Home / ပဲခူးမြို့နယ် / ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်

ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်

ဧပြီ  ၁၁ (ပဲခူး)
==========================

ဧပြီလ(၁၁)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောစေတီရင်ပြင်တော်နှင့် အနောက်မုခ်စောင်းတန်း၌ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၅၉၉)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်သည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ မြတ်စွာဘုရားအမှူးပြုသော သြဝါဒစရိယဆရာတော်ကြီးများနှင့် ပဲခူးမြို့ပေါ် ဂိုဏ်းပေါင်းစုံ ကျောင်းတိုက်အသီးသီးမှ ပင့်သံဃာအပါး(၅၀၀) ကြွရောက်တော်မူကြပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဌ၊ တရားသူကြီးချူပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များ၊ တပ်ရင်းတပ်ဖွဲ့များ၊ စေတနာရှင်အလှူရှင်များမှ ဆွမ်းဆန်စိမ်း၊ နဝကမ္မ၊ စာရေးတံမဲနှင့် လှူဖွယ်ပစ္စည်းများ စုစုပေါင်းတန်ဘိုးငွေ ကျပ်သိန်း(၅၈၈)သိန်းကျော် လောင်းလှူပူဇော်ကြ ကြောင်းသိရသည်။