန်ကုန်ကျစရိတ် များပြားလွန်းသဖြင့် ပြည်သူအတွက် အလွန်အကျိုးရှိစေ မည့် နေရာကိုသာ အရင်ဆုံးပြုလုပ်စေချင်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ပဲခူးတိုင်းဒေကြီးအစိုးအရအဖွဲ့၊ အတွင်းရေးမှူးက ပဲခူးမြို့သည် ရန်ကုန်မြို့ထက် ပိုမို၍ နိုင်ငံခြားခရီးသွားများ လည်ပတ်စရာများစွာရှိကြောင်း၊ ကမ္ဘာဇသာဒီနန်းတော်နှင့် ကျုံးရိုးအား ပြန်လည်ပြင်ဆင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပဲခူးမြို့တွင် ယာဉ်ကြောကြပ်တည်းခြင်းအား ဖြေရှင်းပေးနိုင်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ ဒါမှသာ ပြည်သူအတွက် အကျိုးရှိစေမည်ဖြစ်ပြီး ယာဉ်အန္တရာယ်များ ကင်းရှင်းသွားနိုင်မည်ဖြစ်ကြောင်း၊ ပဲခူးမြို့အဝင် တက္ကသိုလ်(မြို့ရှောင်လမ်း) လမ်းဆုံမှ ကလိ(မြို့ရှောင်လမ်း)လမ်းဆုံအထိ မီးပွိုင့်များတွင် CCTV တပ်ဆင်ပြီး Control Center ဖြင့် ထိန်းချုပ်နိုင်မည့် အစီအစဉ်အား ဦးစားပေးအနေဖြင့် ဒီဇိုင်းရေးဆွဲပေးစေလိုကြောင်း နှင့် Smart City သည် အနာဂတ်လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ် လိုအပ်သည့်အရာတစ်ခုဖြစ်၍ ပဲခူးမြို့တော်အား ပထမဦးစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လာရောက်ကူညီပေးမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့ အစိုးရအဖွဲ့အတွင်းရေးမှူး၊ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ Korea Smart City Association နှင့် SUNs Co., Ltd တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။