Home / ပဲခူးမြို့နယ် / ပဲခူးမြို့၏ အိုင်တီ၊ မိုဘိုင်း၊ CCTVနှင့် ဆက်သွယ်ရေးနည်းပညာပြပွဲ ကျင်းပပြုလုပ်

ပဲခူးမြို့၏ အိုင်တီ၊ မိုဘိုင်း၊ CCTVနှင့် ဆက်သွယ်ရေးနည်းပညာပြပွဲ ကျင်းပပြုလုပ်

မတ် ၁၄ (ပဲခူး)
===================================

ပဲခူးတိုင်းဒေသကြီး ကွန်ပျူတာအသင်းမှဦးစီး၍ မတ်လ(၁၄)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ ဗုဒ္ဓအသံဓမ္မဗိမာန်၊ စိတ္တသုခခန်းမတွင် ပဲခူးမြို့၏ အိုင်တီ၊ မိုဘိုင်း၊ CCTVနှင့် ဆက်သွယ်ရေးနည်းပညာပြပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း ဥက္ကဌ ဦးထင်အောင်ခိုင်၊ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း ဒုဥက္ကဌ(၁) ဦးထွဋ်ခိုင်၊ ပဲခူးတိုင်းဒေသကြီး ကွန်ပျူလုပ်ငန်းရှင်အသင်း ဥက္ကဌ ဦးမျိုးဝင်းဆက်နှင့် တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း ဥက္ကဌ ဦးထိုက်လင်းတို့က ပြပွဲအား ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြပြီး ပြခန်းအတွင်း လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါပြပွဲအား အီလက်ထရောနစ် ထုတ်ကုန်ပစ္စည်းများ တစ်နေရာတည်း ရွေးချယ်ဝယ်ယူနိုင်ရန်အတွက် မတ်လ(၁၄)ရက်နေ့မှ (၁၆)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မိုဘိုင်း၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ လုံခြုံရေးCCTVကင်မရာစသည့် အီလက်ထရောနစ် ပစ္စည်းများကို ကုမ္ပဏီပေါင်း(၃၂)ခုမှ လာရောက်ပြသ ရောင်းချခြင်းဖြစ်ကြောင်း သတင်းရရှိသည်။