Home / ပဲခူးမြို့နယ် / ပဲခူးမြို့တွင် ပထမဦးဆုံးသောကစားခြင်းဖြင့် သင်ယူမှုစနစ်ဖြင့်သင်ကြားမည့် နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကမူကြိုကျောင်းဖွင့်လှစ်

ပဲခူးမြို့တွင် ပထမဦးဆုံးသောကစားခြင်းဖြင့် သင်ယူမှုစနစ်ဖြင့်သင်ကြားမည့် နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကမူကြိုကျောင်းဖွင့်လှစ်

မေ ၂၉ (ပဲခူး)

=================================

ပဲခူးမြို့တွင် ပထမဦးဆုံးသော ကစားခြင်းဖြင့် သင်ယူမှုစနစ်ဖြင့် သင်ကြားမည့် နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကမူကြိုကျောင်း BRILLIANT BAGO SCHOOL(BBS) ဖွင့်လှစ်ခြင်းအခမ်းအနားကို မေလ(၂၉)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ လိပ်ပြာကန်ရပ်ကွက်၊ လိပ်ပြာကန်(၁)လမ်း၊ အမှတ်(၅၀၉)တွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ကျောင်းအုပ်ဆရာမကြီး Miss Principles နှင့် ကျောင်းတာဝန်ခံ ဒေါ်ဖြူနှင်းစံတို့က BRILLIANT BAGO SCHOOL (BBS) ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

အဆိုပါ BRILLIANT BAGO SCHOOL (BBS) အား ပဲခူးမြို့၊ လိပ်ပြာကန်ရပ်ကွက်၊ လိပ်ပြာကန်(၁)လမ်း၊ အမှတ်(၅၀၉)တွင် ဖွင့်လှစ်ထားရှိပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ဇွန်လ(၁)ရက်နေ့မှစတင်ပြီး နံနက်(၉)နာရီမှ ညနေ(၃)နာရီအထိ အသက်(၂)နှစ်မှ(၃)နှစ်အရွယ် ကလေးငယ်များကို Nursery(I)Classes ဟူ၍လည်းကောင်း၊ အသက်(၃)နှစ်မှ (၄)နှစ်အရွယ်ပလေးငယ်များကို Nursery(II)Classes ဟူ၍လည်းကောင်း၊ အသက်(၄)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များကိုPre-KG(I)Classes ဟူ၍လည်းကောင်း၊ အသက်(၅)နှစ်အထက် ကလေးများကိုPre-KG(II)Classes ဟူ၍လည်းကောင်း ခွဲခြားသတ်မှတ်ပြီး နိုင်ငံတကာအတွေ့အကြုံရှိသော ဝါရင့်ဆရာ/မများနှင့် အနာဂတ်ရင်သွေးငယ်လေးများအား နွေးထွေးသော ပတ်ဝန်းကျင်သစ်မှ ကလေးဗဟိုပြု သင်ကြားရေးစနစ်များဖြင့် (၂၁)ရာစု၏ အဆင့်မြင့်ပညာရေး ဖြစ်ပေါ်လာစေရန် ကလေးများအတွက် သင်ယူမှုပုံစံ(၈)မျိုးကို Learn and Play Programme ကစားခြင်းဖြင့် သင်ယူမှုစနစ်ဖြင့် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ကလေးအချင်းချင်း ပေါင်းသင်းတတ်စေရန်၊ မိမိ၏စိတ်ခံစားချက်ကို ကိုယ်တိုင်သိရှိစေရန်၊ ကာယဖွံ့ဖြိုးတိုးတက်စေရန်၊ သိမှုဖွံ့ဖြိုးတိုးတက်စေရန်၊ စာရိတ္တဖွံ့ဖြိုးတိုးတက်စေရန်၊ ကလေးငယ်များ လိမ္မာယဉ်ကျေးပြီး အသိဉာဏ်တိုးတက်စေရန်၊ မှန်ကန်စွာ တွေးခေါ်တတ်စေရန်၊ ပေါင်းသင်းဆက်ဆံမှုများ၊ ဘာသာစကားများ တိုးတက်မြင့်မားစေရန်၊ အင်္ဂလိပ်စာ၊ သင်္ချာနှင့် အထွေထွေဗဟုသုတများ အခြေခံကောင်းစေရန်၊ ကြွက်သားများသန်မာပြီး စာရေးရာတွင် အထောက်အကူဖြစ်စေရန်တို့အား စနစ်တကျ ပြုစုလေ့ကျင့်ပျိုးထောင် ပေးသွားမည်ဖြစ်ပြီးကြောင်း သတင်းရရှိသည်။