Home / ပဲခူးမြို့နယ် / ပဲခူးမြို့၌ စက်ဘီးလှည့်ကင်းဆောင်ရွက်လျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်အား ဓားဖြင့်ထိုးသူအား ဖမ်းဆီးအရေးယူမှု

ပဲခူးမြို့၌ စက်ဘီးလှည့်ကင်းဆောင်ရွက်လျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်အား ဓားဖြင့်ထိုးသူအား ဖမ်းဆီးအရေးယူမှု

(၁) ၁၇.၈.၂၀၁၆ ရက်နေ့ ညနေ ၆နာရီခန့်တွင် ပဲခူးမြို့ ရဲအကူတပ်ခွဲမှ တပ်ဖွဲ့ဝင်(၃၀)ဦး စက်ဘီးဖြင့် လှည့်ကင်းဆောင်ရွက်စဉ် ရဲတပ်သား ကျော်သန်းဝင်းမှာ စက်ဘီးလှည့်ကင်းအဖွဲ့နှင့် အနည်းငယ် နောက်ကျကျန်နေခဲ့ပြီး စိန်ဟင်းလျှပ်စစ်ပစ္စည်းဆိုင်ရှေ့အရောက် အရက်သောက်စားမူးယစ်နေသော အမည်မသိအမျိုးသား (၂)ဦးမောင်းနှင်လာသည့် ဆိုင်ကယ်မှ စက်ဘီးအားကျော်တက်ပြီး ရှေ့မှပိတ် ရပ်၍ ၄င်းတို့အနက်တစ်ဦးမှ အရိုးအသွား (၁၆)လက်မခန့်ရှိ ဓါးဦးချွန်ဓါးရှည်နှင့် ရဲတပ်သား ကျော်သန်းဝင်း၏ လည်ပင်းဝဲဘ14022199_658097791005058_181783550230195021_nက်အပေါ် ဓါးတင်ကာရန်စရာမှ လည်ပင်းဝဲဘက်(၃)လက်မခန့် ပြတ်ရှဒဏ်ရာရှိခဲ့ပါသည်။
(၂) ပဲခူးမြို့မရဲစခန်းမှူး ဒုရဲမှူးစိုးပိုင်နှင့်အဖွဲ့မှ အခင်းဖြစ်ရပ်သို့သွားရောက်ပြီး ၄င်းအမျိုးသား(၂)ဦး အား ရဲစခန်းသို့ခေါ်ယူစိစစ်ခဲ့ရာ ငလက်မ(ခ)ဝမ်ချိုင်း ၂၁နှစ်(ဘ)ဦးမောင်စိုး ဗမာ/ဗုဒ္ဓ ကျဘမ်း မ-၄၀၇ နတ်သျှင်နောင်လမ်း ဥသာမြို့သစ် (၂)ရပ်ကွက် ပဲခူးမြို့နေသူနှင့် အောင်သူဖြိုး ၁၈နှစ်(ဘ) ဦးအေးသိန်း ဗမာ/ဗုဒ္ဓ ကျောင်းသား (ပနှစ် သင်္ချာ) ပဲခူးတက္ကသိုလ် အင်းကျိုက်ကျေးရွာ ညောင်လေး ပင်မြို့နယ်(ယခုဘုရားလမ်း မြအေးယဉ်ဘော်ဒါဆောင် ) နေသူတို့ဖြစ်ကြောင်း သိရှိရပါသည်။
(၃) အောင်သူဖြိုးမှာ ငလက်မ(ခ)ဝမ်ချိုင်းမောင်းနှင်လာသည့် ဆိုင်ကယ်နောက်တွင်လိုက်ပါလာပြီး အရက်သောက်စားထားသော်လည်း ဓါးဖြင့်ရန်ပြုချိန်တွင် ပါဝင်ခြင်းမရှိသဖြင့် ပဲခူးတက္ကသိုလ် ကျောင်းသားရေးရာဌာနမှူး ဦးမွန်နို်င်ရှေ့တွင် မှုခင်းအသိပညာပေးဆွေးနွေးကာ အောင်သူဖြိုးအား ဦးမွန်နိုင်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
(၄) ငလက်မ(ခ)ဝမ်ချိုင်းအား ပဲခူးမြို့မ ရဲစခန်းမှ (ပ)၆၉၁/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ-၃၃၂ ဖြင့်အမှု ဖွင့်ထားရှိကာ ၄င်းစီးနင်းလာသော နံပါတ်မပါထိုင်းနိုင်ငံလုပ် CBR အမျိုးအစား အနက်ရောင်ဆိုင် ကယ်အား တရားဝင်မှတ်ပုံတင်ထားခြင်းရှိ/မရှိ ကညန(ပဲခူး)သို့ ပို့အပ်စိစစ်သွားမည်ဖြစ်ပါသည်။ ငလက်မ(ခ)ဝမ်ချိုင်းမှာ ကြော်းမဲ့ရန်စခြင်းဖြစ်၍ မူးယစ်ဆေးဝါးကြောင့် ယခုကဲ့သို့ ဖြစ်ပွားရခြင်း ဖြစ်နိုင်ပါ၍ မူးယစ်ဆေးဝါးသုံးစွဲထားခြင်း ရှိ/မရှိ စစ်ဆေးသွားရန်ဆောင်ရွက်ထားရှိကြောင်းနှင့် ငလက်မ(ခ)ဝမ်ချိုင်းအသုံးပြုခဲ့သော တရားမဝင်အရိုးအသွား(၁၆)လက်မခန့်ရှိ ဓါးဦးချွန်ကိုင်ဆောင် ခြင်းနှင့် ပတ်သက်၍ ပဲခူးမြို့မရဲစခန်း(ပ)၆၉၂/၂၀၁၆ လက်နက်ပုဒ်မ-၁၉(င)ဖြင့် အမှုရေးဖွင့် ထားကြောင်း သိရှိရပါသည်။

 

13996044_658097841005053_2787256982707556381_o