Home / ပဲခူးမြို့နယ် / ပဲခူးမြို့သို့ ကြွရောက်လာသော နိုင်ငံတော်သံဃမဟာနယကအဖွဲ့၊ ဥက္ကဋ္ဌ ဆရာတော်အား ဝန်ကြီးချုပ် သွားရောက်ဖူးမျှော်

ပဲခူးမြို့သို့ ကြွရောက်လာသော နိုင်ငံတော်သံဃမဟာနယကအဖွဲ့၊ ဥက္ကဋ္ဌ ဆရာတော်အား ဝန်ကြီးချုပ် သွားရောက်ဖူးမျှော်

သြဂုတ် ၉ (ပဲခူး)

===================

          သြဂုတ်လ (၉)ရက်နေ့၊ မွန်းလွဲ(၂)နာရီခွဲအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီးသို့ ဖူးမျှော်ရန် ကြွရောက်လာသော နိုင်ငံတော်သံဃမဟာနယကအဖွဲ့၊ ဥက္ကဋ္ဌ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဆရာတော်ကြီးအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများမှ သွားရောက်ဖူးမျှော်ကန်တော့ခဲ့ပြီး ဆရာတော်ကြီးနှင့်အတူ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီးမီးများ ကပ်လှူပူဇော်ခဲ့ကြောင်း သိရှိရသည်။