Home / ပြည်ခရိုင်၏ဒေသဆိုင်ရာအချက်အလက်များ

ပြည်ခရိုင်၏ဒေသဆိုင်ရာအချက်အလက်များ

ပြည်ခရိုင်၏ဒေသဆိုင်ရာအချက်အလက်များ

နိဒါန်း

1.PyayDistrict(Final Map)

၁။      အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာန အောက်ရှိ ဌာနတစ်ခုဖြစ်ပြီး တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေး နှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး ဟူသောရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် ဆောင်ရွက်လျက်ရှိရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ကြသည့် အဆင့်ဆင့်သောအရာထမ်း၊ အမှုထမ်းများသည် ရုံးချုပ်အဆင့်မှ အောက်ခြေရပ်ကွက်/ကျေးရွာအုပ်စုအဆင့်အထိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်ရပြီး နိုင်ငံတော် အုပ်ချုပ်ရေး ယန္တရား ချောမွေ့စွာ လည်ပတ်ရေးတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ဝန်ကြီးဌာန၏ရည်မှန်းချက်တာဝန်များ၊ အခြား ဝန်ကြီးဌာနမှပေးအပ်သော တာဝန်များနှင့်ဒေသဆိုင်ရာ အစိုးရအဖွဲ့ များမှ ပေးအပ်သော လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင် နေ ကြရသည်ဖြစ်ရာ ဒေသဆိုင်ရာအချက်အလက်များ ပြုစုထားရှိခြင်း သည် များစွာ အရေးပါလာပါသည်။ ဒေသဆိုင်ရာအချက်အလက်များ ပြုစုခြင်းဖြင့် မိမိတို့၏လုပ်ငန်းဆောင်ရွက်ရာတွင် အထောက်အကူပြု သကဲ့သို့အကြီးအကဲများ နယ်မြေသို့ ကွင်းဆင်းရာတွင် နယ်မြေ၏အချက် အလက်များကို လွယ်ကူစွာ သိရှိနိုင်မည်ဖြစ်ပါသည်။

တည်နေရာအကျယ်အဝန်း

၂။      ပြည်ခရိုင်သည် ‌မြောက်လတ္တီတွဒ် ၁၈ဒီဂရီ ၂၃မိနစ် ၁၉ ဒီဂရီ ၀၆ မိနစ်ကြား အရှေ့လောင်ဂျီတွဒ် ၉၀ ဒီဂရီ၄၀မိနစ် နှင့် ၉၉ဒီဂရီ ၅၀မိနစ် အကြားတွင် တည်ရှိပါသည်။ အရှေ့ဘက်တွင် တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ်၊ တောင်ဘက်တွင် ဧရာ၀တီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ၊အနောက်ဘက်တွင် သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မြောက်ဘက်တွင် သရက်ခရိုင် အောင်လံ၊ ကံမမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။ ပြည်ခရိုင်၏မြို့များဧရိယာအကျယ် အဝန်းမှာ ၃၅.၅၈၈ စတုရန်းမိုင် ဖြစ်ပြီး မြို့နယ်ဧရိယာမှာ ၂၉၆၆.၃၆ ဖြစ်ပါသည်။ မြို့နယ်တစ်ခု ချင်းအလိုက် တည်နေရာ အကျယ်အဝန်းမှာ  အောက်ပါအတိုင်းဖြစ်ပါသည်-

          (က)   ပြည်မြို့နယ်၏တည်နေရာအကျယ်အဝန်း။        ‌  မြောက်လတ္တီတွဒ် ၁၈ဒီဂရီ ၄၄မိနစ် ၁၉

ဒီဂရီ   ၀၆ မိနစ်ကြား အရှေ့လောင်ဂျီတွဒ် ၉၅  ဒီဂရီ ၁၅ မိနစ် နှင့် ၉၅ ဒီဂရီ ၂၉ မိနစ်

အကြားတွင်တည်ရှိပြီး မြို့ဧရိယာမှာ ၁၄.၉၇၊ မြို့နယ်ဧရိယာမှာ ၃၀၄.၄၁ စတုရန်း မိုင် ဖြစ်ပါသည်။

          (ခ)     ပေါက်ခေါင်းမြို့နယ်၏တည်နေရာအကျယ်အဝန်း။မြောက်လတ္တီတွဒ်၁၈ဒီဂရီ၄၀မိနစ်

၁၉ ဒီဂရီ   ၁၅ မိနစ်ကြား အရှေ့လောင်ဂျီတွဒ် ၉၅  ဒီဂရီ  ၀  မိနစ် နှင့် ၉၅  ဒီဂရီ  ၅၀

မိနစ်  အကြားတွင် တည်ရှိပြီး မြို့ဧရိယာမှာ ၀.၈၉၊   မြို့နယ်  ဧရိယာမှာ      ၇၅၁.၄၉

စတုရန်းမိုင်ဖြစ်ပါသည်။

          (ဂ)     ပန်းတောင်းမြို့နယ်၏တည်နေရာအကျယ်အဝန်း။မြောက်လတ္တီတွဒ်၁၈ဒီဂရီ၂၁မိနစ်

၁၈ ဒီဂရီ   ၅၉မိနစ်ကြား အရှေ့လောင်ဂျီတွဒ် ၉၄  ဒီဂရီ  ၂၁  မိနစ် နှင့် ၉၅  ဒီဂရီ  ၁၁

မိနစ်  အကြားတွင် တည်ရှိပြီး မြို့ဧရိယာမှာ ၁.၀၈၊   မြို့နယ်  ဧရိယာမှာ      ၉၆၈.၀၀

စတုရန်းမိုင်ဖြစ်ပါသည်။

(ဃ)    ပေါင်းတည်မြို့နယ်၏တည်နေရာအကျယ်အဝန်း။မြောက်လတ္တီတွဒ်  ၁၈ဒီဂရီ၂၅မိနစ်

၁၈ ဒီဂရီ   ၅၀မိနစ်ကြား အရှေ့လောင်ဂျီတွဒ် ၉၅  ဒီဂရီ  ၂၃  မိနစ် နှင့် ၉၅  ဒီဂရီ  ၄၇

မိနစ်အကြားတွင်  တည်ရှိပြီး မြို့ဧရိယာမှာ  ၄.၁၈၊     မြို့နယ်  ဧရိယာမှာ    ၃၅၈.၆၅

စတုရန်းမိုင် ဖြစ်ပါသည်။

          (င)     သဲကုန်းမြို့နယ်၏တည်နေရာအကျယ်အဝန်း။   မြောက်လတ္တီတွဒ်  ၁၇ ဒီဂရီ၂၅ မိနစ်

၁၈ ဒီဂရီ  ၄၅မိနစ်ကြား အရှေ့လောင်ဂျီတွဒ် ၉၅  ဒီဂရီ  ၁၇  မိနစ် နှင့် ၉၅  ဒီဂရီ  ၃၅

မိနစ်  အကြားတွင် တည်ရှိပြီး မြို့ဧရိယာမှာ  ၁၃.၄၈၊   မြို့နယ်  ဧရိယာမှာ   ၂၉၉.၈၇

စတုရန်းမိုင်ဖြစ်ပါသည်။

          (စ)     ရွှေတောင်မြို့နယ်၏တည်နေရာအကျယ်အဝန်း။   မြောက်လတ္တီတွဒ်၁ ဒီဂရီ၂၀ မိနစ်

၁၈ ဒီဂရီ  ၄၆မိနစ်ကြား အရှေ့လောင်ဂျီတွဒ် ၉၅  ဒီဂရီ  ၀၅  မိနစ် နှင့် ၉၅  ဒီဂရီ  ၂၂

မိနစ်  အကြားတွင် တည်ရှိပြီး မြို့ဧရိယာမှာ  ၀.၉၈၈၊   မြို့နယ်  ဧရိယာမှာ   ၂၈၃.၉၄

စတုရန်းမိုင်ဖြစ်ပါသည်။

မြေမျက်နှာသွင်ပြင်နှင့်ရာသီဥတု

၃။      ပြည်ခရိုင်သည် တောင်ကုန်းတောင်တန်းပေါများသော လွင်ပြင်ဒေသဖြစ်ပြီး သစ်တောများ ဖုံးလွမ်းလျက်ရှိပါသည်။ ပြည်ခရိုင်၏ အရှေ့ဘက်တွင် ပဲခူးရိုးမတောင်ကုန်း တောင်တန်းများ ၊ အနောက် ဘက်တွင် ရခိုင်ရိုးမ တောင်ကုန်း တောင်တန်းများ မြောက်မှ တောင်သို့ သွယ်တန်းလျက် ဝန်းရံထားပါသည်။ ပြည်ခရိုင်အတွင်း ဧရာဝတီမြစ်သည် ပြည်၊ ပန်းတောင်း၊ ရွှေတောင်မြို့နယ် များအတွင်း မြောက်မှ တောင်သို့ ဖြတ်သန်းစီးဆင်း လျှက်ရှိပါသည်။ ပြည်ခရိုင်တွင် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး၊ အမြင့်ဆုံး အပူချိန် (၃၉.၂.c) နှင့်အနိမ့်ဆုံး အပူချိန် မှာ(၁၅.၃.c) ဖြစ်ပါသည်။  ပြည်ခရိုင် အတွင်းရှိ မြို့နယ်တစ်ခုချင်းနှစ်အလိုက်ဖြစ်ပေါ်ခဲ့သည့် မိုးရေချိန်နှင့် အပူချိန်မှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

စဉ် မြို့နယ် ခုနှစ် မိုးရေချိန် အပူချိန်
မိုးရွာ ရက် စုစုပေါင်း  မိုးရေချိန် (လက်မ) နွေရာသီ

( .c)

ဆောင်းရာသီ (.c)
အမြင့်ဆုံး အနိမ့်ဆုံး
ပြည် ၂၀၁၅-၂၀၁၆ ၈၉ ၆၁.၂၃ ၃၉.၂ ၁၅.၃
ပေါက်ခေါင်း ၂၀၁၅-၂၀၁၆ ၆၇ ၄၇.၆၅ ၃၃.၀ ၁၅.၀
ပန်းတောင်း ၂၀၁၅-၂၀၁၆ ၆၁ ၃၅.၁၁ ၃၇.၀ ၂၂.၀
ပေါင်းတည် ၂၀၁၅-၂၀၁၆ ၇၅ ၇၀.၀၁ ၃၆.၀ ၂၃.၀
သဲကုန်း ၂၀၁၅-၂၀၁၆ ၆၇ ၆၁.၈၉ ၃၄.၇၃ ၂၄.၃
ရွှေတောင် ၂၀၁၅-၂၀၁၆ ၅၁ ၃၃.၆၀ ၃၈ ၂၅

 

အုပ်ချုပ်ရေးဆိုင်ရာအချက်အလက်များ

၄။      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ခရိုင်(၁)ခု မြို့နယ်(၆) မြို့နယ်၊ မြို့(၁၀) ၊ရပ်ကွက်/ ကျေးရွာအုပ်စု (၃၄၁)စု ၊ ကျေးရွာပေါင်း (၁၅၅၆)ရွာရှိပါသည်။ လူဦးရေမှာ (အုပ်ချုပ်ရေး နယ်မြေဖွဲ့စည်းမှုမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ် မြို့နယ် မြို့ ရပ်ကွက် ကျေးရွာအုပ်စု ကျေးရွာ
ပြည် ၁၄ ၅၅ ၂၅၉
ပေါက်ခေါင်း ၅၃ ၂၂၉
ပန်းတောင်း ၄၀ ၂၀၈
ပေါင်းတည် ၁၂ ၄၃ ၂၄၁
သဲကုန်း ၁၁ ၄၉ ၃၂၂
ရွှေတောင် ၄၈ ၂၉၇
ခရိုင်ချုပ် ၁၀ ၅၃ ၂၈၈ ၁၅၅၆

အုပ်ချုပ်ရေးမှူးရုံးများ

၅။      ပြည်ခရိုင်၏မြို့နယ် ၊မြို့နှင့်ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

စဉ် မြို့နယ် အုပ်ချုပ်ရေးမှူးအမည် မြို့နယ်ရုံး မြို့ရုံး ရပ်ကွက်

ရုံးပေါင်း

ကျေးရွာအုပ်စု

ရုံးပေါင်း

  ၁ ပြည် ဦးအောင်အောင် ၁၄ ၅၅
ပေါက်ခေါင်း ဦးကျော်ဌေး ၅၃
ပန်းတောင်း ဦးကျော်ဆွေ ၄၀
ပေါင်းတည် ဦးမိုးမြင့် ၁၂ ၄၃
သဲကုန်း ဦးလွင်မင်း ၁၁ ၄၉
ရွှေတောင် ဦးမြတ်ကျော် ၄၈
ခရိုင်ချုပ် ၅၃ ၂၈၈

 

 

 

ဌာနဆိုင်ရာရုံးများ

     ပြည်ခရိုင်အတွင်းရှိ ခရိုင်အဆင့်ဌာနဆိုင်ရာများမှာအောက်ပါအတိုင်းဖြစ်ပါသည်

        (၁)    ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

        (၂)     မြန်မာနိုင်ငံရဲတပ်ဖွဲ့

        (၃)    အကျဉ်းဦးစီးဌာန

        (၄)    အထူးစုံးစမ်းစစ်ဆေးရေးဦးစီးဌာန

        (၅)    မီးသတ်ဦးစီးဌာန

        (၆)    စည်ပင်သာယာရေးအဖွဲ့

        (၇)    သာသနာရေးဦးစီးဌာန

        ()    သမဦးစီးဌာန

‘      ()    စိုက်ပျိုးရေးလုပ်ငန်း

        (၁၀ဆည်မြောင်းဦးစီးဌာန

        (၁၁လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန

        (၁၂)   စက်မှုလယ်ယာဦးစီးဌာန

        (၁၃တိုင်းရင်းဆေးပညာဦးစီးဌာန

        (၁၄ပြည်တွင်းရေကြောင်း

        (၁၅မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

        (၁၆ပို့ဆောင်ရေး

        (၁၇သစ်တောဦးစီးဌာန

        (၁၈မြန်မာ့လျှပ်စစ်လုပ်ငန်း

        (၁၉လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန

        (၂၀စက်မှုသီးနှံ

        (၂၁)   စီမံကိန်းဦးစီးဌာန

        (၂၂)   အားကစားနှင့်ကာယပညာဦးစီးဌာန

        (၂၃)   ပညာရေးမှူးရုံး

        (၂၄)   တရားရုံး

        (၂၅)   ဥပဒေရုံး

        (၂၆)   စာရင်းစစ်ရုံး

        (၂၇)   အလုပ်သမားညွှန်ကြားရေးဦးစီးဌာန

        (၂၈)   ရှေး/သု

        (၂၉)   ပြည်တွင်းအခွန်

        (၃၀မြန်မာ့စီးပွါးရေးဘဏ်

        (၃၁ဆောက်လုပ်ရေး

        (၃၂)   ရထားပို့ဆောင်ရေး

        (၃၃ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန

(၃၄လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန

        (၃၅နည်းပညာတက္ကသိုလ်

        (၃၆ပြည်တက္ကသိုလ်

        (၃၇ကွန်ပျူတာတက္ကသိုလ်

        (၃၈ပညာရေးကောလိပ်

        (၃၉လယ်ယာဖွံ့ဖြိုးရေးဘဏ်

        (၄၀စားသုံးသူရေးရာ

        (၄၁ရုပ်/သံ

        (၄၂)   အလုပ်သမားဥပဒေ

        (၄၃မဟာဓါတ်အားလိုင်း

        (၄၄အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

        (၄၅လူမှုဖူလုံရေး

        (၄၆ရေမြစ်ဖြိုး

        (၄၇ရေကြောင်းပို့ဆောင်ရေး

        (၄၈ကုန်လမ်းသယ်ယူပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

        (၄၉လမ်းအထူး()

        (၅၀သစ်ထုတ်ရေးဒေသ

        (၅၁သစ်လုပ်ငန်းရောင်းစက်

        (၅၂)   ငါးလုပ်ငန်း

        (၅၃အာမခံ

        (၅၄လူမှုဝန်ထမ်း

        (၅၅ဟိုတယ်ခရီး

        (၅၆ခရိုင်ရွေးကောက်ပွဲကော်မရှင်

စီးပွားရေးဆိုင်ရာအချက်အလက်များ

၇။      ပြည်ခရိုင်သည် မြန်မာနိုင်ငံ၏အောက်ပိုင်းတွင်တည်ရှိပြီး စီးပွားရေးအရ အချက်အခြာ ကျသောဒေသတစ်ခုဖြစ်ပါသည်။ ခရိုင်အတွင်းရှိဒေသခံ ပြည်သူလူထုသည် စိုက်ပျိုးရေးလုပ်ငန်း၊ ပွဲရုံလုပ်ငန်း၊ စက်မှုလက်မှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများကို အဓိက လုပ်ကိုင် ဆောင်ရွက်ကြ ပါသည်။ ပြည်ခရိုင်သည် ကုန်းလမ်း၊ ရေလမ်းများဆုံရာ လမ်းမပေါ်တွင် တည်ရှိ၍ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်သောဒေသဖြစ်ပါသည်။ ခရိုင်၏ အဓိကထွက်ကုန်မှာ ဆန်စပါးဖြစ်ပြီးမကွေး၊ မန္တလေးတိုင်းဒေသကြီးများသို့ အများဆုံး တင်ပို့ရောင်းချပါသည်။ ပြည်ခရိုင်၏ စီးပွားရေး အခြေအနေမှာ တိုးတက် ကောင်းမွန်လျက်ရှိပါ သည်။

 

 

 

မြေအသုံးချမှု

၈။      ပြည်ခရိုင်၏ မြေအမျိုးအစားအလိုက် အသုံးချထားသည့်ဧကအား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-

စဉ် မြေအမျိုးအစား ဧရိယာ(ဧက)
အသားတင်စိုက်ပျိုးမြေ ၅၆၆၇၈၃
(က)လယ်မြေ ၃၆၈၇၈၉
(ခ) ယာမြေ ၁၅၉၁၄၁
(ဂ) ကိုင်း/ကျွန်းမြေ ၂၁၂၂၁
(ဃ)ဥယျာဉ်မြေ ၁၄၅၅၅
(င) တောင်ယာမြေ ၃၀၇၇
လှပ်ထားမြေ
စားကျက်မြေ ၄၁၉
စက်မှုလုပ်ငန်းသုံးမြေ ၁၀၄၆၆၄
မြို့မြေ ၆၅၉၃
ရွာမြေ ၃၇၆၀၅
အခြားမြေ ၂၂၂၁၃၉
ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောမြေ ၆၁၅၃၀၈
တောရိုင်းမြေ ၄၁၂၁၆
၁၀ မြေရိုင်း ၁၁၀၁၃၈
၁၁ စိုက်ပျိုးခြင်းမပြုနိုင်သောမြေ ၁၉၃၅၉၁
ခရိုင်ချုပ် ၁၈၉၈၄၅၆

 

စိုက်ပျိုးရေးလုပ်ငန်း

၉။      ပြည်ခရိုင်၏ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်မှု အခြေအနေမှာ တစ်ဖက်ပါအတိုင်း ဖြစ်ပါသည်-

(က)   အဓိကသီးနှံ (၁၀)မျိုး စိုက်ပျိုးထုတ်လုပ်မှု

စဉ် သီးနှံ
အမည်
၂၀၁၅၂၀၁၆ လျာထားဧက ၂၀၁၅၂၀၁၆ ခုနှစ်
စိုက် ရိတ် နှုန်း အထွက်

(တင်း)

စပါးပေါင်း နွေ ၅၆၀၀၀ ၁၈၃၁၁ ၁၈၃၁၁ ၈၃.၁၁ ၁၅၂၁၉၁၁
မိုး ၃၈၃၃၀၂ ၃၇၉၁၀၂
မြေပဲ မိုး ၄၃၃၁၁ ၄၆၇၈၇ ၁၃၁၀၇ ၅၈.၆၃ ၇၆၈၄၄၀
ဆောင်း ၄၂၀၀၃
နှမ်း မိုး ၈၂၀၀၆ ၈၄၄၇၂ ၅၃၉၈၉ ၁၀.၈၁ ၅၈၃၇၈၄
ဆောင်း ၁၉၈၈၄
နေကြာ ၆၈
မတ်ပဲ ၁၂၈၁၆၁
ပဲတီစိမ်း မိုး ၅၂၃၄ ၂၅၄၀ ၁၆.၂၂ ၄၁၂၀၂
ဆောင်း ၃၂၃၉၉
ပဲစင်းငုံ ၁၈၀၆၇ ၁၈၅၀၆
ဝါ ၁၃၈၄၅ ၁၃၆၉၇
ကြံ ၅၆၀၆၁ ၂၇၄၃၇
၁၀ အစေ့ထုတ် ပြောင်း ၁၀၉၅ ၇၁၃ ၁၃၅ ၇၇.၀၀ ၁၀၃၉၅

()     နှစ်ရှည်သီးနှံစိုက်ပျိုးမှုအ‌ခြေအနေ

စဉ် မြို့နယ် နှစ်ရှည်ပင်စိုက်ဧက
ရာ ဘာ သစ်ဆိမ့် ထန်း အုန်း ကွမ်း

ရွက်

သီ

ဟိုဠ်

ဇီး ငှက်

ပျော

ရက်

ကျွဲ

ကော/ ရှောက်

သြ

ဇာ

သစ်

သီး

ပင်

မန်

ကျည်း

ပြည် ၁၁၆၀ ၉၇ ၃၀၅ ၈၅၅၁
ပေါက်ခေါင်း ၆၁၄ ၁၁၉ ၈၆ ၁၁၁ ၂၀ ၃၉၂ ၃၃၅ ၂၃ ၅၁ ၄၃၁
ပန်းတောင်း ၁၃၅၀ ၂၂၃ ၁၂၄ ၂၀၀ ၅၂၀ ၃၄၉၂
ပေါင်းတည် ၈၂ ၂၆၈ ၃၀၅ ၆၃ ၄၀
သဲကုန်း ၇၇၀ ၂၂၁ ၁၂၁
ရွှေတောင် ၉၃၉ ၂၀ ၁၄၃ ၄၈၅၇
ခရိုင်ချုပ် ၄၈၃၃ ၃၄၂ ၅၅၃ ၁၁၂၃ ၁၁၁ ၂၀ ၁၂၁၇ ၃၉၈ ၂၃ ၉၁ ၁၆၉၀၀ ၄၃၁

 

စက်မှုလက်မှုလုပ်ငန်း

၁၀။    ပြည်ခရိုင်၏ စက်မှုလက်မှုလုပ်ငန်း ဆောင်ရွက်နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

          (က)    စက်မှုဇုန်များ

စဉ် မြို့နယ် စက်မှုဇုံ စက်ရုံ
ပြည်မြို့နယ် ၁၉၁
ပေါက်ခေါင်း
ပန်းတောင်း
ပေါင်းတည်
သဲကုန်း
ရွှေတောင်
ခရိုင်ချုပ် ၁၉၁

 (ခ)    စီးပွားဖြစ်သစ်တောစိုက်ခင်း

 

စဉ် မြို့နယ် စိုက်ပျိုးသူဦးရေ နိုင်ငံပိုင်

(ဧက)

ပုဂ္ဂလိကပိုင်

(ဧက)

စိုက် ဧကပေါင်း အပင် ပေါင်း
ပြည် ၃၀ ၃၀ ၁၅၀၀၀
ပေါက်ခေါင်း ၁၅၀ ၂၀၀ ၃၅၀ ၂၇၀၀၀၀
ပန်းတောင်း ၅၀ ၅၀ ၂၇၀၀၀
ပေါင်းတည်
သဲကုန်း
ရွှေတောင်
ခရိုင်ချုပ် ၂၀၀ ၂၃၀ ၄၃၀ ၃၁၂၀၀၀

လူမှုရေးဆိုင်ရာအချက်အလက်များ

၁၁။    ပြည်ခရိုင်အတွင်းရှိ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ၊ အားကစား ၊ ဖျော်ဖြေရေးဆိုင်ရာ အချက်အလက်များကိုအောက်ပါအတိုင်းဖော်ပြအပ်ပါသည်-

          (က)    အဆင့်မြင့်ပညာ

စဉ် မြို့နယ် တက္ကသိုလ်/ ကောလိပ်/ သိပ္ပံကျောင်းပေါင်း
ပြည် ပြည်တက္ကသိုလ်
နည်းပညာတက္ကသိုလ်
ကွန်ပျူတာတက္ကသိုလ်
ပညာရေးကောလိပ်
စက်မှုလက်မှုအထက်တန်းကျောင်း

(ခ)     အခြေခံပညာကျောင်းများ

စဉ် မြို့နယ် အ.ထ.က အ.လ.က အ.မ.က မူလတန်းကြို ကျောင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်း
ပြည် ၂၀ ၃၆ ၁၆၀ ၁၁ ၁၄
ပေါက်ခေါင်း ၁၃ ၁၇၄ ၅၀
ပန်းတောင်း ၇၅ ၈၁
ပေါင်းတည် ၁၃၄
သဲကုန်း ၁၇၈
ရွှေတောင် ၁၃ ၁၂ ၁၆၅
ခရိုင်ချုပ် ၆၁ ၈၃ ၈၈၆ ၁၅၂ ၃၁

ကျန်းမာရေးကဏ္ဍ

၁၂။    ပြည်ခရိုင်၏ကျန်းမာရေးကဏ္ဍဆိုင်ရာအချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

          (က)    ဆေးရုံများ

စဉ် မြို့နယ် ဆေးရုံပေါင်း အစိုးရ ပုဂ္ဂလိက
ပြည်
ပေါက်ခေါင်း
ပန်းတောင်း
ပေါင်းတည်
သဲကုန်း
ရွှေတောင်
ခရိုင်ချုပ် ၂၇ ၂၁

          (ခ)     ဆေးပေးခန်း၊ ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲများ

စဉ် မြို့နယ် ဆေးပေးခန်း ကျေးလက် ကျန်းမာရေးဌာန ကျေးလက် ကျန်းမာရေးဌာနခွဲ
အစိုးရ ပုဂ္ဂလိက ပေါင်း
ပြည် ၂၉
ပေါက်ခေါင်း ၃၆
ပန်းတောင်း ၂၅
ပေါင်းတည် ၁၂ ၁၂ ၂၉
သဲကုန်း ၃၁
ရွှေတောင် ၃၄
ခရိုင်ချုပ် ၂၈ ၃၃ ၄၀ ၁၈၄

(ဂ)     လူမှုရေးအသင်းအဖွဲ့များ

စဉ် မြို့နယ် အသင်း အဖွဲ့ပေါင်း မှတ်ချက်
ပြည် PDA၊သရေခေတ္တရာအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့
ပေါက်ခေါင်း နာရေးကူညီမှုအသင်း၊အစိမ်းရောင်အနာဂတ် အသင်း၊ချောင်းကောင်းကျေးရွာဖွံ့ဖြိုးရေးအသင်း
ပန်းတောင်း
ပေါင်းတည်
သဲကုန်း မြို့နယ်လူငယ်အဖွဲ့ချုပ်အသင်း
ရွှေတောင် သာသနာ့နုဂ္ဂဟအသင်း၊ရွှေတောင်ပရဟိတ၊အေးမေတ္တာ ပရဟိတ၊မြတ်ကုသိုလ်၊ကွေ့မပရဟိတ၊စံပြဂရုဏာရှင်
ခရိုင်ချုပ် ၁၃  

ထင်ရှားသည့်စေတီပုထိုးများနှင့်ဘာသာရေးဆိုင်ရာအဆောက်အဦ

၁၃။    ထင်ရှားသည့်စေတီပုထိုးများနှင့်ဘာသာရေးဆိုင်ရာအဆောက်အဦများမှာအောက်ပါအတိုင်းဖြစ်ပါသည်-

(က)   သာသနိကအဆောက်အဦများ

စဉ် မြို့နယ် ဘုရား စေတီ ပုထိုး ဘုန်းကြီးကျောင်း သီလရှင်

ကျောင်း

ဓမ္မာရုံ
ပြည် ၆၄ ၉၅ ၂၅ ၆၀၁ ၁၄၆ ၅၅၀
ပေါက်ခေါင်း ၃၄ ၂၂၀
ပန်းတောင်း ၆၂ ၃၀၈ ၂၈
ပေါင်းတည် ၄၅ ၅၅ ၂၃ ၂၂၇ ၈၀
သဲကုန်း ၇၆ ၂၄၁ ၂၀၂
ရွှေတောင် ၄၂ ၅၀ ၅၀ ၂၈၂ ၂၃၀
ခရိုင်ချုပ် ၂၂၀ ၃၁၀ ၉၈ ၁၈၇၉ ၁၈၁ ၁၀၆၃

          (ခ)     ထင်ရှားသည့်ဘုရား၊စေတီပုထိုးများနှင့် ဘုန်းကြီးကျောင်းများ

စဉ် မြို့နယ် ဘုရား စေတီ ပုထိုး ဘုန်းကြီးကျောင်း
ပြည်
ပေါက်ခေါင်း
ပန်းတောင်း
ပေါင်းတည်
သဲကုန်း
ရွှေတောင်
ခရိုင်ချုပ် ၁၀ ၂၁

        (ခ)     အခြားဘာသာရေးအဆောက်အဦများ

စဉ် မြို့နယ် ခရစ်ယာန် အစ္စလာမ် ဟိန္နူ

ဘုရား ကျောင်း

တရုတ်ဘုရား ကျောင်း
မြို့ ကျေး

လက်

မြို့ ‌ကျေး

လက်

မြို့ ‌ကျေး

လက်

မြို့ ကျေး

လက်

ပြည်
ပေါက်ခေါင်း ၃၂
ပန်းတောင်း ၁၅
ပေါင်းတည်
သဲကုန်း
ရွှေတောင်
ခရိုင်ချုပ် ၄၀ ၁၅ ၁၉

ကျေးလက်ဒေသဖွံ့ဖြိုးရေး

၁၄။    ပြည်ခရိုင်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေးခလုပ်ငန်းမျာအဖြစ် မြို့/ကျေးလက်၊ ကျေးရွာချင်းဆက်လမ်းများ၊ တံတားများ၊ သောက်သုံးရေရရှိရေးလုပ်ငန်းများ၊ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ၊ ကျေးလက်အိမ်ယာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ၊ ကျေးလက်အိမ်သာလုပ်ငန်းများအား မြို့နယ်များအလိုက်ဆောင်ရွက်လျက် ရှိပါသည်။

၁၅။    အစိုးရပြည်သူဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း မြို့နယ်များအလိုက် လမ်းလုပ်ငန်း၊ တံတားလုပ်ငန်း၊ ပညာရေးလုပ်ငန်း၊ ကျန်းမာရေးလုပ်ငန်း၊ သောက်သုံးရေရရှိရေး လုပ်ငန်းနှင့် မီးလင်းရေးလုပ်ငန်းများအား မြို့နယ်များအလိုက်ဆောင်ရွက်လျက်ရှိပါသည်။

 

ယဉ်ကျေးမှုနယ်မြေများ

၁၆။    ပြည်ခရိုင်အတွင်း ယဉ်ကျေးမှုနယ်မြေအဖြစ် ပြည်မြို့၊ ၂၀၁၄ခုနှစ်၊ ဇွန်လ (၂၂)ရက်တွင် ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ ကျင်းပခဲ့သည့် (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီ အစည်းအဝေးမှ မြန်မာနိုင်ငံပျူရှေးဟောင်းမြို့(၃)မြို့ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုးနှင့် သရေ ခေတ္တရာမြို့ဟောင်းတို့ကို ကမ္ဘာ့အမွေအနှစ်စာရင်း၀င်အဖြစ် သတ်မှတ်ခဲ့ပါသည်။  ကမ္ဘာ့အမွေအနှစ် စာရင်း၀င်သရေခေတ္တရာမြို့ဟောင်းနယ်မြေသည် အရှေ့လောင်ဂျီတွတ်၉၅ဒီဂရီ ၁၅မိနစ်၊ ၅၀စက္ကန့်နှင့် ၉၅ဒီဂရီ(၂၀)မိနစ်ကြား၊ မြောက်လတ္တီတွဒ် ၁၈ဒီဂရီ ၄၅မိနစ်၅၀စက္ကန့်နှင့် ၁၈ဒီဂရီ၅၀မိနစ်ကြား တည်ရှိပြီး ပြည်မြို့၏အရှေ့တောင်ဘက်တွင် တည်ရှိပါသည်။ မြို့ဟောင်း၏ အရှေ့ဘက်တွင် အရှေ့လက်ခုပ်ပင်အုပ်စု၊ တောင်ဘက်တွင် အနောက်ရွာသစ်အုပ်စု၊ မြောက်ဘက်တွင် နတ္တလင်းအုပ်စု၊ အနောက်ဘက်တွင် ပြည်မြို့တို့ တည်ရှိပါသည်။ ဧရိယာအကျယ် အ၀န်းအားဖြင့် (၁၃၀၂၆)ဧကကျယ်၀န်းပြီး သရေခေတ္တရာမြို့ဟောင်းဇုန်အတွင်းရှိ ရွှေတံခါး ရပ်ကွက်၊ မှော်ဇာကျေးရွာအုပ်စု၊ မှုတ်ရှည်ကျေးရွာအုပ်စု၊ မုဌောကျေးရွာအုပ်စု၊ တွင်းဗြည်းကျေးရွာ အုပ်စုတို့ ပါ၀င်လျှက်ရှိပါသည်။ သရေခေတ္တရာမြို့ဟောင်းဇုန် နယ်မြေအတွင်း၌ ရပ်ကွက်/ကျေးရွာ အုပ်စု(၅) အုပ်စု၊ အိမ်ခြေ(၃၉၀၄)လုံ၊ အိမ်ထောင်စု(၄၀၇၅)စု၊ လူဦးရေ(၁၉၅၈၄)ဦး နေထိုင်လျှက်ရှိပါသည်။ သရေခေတ္တရာမြို့ဟောင်းဇုန်အတွင်း၌ စိုက်ပျိုးမြေ(၈၅၀၅)ဧက၊ မြို့မြေ၊ ရွာမြေ(၄၇၀)ဧက သာသနာမြေ (၁၅၇)ဧကနှင့် အခြားမြေဧက(၃၈၉၄)ဧက စုစုပေါင်း(၁၃၀၂၆) ဧကရှိပါသည်။သရေခေတ္တရာရှေးဟောင်းဇုန်၌ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ၊ ဘုရားဖူး ခရီးသည်များ လေ့လာဖူး မြှော်နိုင်ရန် ဘုရားစေတီပုထိုးများ၊           သာသနိက အဆောက် အဦများ တည်ရှိပြီး သရေခေတ္တရာမြို့ ဟောင်းမြို့ရိုးအတွင်းဘက်ရှိ သာသနိကအဆောက်အဦပေါင်း(၂၀)ဆူ တူးဖော်တွေ့ရှိသည့် ကုန်း(၃၁) ကုန်း၊ မြို့ရိုးအပြင်ဘက်ရှိ သာသနိကအဆောက်အဦ(၁၈)ဆူ တူးဖော်တွေ့ရှိသည့် ကုန်း ( ၂၄ )ကုန်း တို့အား လေ့လာကြည့်ရှုဖူးမြှော်နိုင်ပါသည်။ သရေ ခေတ္တရာမြို့ဟောင်းအတွင်း၌ ဘုန်းတော်ကြီးကျောင်း(၁၂၃)ကျောင်း၊ ဘုန်းတော်ကြီးသင် ကျောင်း(၁၁)ကျောင်း၊ ဗလီ(၁)လုံး ရှိပါသည်။ သရေခေတ္တရာမြို့ဟောင်းဇုန်ရှိ ထူးခြားထင်ရှားသော ဗုဒ္ဓသာသနိကအဆောက်အဦများမှာ ဘောဘော ကြီးစေတီ၊ ဘုရားကြီးစေတီ၊ ဘုရားမာစေတီ၊ ဘဲဘဲကြီး/ဘဲဘဲလေးစေတီ၊ မြင်ဗာဟုစေတီ၊ လေးမျက်နှာဘုရား၊ မသီးကျကုန်း၊ ဘုရားတောင် ဘုရား၊ ရဟန္တာဂူတို့ တည်ထားလျှက် ရှိပါသည်။

ပြည်ခရိုင်ဒေသသမိုင်းအကျဉ်း

၁၇။    ပြည်ခရိုင်ရုံးစိုက်ရာ၊ပြည်မြို့သည်ရှေးခေတ်ပျူလူမျိုးတို့ ပြောင်းရွှေ့ နေထိုင်ခဲ့ရာမြို့တစ်မြို့ ဖြစ်ပါသည်။ ပျူလူမျိုးများနေထိုင်ရာ မြို့အဖြစ် အစွဲပြုကာ ပျူမြို့ဟုခေါ်တွင်ခဲ့ရာမှ နောင်ကြာသော အခါ ပြည်မြို့ဟု အမည်တွင်ခဲ့ပါသည်။သက္ကရာဇ်(၆၀၂)ခုနှစ်တွင်နရသီဟပတေ့မင်း၏ သားတော် သီဟသူမှ ပြည်မြို့ကို သစ်တပ်မြေမြို့ အုတ်မြို့(၃)ထပ်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ၁၈၅၂ခုနှစ်အင်္ဂလိပ်-မြန်မာစစ်အပြီး PROME  အမည်ဖြင့် ပဲခူးတိုင်းတွင်ထည့်သွင်း ဖွဲ့စည်းခဲ့ပါသည်။ ၁၉၇၂ခုနှစ်၊ သြဂုတ်လ(၇)ရက်နေ့ အုပ်ချုပ်ရေးစနစ်သစ်အရ ခရိုင်အဆင့် ဖျက်သိမ်းခဲ့ပြီး ၁၉၈၈ခုနှစ်တွင် ပြည်မြို့နယ်စု၊ ၁၉၉၂ခုနှစ်တွင် ပြည်ခရိုင်ဟုမှည့်ခေါ်ကာ ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ပြည်ခရိုင်အတွင်း ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ ပေါင်းတည်၊ သဲကုန်း၊ ရွှေတောင် မြို့နယ်(၆)မြို့နယ်ဖြင့် ဖွဲ့စည်းထားပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန ၏(၁၇.၆.၂၀၁၃) အမိန့်ကြော်ငြာ စာအမှတ်(၅၀၇/၂၀၁၃)ဖြင့် ပြည်မြို့နယ်၊ ပေါင်းတလည် ကျေးရွာအုပ်စုအား ရပ်ကွက်(၄)ဖြင့် ပေါင်းတလည်မြို့အဖြစ်လည်းကောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန၏ (၂၃.၅.၂၀၁၃) အမိန့်ကြော်ငြာစာအမှတ်(၄၃၇/၂၀၁၃)ဖြင့် ပန်းတောင်း မြို့နယ်၊ ဥရှစ်ပင် ကျေးရွာအုပ်စုအား ရပ်ကွက်(၃)ရပ်ကွက်ဖြင့် ဥရှစ်ပင်မြို့အဖြစ် လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၃.၅.၂၀၁၃) အမိန့်ကြော်ငြာ စာအမှတ်(၄၃၈/၂၀၁၃)ဖြင့် သဲကုန်းမြို့ နယ်၊ ပုတီးကုန်းကျေးရွာအုပ်စုအား ရပ်ကွက်(၂)ရပ်ကွက်၊  ပုတီးကုန်းမြို့ အဖြစ်လည်းကောင်း၊ ပြည်ထဲရေး ၀န်ကြီးဌာန၏ (၂.၂.၂၀၁၆) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၀၁/၂၀၁၆)ဖြင့် သဲကုန်းမြို့နယ် အင်းမအရှေ့ပိုင်း ကျေးရွာအုပ်စုအား ရပ်ကွက်(၅)ရပ်ကွက်ဖြင့် အင်းမမြို့အဖြစ် လည်းကောင်း အဆင့်တိုးမြှင့်သတ်မှတ်ခဲ့ပါသည်။

ခရိုင်အတွင်းမြို့နယ်တစ်ခုချင်းအလိုက်အထင်ကရပွဲတော်များကျင်းပမှုအခြေအနေ

၁၈။    ခရိုင်အတွင်းမြို့နယ် တစ်ခုချင်းအလိုက် အထင်ကရပွဲတော်များ ကျင်းပမှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

          (က)   ပြည်မြို့နယ်

                   (၁)     ပြည်မြို့နယ်အနေဖြင့် ရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်

အားနှစ်စဉ် တန်ဆောင်မုန်းလတွင်ကျင်းပလျှက်ရှိပါသည်။

(၂)     သမိုင်းအကျဉ်းမှာမြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်ကပင် တည်ထား ကိုးကွယ်ခဲ့သော စေတီတော်မြတ်ကြီးဖြစ်ပါသည်။ လေးဆူဓါတ်ပျော် ဟု ခေါ်ရခြင်းမှာ (၁)ကကုသန် မြတ်စွာဘုရား၏ ဒုကုဋ်သင်္ကန်းတော်၊ (၂)ကောဏဂုံ မြတ်စွာဘုရား၏ အံသကိုဋ်တော်၊ (၃)ကဿပမြတ်စွာဘုရား၏ ခါးပန်းတော်နှင့် (၄)ဂေါတမမြတ်စွာဘုရား၏ဆံတော်မြတ်လေးဆူ၊ မွေရှင် တော်မြတ်ရှစ်ဆူ၊ နိသီဒိုင်တော်တို့ကို ဌာပနာ၍ တည်ထားသောကြောင့် ခေါ်ဆိုရခြင်း ဖြစ်ပါသည်။ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး တည်ထားသော တောင်တော်ကို သုဒဿနတောင် တော်ဟု ခေါ်ပါ သည်။မြတ်စွာဘုရားနုစဉ်အခါ ဟင်္သာမင်း၊ ကြက်မင်း၊ ဖွတ်မင်း၊ ယုန်မင်း ဖြစ်စဉ်က   နေထိုင်ခဲ့သော တောင်   တော်      ဖြစ်ပါသည်။      စေတီတော် ဒါယကာများမှာ အဇ္ဇိကနှင့် ဘလ္လိကကုန်သည်ညီနောင်၊ ဧရာပထနဂါးမင်း၊ သမ္ဘုလ္လ ဘီလူးမင်း၊ သိကြားမင်း၊ ဗြဟ္မာမင်းတို့ ဖြစ်ကြပါသည်။ မဟာသက္ကရာဇ် ၁၀၃ခုနှစ် တပေါင်းလဆန်း (၁၃)ရက်နေ့တွင် စတင် တည်ထားရာ ထိုနှစ်တပေါင်းလပြည့်နေ့တွင် ပြီးစီးသည်။ တည်ဦးစက ဉာဏ်တော်၇-တောင်၊ အလျားအနံ၁၄-တောင်ရှိ၍ စပါးစုသဏ္ဍာန် မြေစိုက် စေတီတော် ဖြစ်ပါသည်။သာသနာနှစ် ၁၂၆-ခုနှစ် သရေခေတ္တရာပြည်ကို တည်ထောင်စိုးစံသော ဒွတ္တပေါင်မင်းကြီးသည် ဘ၀ဟောင်းက အဇ္ဇိကနှင့် ဘလ္လိကကုန်သည် ညီနောင် ဖြစ်ခဲ့ကြသော သားတော်ရဟန္တာ ၂-ပါးက ရှာဖွေပေးသဖြင့် စေတီတော်ကို ဖူးတွေ့ရသောအခါ လွန်စွာကြည်ညို ခြင်းဖြစ်ပြီး စေတီတော်ကို ယခုဖူးတွေ့ရသည်ပုံသဏ္ဍာန်အတိုင်း ပြုပြင်တည် ထားခဲ့ပါသည်။ မြန်မာမင်းအဆက်ဆက်တို့သည် စေတီတော်ကို ကိုးကွယ်ကြပြီး ပြုပြင်ရန်လိုအပ်သည်တို့ကို ပြုပြင်ခဲ့ကြပါသည်။ သက္ကရာဇ် ၄၄၅ခုနှစ် (အေဒီ-၁၀၈၃ခုနှစ်)တွင် ပုဂံပြည့်ရှင် ကျန်စစ်သားမင်းသည် ဤစေတီတော်ကြီးကို ဖူးမြှော်ပြီး မိမိ၏ဘ၀ဖြစ်စဉ်နှင့် စေတီတော်ကြီး သမိုင်းအကျဉ်းကို မွန်ဘာသာဖြင့် ကျောက်စာထိုး၍ စေတီတော်ကြီး၏ အလယ်ပစ္စယံ တနင်္ဂနွေဒေါင့်တွင် စိုက်ထူခဲ့ပါသည်။ ထိုကျောက်စာကို ယဉ်ကျေးမှု၀န်ကြီးဌာနက ကျောက်စာတိုက်ဆောက်လုပ်၍ ထိန်းသိမ်းထား ပါသည်။ အင်း၀ခေတ်တွင် မြန်မာ့သမိုင်း၌အရေးပါသော ဖြစ်ရပ်(၁)ခုသည် လေးဆူဓါတ်ပျော် ရွှေဆံတော်ရင်ပြင်တော်ပေါ်၌ ဖြစ်ပေါ်ခဲ့ပါသည်။ ထိုဖြစ်ရပ်မှာ အခြားမဟုတ်အင်း၀ဘုရင်မင်းခေါင်နှင့် မွန်ဘုရင်ရာဇာဓိရာဇ်တို့ သည် သက္ကရာဇ် ၇၆၇ခုနှစ်တွင် စေတီတော်ကြီးရင်ပြင်တော်ပေါ်၀ယ် သစ္စာပြု ၍ ငြိမ်းချမ်းရေးရယူခဲ့ကြခြင်းဖြစ်သည်။ သက္ကရာဇ် ၁၁၁၆ခုနှစ် တပိုတွဲလ ပြည့်ကျော် (၁၂)ရက်နေ့တွင် အလောင်းမင်းတရားကြီးသည် ပြည်မြို့ကို မွန်တို့လက်၀ယ်မှ အောင်မြင်စွာသိမ်းပိုက်ခဲ့ပါသည်။ အလောင်းမင်း တရားကြီးသည် ထိုနေ့ညနေ၌ပင် စေတီတော်မြတ် ရင်ပြင်တော်ပေါ်သို့ တက် ရောက်ပြီးစေတီတော်ကြီးကို ဖူးမြှော်ရာတွင် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ မိမိကုသိုလ်တော်ရွှေထီတော်တင်လှူလိုသောဆန္ဒဖြစ်ပေါ်လာခဲ့ရာ သက္ကရာဇ် ၁၁၁၆ခုနှစ် တပေါင်းလပြည့်နေ့တွင် ယခင်မွန်ဘုရင်တို့ တင်လှူခဲ့သော ထီးတော်ကို မဖယ်ရှားဘဲ မြန်မာထီးတော်ကို ဆင့်၍ တင်လှူခဲ့ပါသည်။ ထို့ကြောင့် လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် ထီးတော် (၂)ဆင့်ရှိနေခြင်း ဖြစ်ပါသည်။ ဤသို့ ထီးတော်(၂)စင်းရှိနေခြင်းသည် ရွှေဆံတော်စေတီမြတ်ကြီး၏ထူးခြားချက်ပင်ဖြစ်ပါသည်။ ထိုထီးတော် (၂)စင်းကို ပုံစံပြု၍ ပြည်မြို့၀န်းကျင်နှင့် အနီးအပါးမြို့နယ်များတွင် စေတီပုထိုးများ တည်ထားကိုးကွယ်ကြရာတွင် ထီးတော်(၂)ဆင့် ပြုလုပ်၍ တင်လှူပူဇော်သောအစဉ်အလာ ဖြစ်ပေါ်ခဲ့ ပါသည်။ သက္ကရာဇ် ၁၂၂၀ခုနှစ်     ( ခရစ်နှစ်-၁၈၅၈)ခုနှစ် ဝါခေါင်လပြည့်ညနေ(၃)နာရီအချိန်တွင် ပြည်မြို့ ၌ ပြင်းထန်သော မြေငလျင်လှုပ်မှုဖြစ်ခဲ့ရာ လေးဆူဓါတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီးသည် ခေါင်းလောင်းမှောက်အထိ ပြိုကျပျက်စီးခဲ့ပါသည်။ ပြည်မြို့ ကုန်သည်ကြီး ဦးသာရွဲဦးဆောင်သော အဖွဲ့သည် ရတနာပုံ နေပြည်တော်မင်းတုန်းမင်းတရားကြီးထံသို့ သွားရောက်၍ အကျိုးအကြောင်း တင်ပြလျှောက်ထားရာ မင်းတုန်းမင်းတရားကြီးက ပြင်ဆင်ခွင့် စာချွန် တော်နှင့် အလှူတော်ငွေကျပ် ၂၀၀၀၀ (ကျပ်နှစ်သောင်း) ထည့်၀င် လှူဒါန်းခဲ့သဖြင့် ရဟန်းရှင်လူပြည်သူအများ၏ ထည့်၀င်ငွေများ နှင့် စုပေါင်းကာလေးဆူဓါတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီးကို ပြန်လည် ပြုပြင် ခဲ့သည်။ ခေတ်အဆက်ဆက်တွင် ရဟန်းရှင်လူ ပြည်သူအများတို့သည် ရွှေဆံတော်စေတီတော်မြတ်ကြီး အရှည်တည်တံ့အောင် ပြုပြင်ရန် လိုအပ်သည့် အခါတိုင်း သဒ္ဒါထက်စွာ ပြုပြင်မွမ်းမံခဲ့ကြသည်။မြန်မာသက္ကရာဇ် ၁၃၆၃ခုနှစ် တန်ခူးလဆန်း(၁)ရက်(၁၃.၄.၂၀၀၂)စနေနေ့ညနေ(၄ :၁၅)နာရီ အချိန်တွင် စနေဒေါင့်မှ ရုတ်တရက်လေပြင်းတိုက်ခတ်ရာ ရွှေဆံတော်စေတီတော်မြတ် ကြီး၏ ထီးတော်ယိုယွင်းပျက်စီးသွားခဲ့ပါသည်။ ရဟန်ရှင်လူပြည်သူ အများတို့သည် ၁၃၆၄ခုနှစ် သီတင်းကျွတ် လပြည့်နေ့(၂၁.၁၀.၂၀၀၂) တနင်္လာနေ့တွင် ရွှေစင်ရွှေသားအတိပြီးသော ရွှေထီးတော်၊ ငှက်မြတ်နား တော်၊ စိန်ဖူးတော်တို့ကို အသစ်တဖန် ပြည်လည်တင်လှူပူဇော်ခဲ့ကြပါသည်။

ကောဇာသက္ကရာဇ် ၁၂၆၁ ခုနှစ်တွင်  ပြည်မြို့၊ ပွင့်လှသိမ်ကုန်းကျောင်းတိုက် ပထမတိုက်တည် ဦးနာရဒဆရာတော်ဘုရားကြီးသည် သံဃာအဖွဲ့၀င်များနှင့် ဆရာကြီးဦးလူဘေအမှူးပြုသည့် တပည့် ဒါယကာ၊ ဒါယိကာမများ လိုက်ပါလျှက် သီဟိုဠ်ကျွန်း(သီရိလင်္ကာ)ကန္ဒီမြို့၌ ဂေါတမမြတ်စွာဘုရား၏ လက်ဝဲအောက်စွယ်တော်မြတ်ကို ဖူးမြှော်ကန်တော့ရသဖြင့် လွန်စွာသဒ္ဒါ ကြည်ညိုတော်မူရပြီး ဖူးမြှော်စေလိုသဖြင့် သီဟိုဠ်ကျွန်းဆရာတော်ကြီး ဦးနာရဒနှင့် ဆရာကြီးဦးလူဘေတို့က စွယ်တော်အစစ်နှင့် သဏ္ဍာန်အဆင့် မယွင်းတူမျှသော စွယ်တော်ပွားတစ်ဆူကို ပြည်မြို့သို့ ပင့်ဆောင်နိုင်ရေး အတွက် စီမံဆောင်ရွက်ပေးပါရန် ခွင့်တောင်းလျှောက်ထားတောင်းပန်မှုအရ သီဟိုဠ်ကျွန်းဘုန်းတော်ကြီး ဦးပတိဿကိုယ်တိုင် ကြီးကြပ် စီမံတော်မူပြီး နောက် စွယ်တော်ပွား အတွင်း၌ မြတ်စွာဘုရား၏ဓါတ်တော်စစ်ကိုးဆူတို့ကို ဌာပနာကာ မြတ်စွာဘုရား၏ စွယ်တော်ဓါတ်မြတ်အစစ်နှင့် ရက်ပေါင်း(၄၀) တိတိ အတူတကွ ကိန်း၀ပ်စံနေတော်မူပြီး စွယ်တော်ပွား အား ရွှေကြုပ်၊ ငွေကြုပ်၊ စန္ဒကူကြုပ်တို့အတွင်း ထည့်သွင်းလျှက် ကန္ဒီမြို့မှ ပြည်မြို့သို့ ရန်ကုန်မြို့မှတဆင့် ပေးပို့လိုက်ရာ ယင်းမှတဆင့် ပြည်မြို့ ရွှေဆံတော် ရင်ပြင်တော်ပေါ်ရှိ စေတီယင်္ဂဏ အသင်းသို့ အကြောင်းကြားချက်အရ အသင်းဉက္ကဌ အစိုးရရှေ့နေကြီး ဦးလှဘူး၊ အကျိုးတော်ဆောင် ဆရာကြီး ဦးလူပေနှင့်တကွ စေတီယင်္ဂဏအသင်းသူ အသင်းသားအပေါင်းတို့အနေနှင် ၀မ်းမြောက်၀မ်းသာစွာဖြင့် စွယ်တော်ပွား ဓါတ်မြတ်ကို ရန်ကုန်မြို့မှ ပြည်မြို့သို့ အထူးမီးရထားဖြင့် ခမ်းနားကြီးကျယ်စွာ ပင့်ဆောင်လာခဲ့ရာ ၁၂၆၁ခုနှစ် တန်ဆောင်မုန်းလဆန်း(၁၁)ရက်နေ့ ညနေ(၅)နာရီ တိတိ အချိန်တွင် ခေတ္တရာမည် မြို့ရွှေပြည်သို့ ရောက်ရှိ၍ ကိန်း၀ပ်စံပယ်တော်မူခဲ့ရာ (၁၁၇)နှစ်မြောက်ခဲ့ပြီဖြစ်ပါသည်။ ဗုဒ္ဓဘာသာ၀င် သူတော်စင် အပေါင်းတို့ နှစ်ထောင်းအားရစွာ ဖူးမြှော်ကန်တော့ပူဇော်နိုင်ရန် နှစ်စဉ် တန်ဆောင် မုန်းလဆန်း(၁၁)နေ့တွင် ဗုဒ္ဓမြတ်စွယ်တော်ကို ပတ္တမြားစေတီ အတွင်းရှိ ရွှေကြုပ်မှဖွင့်လှစ်ကာစိန်စေတီတော်ပေါ်သို့ ပင့်ဆောင်ပြီးလျှင် မြတ်စွယ်တော် တိုက်၌ ကိန်း၀ပ်စံပယ်တော်မူပြီး မြတ်စွယ်တော်ဂန္ဓာကုဋီတိုက်၌ အပူဇော်ခံ ပါသည်။

        (ခ)    ပေါက်ခေါင်းမြို့နယ်

                (၁)     ပေါက်ခေါင်းမြို့နယ်တွင် အထင်ကရ ပွဲတော်အား အမှတ်(၃) ရပ်ကွက်ရှိ

                             လေးမျက်နှာ စေတီတော်   ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် ပြာသိုလတွင်ကျင်းပ

လျှက်ရှိပါသည်။အပူဇော်ခံပွဲကိုပြာသိုလပြည့်နေ့မှစ၍(၇)ရက်တိုင်တိုင်ကျင်းပလေ့ ရှိပါသည်။

(၂)     သမိုင်းအကျဉ်းမှာသာဿနာသက္ကရာဇ် (၁၀၁)ခုနှစ်တွင် ဒွတ္တပေါင် မင်းကြီး သည် တိုင်းပြည်အုပ်ချုပ်တော်မူရေးနှင့် သာဿနာရေး အဝဝတို့အတွက် ကာသင်္ကာမြို့နယ်ကြီး၊ ရွှေလေးမြို့နယ်ကြီး၊   ဒုရင်္ဂဗိုလ် မြို့နယ်ကြီး၊ မဟာ သမိုင်း မြို့နယ်ကြီးတို့ကို ဖွဲ့စည်းတည်ထောင်ပြီး အုပ်ချုပ်လျှက်ရှိသောအခါ ဒွတ္တပေါင်မင်းကြီး၏ သားတော်အိမ်ရှေ့မင်းသားသည် အခြံအရံများနှင့်အတူ တောစခန်းထွက်ခဲ့ရာ ယခု သီရိခေတ္တရာမြို့၏ အရှေ့မြောက်ဘက်(၂ ) ယူဇနာကွာဝေးသောတောတွင်းသို့ရောက်ရှိစဉ် အင်းမတိုက်နယ်မှ တောလိုက် မုဆိုးများသည် စိုင်ဖြူကြီးတစ်ကောင်အား တွေ့၍လေးဖြင့် ပစ်ရန် လိုက်လာကြစဉ် စိုင်ဖြူကြီးသည်စိုင်ပစ်အင်းရွာနီးရှိအင်းကွက်အတွင်းဆင်း၍ ရေသောက်ချိန်တွင် မုဆိုးများပစ်လိုက်သော အဆိပ်လူးမြှားထိပြီး နာကြင် ကြောက်လန့်၍ပြေးလာခဲ့ရာမှ ယခုလေးမျက်နှာစေတီတော် တည်ထားသည့် သာယာသောကုန်းထိပ်ပေါ်အရောက်တွင် ခဏရပ်တန့်၍ ဟိုဒီလှည့်လည်ကာ ရန်သူရှိမရှိကြည့်ပြီး မြောက်အရပ်သို့ ထွက်ပြေးသွားခဲ့ပါသည်။       ထိုအချင်း

အရာကို မြင်တွေ့ရသော ဒွတ္တပေါင်မင်းကြီး၏ သားတော်အိမ်ရှေ့မင်းသား သည် မမြင်စဖူး ထူးဆန်းသော စိုင်ဖြူကြီး ရပ်နေသည်ကိုမြင်ရသဖြင့် စိတ်တွင်ကြည်နူးနှစ်သက်မှုပီတိဖြစ်ပေါ်လာ၍ ဘုရားရှင်၏ ဂုဏ်တော်များ သည် စိတ်အစဉ်တွင်ထင်မြင်လာသဖြင့် စိုင်ဖြူကြီးရပ်သော တောင်ကုန်း ထိပ်၌ ဉာဏ်တော်လေးတောင်ရှိသောစေတီငယ်တစ်ဆူကို တည်ထားခဲ့ ပါသည်။ နောင်ကာလအတန်ကြာသောအခါ ဒွတ္တပေါင်မင်း     ကြီး၏ ပိင်္ဂလ အမည်ရှိ စစ်သူကြီးသည် သရေခေတ္တရာမြို့၏ အရှေ့မြောက်ဘက်သို့ လှည့်လည်လာရာ ( ၂ ) ယူဇနာခန့် ဝေးကွာသော တောတောင်အတွင်းရှိ ယခုစမ်းကလေးကျေးရွာအနီး ဒေါင့်ကြီးကုန်းဟု ခေါ်သော ပြန့်ပြူးသည့် နေရာကိုရှင်းလင်း၍ ပိင်္ဂလမြို့နယ်ကိုတည်ထောင်ပြီးပိင်္ဂမြို့၏ အနောက် ဘက်ရှိ စိုင်ဖြူကြီးရပ်တော်မူခဲ့ရာ တောင်ကုန်းထိပ်ရှိ ဉာဏ်တော်လေးတောင် ရှိသော စေတီတော်အား ကာလရှည်တည်တံ့စေရန် အပေါ်မှငုံ၍ လေးဘက် မုခ်ပေါက်ထားကာ လှိုင်ဂူစေတီ တည်ထားခဲ့ပြီး လှိုင်ဂူအတွင်း အလည်ဗဟို၍ ကကုသန္ဒ၊ ကောဏာဂမန၊ ကသဖ၊ ဂေါတမ ဘုရားရှင်လေးဆူ၏ ကိုယ်တော်စားရုပ်ပွားတော် ဆင်းတုလေးဆူ ကျောချင်းကပ်လျက် တည်ထား ခဲ့ပါသည်။  ထိုမှတဆင့် ခေတ်ကာလ အတန်ကြာလာ     ပြီးနောက်ပိုင်း   တွင်

ပေါက်ခေါင်းမြို့ ၊ ကျောက်စရစ်ကုန်းကျောင်းဆရာတော် ဦးမုနိန္ဒနှင့်မြို့အုပ် ကြီးဦးထွန်းခိုင်တို့ကြီးမှူးသော မြို့သူမြို့သား ဒါယကာ ဒါယိကာမများသည် ဟောင်းနွမ်းပြိုပျက်နေသောလေးမျက်နှာ လိုဏ်ဂူစေတီတော်ကို အသစ်ပြုပြင် တည်ထားလိုကြသဖြင့် သာသနာတော်နှစ်၂၄၅၁ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၂၆၉ ခုနှစ်၊တပေါင်းလဆန်း ( ၁၅ ) ရက်၊ တနင်္လာနေ့တွင် လေးမျက်နှာ လိုဏ်ဂူစေတီတော်၏ ပတ်ဝန်းကျင် ကုန်းတော်မြေပြင်ကို သန့်စင်ညီညာ အောင်မြေညှိပြုပြင်၍ သံဃာတော်များပင့်ဖိတ်ပြီးပရိတ်ရွတ် ကမ္မဝါဖတ်လျက် ကုန်းတော်မြေပြင်တူရူအရပ်လေးမျက်နှာ၌ သောမဂြိုလ်ပွား အမျိုးသား လေးယောက်စီထား၍ လက်အုပ်ချီကာရွှေအုပ်လေးချပ်စီ၊ ငွေအုပ်လေးချပ်စီ အုတ်မြစ်စတင်စီပြီး နံလျား(၄၅)တောင်သတ်မှတ်၍ဘိနပ်တော်ခင်းပြီး အမြင့် (၆၃)တောင် တည်ထားခဲ့ကြပါသည်။

(ဂ)     ပန်းတောင်းမြို့နယ်

                (၁)     ပန်းတောင်းမြို့နယ်တွင်အထင်ကရ ပွဲတော်ကျင်းပမှုအခြေအနေမှာ အောက်ပါ

အတိုင်းဖြစ်ပါသည်-

စဉ် ကျင်းပသည့်ပွဲတော်နယ်အတွင်းကျင်းပပြုလုပ်သည့်ပွဲတော်များနှင့် ကျင်းပသည့်အချိန်တို့မှာအောက်ပါအတိုင်းဖြစ်ပါသည်- ကျင်းပသည့်အချိန် မှတ်ချက်
ပေါ်တော်မူ(နေရာဦး)

ဘုရားပွဲတော်

တော်သလင်းလပြည့်ကျော်(၈)ရက်မှ(၁၅)ရက်ထိ ဝန်လိုရပ်ကွက်
ပေါ်တော်မူ(ရှင်ဖြူ)

ဘုရားပွဲတော်

ပြာသိုလဆန်း(၈)ရက်မှ(၁၅)ရက်ထိ ဝန်လိုရပ်ကွက်
ငါးမျက်နှာစေတီတော်

ဘုရားပွဲတော်

တပို့တွဲလဆန်း(၈)ရက်မှ(၁၅)ရက်ထိ ငါးမျက်နှာရွာ
မဟာအတုလအနန္တမုနိ

ဘုရားပွဲတော်

တပို့တွဲလဆန်း(၈)ရက်မှ(၁၅)ရက်ထိ ထုံးဘိုရွာ
ရွှေဘုံသာမုနိစေတီ

ဘုရားပွဲတော်

တပေါင်းလဆန်း(၁၃)ရက်မှလပြည့်ကျော်(၁)ရက်ထိ ရွှေဘုံသာရွာ

(၂)     ပေါ်တော်မူ(နေရာဦး)မြတ်စွာဘုရားကြီး၏သမိုင်းမှာခရစ်နှစ် ၁၈၇၄ခုနှစ်၊ ကောဇာသက္ကရာဇ်-၁၂၃၆ခုနှစ်၊ တော်သလင်းလကွယ်နေ့သည် ပန်းတောင်း မြို့သူမြို့သား အားလုံးအတွက် ဘာသာသာသနာနှင့် ပတ်သက်၍ ထူးခြား မွန်မြတ် သောမင်္ဂလာနေ့ဖြစ်ပါသည်။ ပန်းတောင်းမြို့၊တပ်ကုန်းရပ်၊ ဧရာဝတီ မြစ်ကမ်းဘေးရှိ ရွှေဂူစေတီအနီးဆော့ကစားနေကြသော နွားကျောင်း သား မောင်လှဘူးနှင့် ုံးအတွက် ဘာသာသာသနာနှင့်ပတ်မောင်စံမြ တို့သည်မိုးရွာလာသဖြင့်  ရွှေဂူစေတီ အတွင်းမိုးခို ရန်ဝင်ရောက်ခဲ့ကြသည်။ထိုအချိန်တွင် ရွှေဂူစေတီမြေကမ္ဗလာအတွင်း  မှ ယိမ်းယိုင်လှုပ်ရှားကာပေါ်ထွက်လာသောရုပ်ပွားတော်မြတ်၏ဦးခေါင်းတော်ကိုဖူးမြင်ကြရလေသည်။

ထိုကလေးနှစ်ယောက်၏ ပြောကြားမှုကြောင့်  မြို့သူမြို့သားများ အုတ်အုတ် ကျက်ကျက်  အံ့ချီးဘနန်းလာရောက်ကြည့်ရှုကြရာ ရုပ်ပွားတော်မြတ်သည် မြေလွှာ  အတွင်းမှတဖြေးဖြေးအပေါ်သို့ ဓမ္မခဏ်ထိ ပေါ်ထွက်လာသည်ကို ဖူးတွေ့ ကြရသည်။ ထို့နောက်ပန်းတောင်းမြို့၊သူရဲဇီးရွာမှဂိုဏ်းထောက်ဆရာ ကြီးဦးအရိန္ဒမ၏ သစ္စာအဓိဌာန်ဖြင့် ပင့်ဆောင်မှုကြောင့်ပလ္လင်တော် အထိမြေပေါ်သို့လွတ်လပ်စွာပေါ်ထွန်းလာခဲ့ပါသည်။ ပေါ်ထွန်းချိန် ကား ကောဇာက္ကရာဇ် ၁၂၃၆ ခုတော်သလင်းလကွယ်နေ့ညနေ(၅)နာရီ အချိန် ဖြစ်ပါသည်။ မြေကမ္ဗလာအတွင်းမှ ပေါ်ထွန်းလာ  သဖြင့်“ ပေါ်တော်မူ “ မြတ်စွာဘုရားဟုသမုတ်ခေါ်ဝေါ်ကိုးကွယ်ခဲ့ကြသည်။ ပေါ်တော်မူ မြတ်စွာ ဘုရားသည်ရွှေဂူစေတီနှင့်ဂန္ဓကုဋီတိုက်တော်တွင်၅၂-နှစ်တိုင်ကိန်းဝပ် စံပ္ပါယ် ခဲ့ပြီး ဧရာဝတီမြစ်ရေတိုက်စားမည့်ဘေး၊ ရေကြီးနစ်မြုပ်မည့် ဘေးတို့ကြောင့် ခရစ်နှစ်၁၉၂၆ခု၊ကောဇာသက္ကရာဇ် ၁၂၈၈ခုနှစ်၊ ပြာသိုလဆန်း ၁၅ ရက်နေ့တွင်ပန်းတောင်းမြို့၊ ဝန်လိုရပ် ရှိသီရိမင်္ဂလာကုန်းတော်မြတ်သို့ ပြောင်းရွှေ့သီတင်းသုံးပူဇော်ကိုးကွယ် ခဲ့ကြပါသည်။ မူလသီတင်း သုံးရာတပ်ကုန်းရပ်နှင့် ပြည်သူအများ ကိုယ်စား ကိုယ်ပွား ကိုးကွယ် ပူဇော်နိုင်ရန် ဆရာကြီး ဦးမှဲ့ဘူး ဦးဆောင်သော ဂေါပကအဖွဲ့ လူကြီး မင်းများကမန္တလေးမြို့မှ ကျောက်ဆစ်ဆရာအဖွဲ့အားခေါ်ယူကာ ရုပ်ပွားတော် တစ်ဆူထုဆစ်ပူဇော်ကိုး ကွယ်ခဲ့ကြသည်။ မူလပေါ်ထွန်းပေါ် တော်မူရာ နေရာတွင်တည်ထား ကိုးကွယ်ခဲ့ကြသဖြင့် “ ပေါ်တော်မူနေရာဦး “ ဘုရားဟု သမုတ်ခေါ်ဝေါ်ပူဇော်ခဲ့ကြသည်။ ခရစ်နှစ် ၁၉၇၈ခု၊ကောဇာသက္ကရာဇ် ၁၃၄၀ခု တွင်ဧရာဝတီမြစ်ရေ တိုက်စားပြီးကမ်းပြိုသည့် ဒဏ်စတင်ခံ ခဲ့ရပြီး၊ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြသော်လည်းတားဆီးမရနိုင်ခဲ့သဖြင့် ပန်းတောင်းမြို့မင်းရပ်  သဒ္ဓမ္မဝံသပေါင်းတည်ကျောင်းတိုက် ဆရာ တော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဉာဏုတ္တရ ဦးဆောင်သော ဆရာတော်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ရပ်သူရွာသားများစုပေါင်းပြီး ပန်းတောင်း-တောင်ကုတ်လမ်းဘေး ယခုတည်နေရာသို့ ၁၃၄၃ခုနှစ်၊ တန်ဆောင်မုန်း လဆုပ်(၁၁)ရက်နေ့တွင် ပြောင်းရွှေ့ခဲ့ရသည်။ ကောဇာ သက္ကရာဇ် ၁၃၅၅ခုနှစ်၊တပေါင်းလဆန်း(၁၁)ရက်နေ့တွင်ဧရာဝတီမြစ်ရေတိုက်စားကမ်း ပြိုမှုကြောင့် ရွှေဂူစေတီနှင့် ဂန္တကုဋီတိုက်တို့   ပြိုကျမြေခပျက်ဆီးခဲ့ရသည်။

(၃)     ပေါ်တော်မူ        ( ရှင်ဖြူ )         မြတ်စွာဘုရားကြီး   သမိုင်း   အကျဉ်းမှာ

သာသနာသက္ကရာဇ် ၁၆၃၆ခုနှစ်၊ ကောဇာသက္ကရာဇ် ၄၅၄ခုနှစ်၌ အရိမဒ္ဒနပုဂံပြည်တွင်အလောင်းစည်သူမင်းဖြစ်တော်မူ၏။ သမုဒ္ဒရာ အရပ်သို့ ရှုကြည့်ရန် ရေအားကြည်းအားစုန်တော်မူရာ ပုသိမ်မြို့တွင် ကွန်းထောက်၍ ရေလမ်းဖြင့် သိန်းဃိုကျွန်းနှင့်ဇမ္ဗုသပြေပင်သို့ ရောက်လေလျှင် ဘုရားရှင်တို့ နေရာကျောက်ဖျာကို တွေ့ရှိကြည်ညိုတော်မူစဉ် သာသနာပြုမင်း ဖြစ်သည်နှင့် လျှော်စွာ သိကြားမင်းသည် ဘိသိတ်သွန်းလောင်းပြီး ကျောက်ဖျာ သက္ကဒါန်ဦးကို(ရှင်ဖြူ)ဘွဲ့တော်ဖြင့် ဘုရားရုပ်ထု တော်တစ်ဆူနှင့် သပြေပင် လက်ျာတောင်ကိုင်းကို(ရှင်လှ) ဘွဲ့တော်ဖြင့် တစ်ဆူပြုလုပ်ပေးအပ်လေသည်။ အလောင်းစည်သူမင်းကြီးသည် နေပြည်တော်ကို သင်္ကနက် လှေဖောင် တော်တွင်(ရှင်ဖြူ) (ရှင်လှ)ဘုရားနှစ်ဆူကို တင်ဆောင်၍ပြန်ခဲ့၏။ ခရီး လမ်းဝယ် ဗလဝါမုက္ခဝဲသို့ရောက်၍ လှေဖောင်တော်တုန်လှုပ်ပြီး(ရှင်ဖြူ) ဘုရားစင်၍ ရေ၌ကျလေရာ ဟင်္သာနှစ်ခုအတောင်ယှက်ခံလျှက် သီတင်း သုံးတော်မူ ၍ “ အလောင်းစည်သူငါ့ကိုယူလော့” ဟူ၍မိန့်ဆိုသဖြင့်ပင့်ယူလေ သည်။ သာသနာ ၁၆၅၉ ခုနှစ်၊ ကောဇာ ၄၇၇ ခုနှစ်သို့ရောက်သော် နန်းတော်တွင်ထား၍ကိုးကွယ်သည်ထက်ခပ်သိမ်းသူတို့၏စီးပွားအလို့ ငှာ မြတ်ဘုရားနှစ်ဆူကိုဖောင်တော်ထက်တင်၍“ကိန်းဝပ်တော်မူလို သောအရပ်၌ နှုတ်တော်မြွက်သည်ဖြစ်စေသော” ဟူ၍ဓိဌာန်လျှက်ဆန်တော်မူလေရာ စစ်ကိုင်း၊ချောက်မသို့ရောက်သော်“ အမြဲနေပင် ဤ ချောက်တွင်” ဟူ၍ မြွက်တော်မူသဖြင့် ထိုအရပ်တွင်ဂူတည်၍ကိုးကွယ် လေသည်။ စစ်ကိုင်းမြို့ တွင် အလောင်းစည်သူမင်းလက်ထက်တွင် ၄၇၇ခုနှစ်စ၍ ဟံသာဝတီ ရောက်မင်း (မဟာဓမ္မရာဇာဓိပတိ) လက်ရားနှစ်ဆူကိုဖောင်တော်ထက်တင်၍ “ကောဇာ ၄၇၇ ခုနှစ်သို့ရောက်သော် နန်းတော်တွင်ထား၍ကိုးကွယ်သည်ထက်ခပ်သိမ်းသူတို့၏စီထက် ၁၀၉၈ခုနှစ်တိုင်အောင် နှစ်ပေါင်း ခြောက်ရာ ကျော် စံပယ် တော်မူခဲ့ လေသည်။ ထိုမင်းလက်ထက်၌ (ရှင်လှ)ဘုရား ကွယ် လေ သည်ဟု ရာဇဝင်တို့၌ဆို၏။ ထို့ပြင် တလိုင်းတို့ တိုက်ခိုက် သော ကြောင့် အင်းဝပျက်ဆီး၍ မဏိပူရ ကသည်းတို့သည်လည်း စစ်ကိုင်းတိုင်အောင် ဆင်းသက်ဖျက်ဆီးကြကာ (ရှင်ဖြူ)ဘုရားကို ပင့်ဆောင် သွားလေသည်။ ကောဇာသက္ကရာဇ်၁၁၁၄ခုနှစ်၌ မြန်မာ့ကျက်သရေဆောင် ဦးအောင်ဇေယျ(အလောင်းမင်းတရား) နန်းတက်တော်မူ၍ ၁၁၁၅ ခုနှစ်တွင် ရတနာသိင်္ခ ကုန်းဘောင်မြို့တည်တော်မူလျှက် ရာမညတိုင်းမွန်သုံးရပ်နှင့် ကမ္ဗောဇရှမ်းနယ်များ သိမ်းပိုက်ပြီးလျှင် မဏိပူရကသည်းပြည်ကို အောင်မြင် လေသော်(ရှင်ဖြူ)မြတ်ဘုရားကို ပြန်လည်ပင့်ဆောင်ခဲ့၍ နန်းတော်ဦး၌ ကိုးကွယ်၏။ သက္ကရာဇ် ၁၁၂၂ ခုနှစ်တွင် အလောင်းမင်းတရားကြီး နတ်ရွာစံသဖြင့် နန်းတက်သော သားတော်ကြီး နောင်တော်မင်းသည် လည်းကောင်း၊ ၁၁၂၅ ခုနှစ်တွင် ဆက်လက်နန်းတက်သော ဒုတိယ သားတော် ဆင်ဖြူရှင်မင်း (သီရိ သုဓမ္မမဟာရာဇာ ဇနိန္ဒာဓိပတိ) သည် လည်းကောင်း၊ ရတနာသိင်္ခ ကုန်းဘောင်နန်းဦး၌ (ရှင်ဖြူ) မြတ်ဘုရားကို ကိုးကွယ်ခဲ့ကြလေသည်။ သက္ကရာဇ် ၁၁၂၆ ခုနှစ်တွင် ဆင်ဖြူရှင်မင်း ကိုယ်တိုင် ကသည်းပြည်သို့ ကြွချီငြိမ်ဝပ်စေပြီး နောက်  အင်းဝနေပြည်တော် ကို  ပြန်လည်တည်ထောင်တော်မူ၍ ရတနာသိင်္ခကုန်းဘောင်မှ ပြောင်းရွှေ့ စံမြန်းလာရာ (ရှင်ဖြူ)နန်းဦးဘုရားကို ပင့်ဆောင်ခဲ့လေသည်။ ပန်းတောင်းမြို့ သူရဲဇီး(တလည်းစီးရပ်)မှ ဗိုလ်ဦးငြိမ်းသည် မဏိပူရကသည်းပြည် စစ် ချီစဉ်မှ အင်းဝတည်ထောင်စံမြန်းသည်အထိ အမှုထမ်း ဖြစ်ခဲ့ပေသည်။ ဆင်ဖြူရှင်မင်း သည် ရတနာပူရအင်းဝကို ပြန်လည်တည်ထောင်ပြီးသော် အမှုထမ်းကောင်း သူတို့အားလိုရာဆုကိုတောင်းခံစေရာ ဗိုလ်ဦးငြိမ်းသည် (ရှင်ဖြူ) မြတ်ဘုရား ကိုတောင်းခံသဖြင့် တစ်ဦးတည်း ပင့်ဆောင်နိုင်ပါက ခွင့်ပေးတော်မူ လေသောကြောင့် အဓိဌာန်ပြု၍ ပင့်ဆောင်ခြင်းဖြင့် သူရဲဇီးသို့ ရောက်ခဲ့ လေသည်။ သက္ကရာဇ် ၁၁၄၆ခုနှစ် တန် ဆောင်မုန်းလဆန်း(၄)ရက် စနေနေ့ အမရပူရ နေပြည် တော် မှ ဘိုးတော်မင်းတရားကြီး အမိန့်ဖြင့် ရခိုင်ပြည် သို့ ချီလာသောသားတော်အိမ်ရှေ့ဥပရာဇာ(သီဟသူရ) သည် ပန်းတောင်း- တောင်ကုတ်လမ်း  (ဥယျာဉ်ပုလမ်းကြောင်း)  ဖြင့် ကြွရောက်စဉ် ခေတ္တ ကွန်းထောက်ရာယာယီနန်း၌ (ရှင်ဖြူ)ဘုရားကို ပင့်ဆောင်ကိုးကွယ်ခဲ့ သ ဖြင့် ပန်းတောင်း တပ်ကုန်းရပ်သို့ ဒေသစာရီကြွချီခဲ့ရပါသည်။  ဘိုးတော်မင်း တရားလက်ထက်၌ပင် ပန်းတောင်း ယာယီနန်းအနီးတွင် ရွှေဂူစေတီတည် ထားသဖြင့် (ရှင်ဖြူ)ဘုရားသည် ရွှေဂူသို့ ပင့်ယူရောက်ရှိခဲ့ပါသည်။ သက္ကရာဇ် ၁၁၈၆ခုနှစ်တွင် ဘကြီး တော်မင်း လက်ထက်၌ မြန်မာ-အင်္ဂလိပ်ပထမ စစ်ပွဲဖြစ်လေရာ ဧရာဝတီမြစ် တလျှောက် အင်္ဂလိပ်တပ်များ ရန်ကြောင့် ပန်းတောင်းမြို့သူမြို့သား တို့ တိမ်းရှောင်ကြစဉ် ဘူမိယက်သိုက်သမားတို့ (ရှင်ဖြူ)ဘုရား၏ပလ္လင်အောက်သို့တူးဖော်ရှာဖွေကြ၍ မြေတွင်းဖြစ်စေ သည့်ပြင် ဧရာဝတီမြစ်ရေလျှံတက်မှုကြောင့် မြေအတွင်းသက်ဆင်းကျ ရောက်နေသောဘုရားပေါ်သို့ ညွန်ပျောင်းညွန်နှစ်များ ဖုံးလွှမ်းသဖြင့် မြေအောက်နန်း တွင် စံမြန်းတော်မူရလေသည်။ သာသနာ ၂၄၁၈ ခုနှစ်၊ ကောဇာ ၁၂၃၆ခုနှစ် တော်သလင်းလကွယ်(၁၅)ရက် (၁၀-၁၀-၁၈၇၄) စနေနေ့ ညနေ(၅)နာရီခန့်တွင် တန်ခိုးတော်ဖြင့် မြေပေါ်ကြွရောက်ပေါ်ပေါက် တော်မူလာသောကြောင့်“ပေါ်တော်မူ မြတ်ဘုရား”ဟူ၍ သမုတ်ခေါ်ကြ လေသည်။ မူလပေါ်တော်မူသောနေရာတွင် (၅၂)နှစ်မျှကြာသော် မြစ်ရေ အန္တရာယ်ကြောင့် စုပေါင်းလုပ်အားဒါနဖြင့် ပြုလုပ်သော ယခုတည်နေရာ သီရိ မင်္ဂလာကုန်းတော်သို့   ၁၂၈၈-ခုနှစ်၊ ပြာသိုလဆန်း(၈)ရက်မှ   စ၍ပြောင်းရွှေ့ ပူဇော်ကြရာ လပြည့်နေ့ညနေ(၅)နာရီတွင် ပလ္လင်နန်း၌ ကြွမြန်းစံပယ်တော်မူ လေသတည်း။

(၄)     ငါးမျက်နှာ    စေတီတော်   မြတ်ကြီး  သမိုင်း  အကျဉ်းမှာသက္ကရာဇ် ၂၁၉ခုနှစ်၊ တော်သလင်းလဆန်း(၁)ရက်နေ့ ဇလုပဗ္ဗတ အမည်ရှိသော တောင်ပေါ်၌ ပါဋလိပုတ်မြို့ကို အစိုးရသော သီရိမုတ္တမ မင်းသည် ငါးမျက်နှာဘုရားသခင်ကိုတည်တော်မူသည်။ တည်တော်မူသည့် သက္ကရာဇ်ကား ၂၁၉ခု၊ တော်သလင်းလဆန်း(၁) ရက်၊ ဗုဒ္ဓဟူးနေ့၌ နေ့တချက်တီးကျော် သုံးမောင်းတွင် မြေသနစ်တည်တော်မူသည်။ ၄င်းလဆန်း(၁၃)ရက်နံနက်လေးချက်တီးကျော်သုံး မောင်း၌ သီရိစန္ဒာအမတ်၊ သုပိန္နအမတ်၊ သီရိသူရာအမတ်၊ ဓေါပညာ ဝရအမတ်၊ ထိုအမတ်ကြီး လေးယောက်တို့နှင့်တကွသီရိမုတ္တမမင်း သည် အရှေ့မျက်နှာ သီရိစန္ဒာအမတ်၊ တောင်မျက်နှာ သုပိန္နအမတ်၊ အနောက်မျက်နှာ သီရိသူရာအမတ်၊ မြောက်မျက်နှာ ဓေါပညာဝရ အမတ်။ ၄င်းအမတ်ကြီးလေးဦးတို့နှင့် မင်းကြီး

ကိုယ်တိုင် နှင့် ငါးယောက်သောပုဂ္ဂိုလ်ထူးတို့သည် တည်တော်မူလေသည်။ ၄င်းတော် သလင်းလဆန်း(၁၃)ရက်နေ့၊ နံနက်လေးချက်တီးကျော်သုံး မောင်းအတွင်း၌ ရွှေပနက်လေးတိုင်၊ ငွေပနက်လေးတိုင် စိုက်မုတ် တော်မူသည်။ ၄င်းလေးချက်တီးကျော်သုံးမောင်းတွင် အောက်ဌာပနာတိုက် တော်တူး၍အုဠ်မြစ်စတည်တော်မူသည်မှာ ဌာပနာတော်တိုက်အနက်  (၁၃) တောင်နှစ်မိုက်၊ ဘုရားအုဠ်မြစ်တော်ပနက်မှာ(၁၂)တောင် သုံးမိုက်နှင့် တည်တော်မူသည်။ ဘိနပ်တော်ဌာပနာတိုက်ပြီး၍ဌာပနာသွင်းတော်မူအံ့ သည်ကို စီရင်တော်မူသည်။ ဌာပနာတိုက်၌အခင်းကျောက်ဖျာ ကား-နာဂ ရာဇ်ငွေတောင်ရိုး၌ကြိမ်ကြိုက်ခဲလှစွာသောကျောက်ဖျာကို မင်းကြီးအား သိကြားပြတော်မူ၍ နီလာညိုအဆင်းနှင့် တူတောကျောက် ဖျာလေးချပ်ကို ဌာပနာတိုက်အတွင်း၌ခင်း၍ထိုသို့ခင်းတော်မူပြီးလျှင် ဌာပနာ ကားဓမ္မာ သောကမင်းကြီးပေးတော်မူ၍ကိုးကွယ်စိမ့်သောငှာ ရတော်မူသောမွေရှင် တော်ရှစ်ဆူ၊ ထို့နောက် သီရိမုတ္တိမမင်းကြီးလက်ထက်တော်သို့ရောက်မှ တန်ခိုးတော်အားဖြင့်ကိုးကွယ်ထိုက်သောသူ ဖြစ်၍ပွားတော်မူသော မွေရှင်တော်တဆယ့်ခြောက်ဆူတို့ကို ငွေကြုပ် ဖြင့်ထည့်တော်မူပြီးလျှင် ပဉ္စလောဟာအပေါ်ကအုပ်ပြန်၏၊ ထိုသို့ပြီးမှ မိုးကြိုးကြုပ်ဖြင့်အပေါ်က အုပ်ပြန်၏၊ ရွှေကြုပ်ဖြင့်အုပ်ပြန်၏၊ ရွှေဆင်းတုဆယ်ဆူ၊ ငွေဆင်းတုငါးဆူ၊ ရွှေဗေါဓိ လေးပင်၊  မြဆင်းတု လေးဆူ၊ ဖလ်ဆင်းတု လေးဆူ၊ သတ္တဌာန ဌာပနာရန် တဌာနလျှင် ရွှေအချိန်(၂-ကျပ်)စီ၊ ပဉ္စလောဟာ ဆင်းတု(၃)ဆူ၊ ပဒါးဆင်းတု(၃)ဆူ ရွှေပန်းခိုင်၊ ငွေပန်းခိုင် လေးခိုင်စီ၊ ဒီပင်္ကရာရုပ်ထုတော် ဆွမ်းရပ်ဟန်ရဟန္တာအဆူ(၂၀)၊ သွန်းလုပ်တော်မူပြီးလျှင် ၄င်းတော်သလင်း လဆုပ် (၁၀)ရက်သောကြာနေ့နံနက် ဌာပနာတွင်းသို့သွင်း  ဌာပနာတော်မူ၏။ ၄င်းလဆုပ်(၁၀)ရက် သောကြာနေ့သုံးချက်တီးကျော် အချိန်၌လေးပါး သောအမတ်တို့နှင့် ၇၀၀-သောဗိုလ်ထုပေါင်းဖြင့်ထက်ဝန်းကျင်ြီးမှ မိုးကြိုးကြုပ်ဖြင့်အပေါ်ကအုပ်ပြန်၏၊ ရွှေကြုပ်ဖြင့်အုပ်ပြန်၏၊ ရွှေဆင ပတ်ပတ် လည်ခြံရဲလျှက် ပန်းရံကောင်းနေမျိုး-သုပိန္နဆရာတော်၊ သောဘိတ ရဟန္တာနှင့် ဌာပနာတွင်းသို့သွင်း၍ပိတ်တော်မူသည်။ ထိုဌာပနာ တိုက်ကို ပိတ်ပြီးမူ အထက်ပစ္စယံအစဉ် ထပ်သုံးဆင့်သုံးလီကို လေးပါးသောအမတ်တို့ အား တစ်မျက်နှာစီဝေခြမ်းပိုင်းခြားတော်မူ၍ ဒါယကာတော် သီရိမုတ္တမ မင်းနှင့် တကွလေးပါးသောအမတ်တို့သည် မပြီးမခြင်း နေ့ညဉ့်စောင့်တော်မူ ၍တည်တော်မူသတည်း။  ထိုသို့တည်တော်မူ၍ အုဠ်ရိုးပြီးလျှင် သီတင်းကျွတ် လဆန်း(၁)ရက်သောကြာနေ့ အင်္ဂတေမွန်းမံတော်မူ၍ ၄င်းလဆန်း (၈)ရက်သောကြောနေ့ပြီးဆုံးသည် နှင့်၄င်းနေ့တွင်သစ်စီးသုပ်စေ၍ ၄င်း လဆန်း(၁၄)ရက်ပြီးလျှင်အထက် ချားရားသီးကစ၍ ၄င်းနေ့ပင်ရွှေသင်္ကန်း ဆက်ကပ် ချစေတော်မူသည်။ ၄င်းလပြည့်ကျော်(၅)ရက် ဗုဒ္ဓဟူးနေ့၌ ရွှေသင်္ကန်းမွမ်းမံလှူဒါန်းတော်မူပြီးလျှင် ဘုရားရှင်တော်အား ပလ္လင် မြေမြင့်သုံးဆင့်ပစ္စယံတော်ကို ထပ်ဆင့်မြှင့်တော်မူ၍ ၄င်းလပြည့်ကျော် (၇)ရက်နေ့ ထီးတင်တော်မူ သည်။ ၄င်းလပြည့်ကျော်(၁၀)ရက် တနင်္လာနေ့ ပွဲကြီးဆင်ယင်ကျင်းပတော်မူသည်။ ရွှေခရားဖြင့်သွန်းချလှူဒါန်းတော်မူ သည်။ပါဋလိပုတ်မြို့ တွင်ရဟန်းထေရ်ကြီး မူးကြီးမတ်ကြီး၊ ရံရွှေတော် သောင်းသောင်း ပရိဿတ်ပေါင်းလေးပါးတို့၏ အလယ်၌တလိုင်းငါး အိမ်ထောင်သား တို့ကိုရွှေခရားဖြင့်သွန်းချလှူဒါန်းတော်မူသည်။ တစ်လိုင်းငါး အိမ်ထောင်ကား- လင်၊ ငတိနှင့် မယား မိထွန်းသား – ငပါရဲ၊ ၄င်းညီ ငအိုင်ကဲ၊ ၄င်းအိမ်ပုံတို့နှင့် လူပေါင်းအိမ်ထောင်ဦးရေ နှစ်ဆယ်တို့ကို လှူသည်နှင့် လူတို့ကို နတ်ကွင်းလမ်း၌ထားတော်မူသည်။ မြေငါးငယ် ကိုလည်းမြတ် ဘုရားအား ကန့်သတ်ပိုင်းခြား၍လှူတော်မူသည်။ ၄င်းငါးပယ်လှူဒါန်းသည့် မြေမှာ တပါယ်နှင့်ငါးထောင်ကို မန်ကျည်းထုံး ရွာဆော် ငလွန်သူ တိုက်နယ်ကို လှူတော်မူသည်။ နောက်နောင်သော သူတို့သည် ပစ္စုပ္ပန်သံသရာအကျိုး နှစ်ပါးကို ထောက်ရှု၍ ငါလှူသောမြေတို့ကို မတိမ်မမြုပ် လုပ်ဆောင် စားသောက်ကြလျှင် ဘုရားသခင် အားဟောင်းနွမ်းပျက်စီးလျှင် ပြင်ဆင် လုပ်ကိုင်ကြစေသတည်း။ ငါလှူသောကျွန်ထီးတော်တို့ကိုလည်း ဘုရားသခင် အား မပြတ်သုတ်သင်ကြ ရမည်။ နောင်သူ-နောက်သား မေ့လျော့ညား၍ တိမ်မြုပ်ခဲ့လျှင် တဏှာ ဥပါဒန်ဘဝ၊ သင်္ခါရ ဒေါမနဿ၊ ဒိဌိမာနဟူသော မကောင်းနှိပ်စက် ပျက်စီးခြင်းဖြင့် မကောင်းသောနတ်တို့သည် ဖျက်ဆီးအပ် ကုန်သည်ဖြစ်၍ ဆုံးရှုံးပျက်စီးကြလေစေသော်။ နောင်မိန့်တော်မူ သောစကားအတိုင်း တည်လေလျှင် ကောင်းသောချီးမြှင့်ခြင်းဖြင့် သမာဒေဝနတ် တို့သည် စောင့်ခဲ ချီးမြှင့်ကြကုန်၍ တက်သစ်သောနေ၊ ဆန်းသစ်သောလ ကဲ့သို့ပွားစေသော်၊ နောင်ကာလလည်း အသင်္ခတ ဟုဆိုအပ်သော နိဗ္ဗာန်သို့ရောက်စေသတည်း။ ဒါယကာ သိရီမုတ္တမင်း တည် တော်မူ သည့် ငါးမျက်နှာဘုရားသမိုင်းတော် ကျောက်စာထွက် ကဗ္ဗည်းမှော် ကွန်းကို ပြည်ဆရာတော် အဂ္ဂသမာဓိ ရေးသားတော်မူသောသမိုင်းပြီး ၏။

(၅)     မဟာအတုလအန္တမုနိ  ကြေးသွန်း   ရုပ်ပွားတော်ကြီး၏     သမိုင်းအကျဉ်းမှာ

ကောဇာသက္ကရာဇ် ၁၂၅၄ခု၊ တန်ခူးလပြည့်ကျော် ၇ ရက်နေ့ တွင် မြတ်စွာဘုရား ကိုယ်တော်ကြေးသွန်းရုပ်ပွားတော်မြတ်ကြီးကိုစတင်သွန်း လောင်းထုလုပ်ကြပါသည်ကုန်းဘောင်ခေတ် သာသနာပိုင် အမိန့်စာချွန် တော်အရ ထုံးဘိုရွာကြီး၏ အလယ်ဗဟို၊ အနောက်ဘက် အစွန်းတွင် “ ယွန်းကျောင်းတိုက် “ ဟုအမည်ရခဲ့ပြီး၊ နောင်အခါ မြသိန်းတန်စေတီတော်ကို အစွဲပြု၍“မြသိန်းတန်ကျောင်းတိုက် “ ဟုသမုတ်အပ်သော ကျောင်းတိုက်ကြီး ဒုတိယဂိုဏ်းချုပ်ဆရာတော် ဦးမဉ္ဗူကိုယ်တိုင်ကြီးကြပ်သွန်းလုပ်တော်မူသော ဘုရားကိုယ်တော်မြတ်ကြီးဖြစ်ပါသည်။ မန္တလေးမြို့မှပန်းတဉ်း ပညာရှင်များ ကိုခေါ်ယူ သွန်းလောင်းပြုလုပ်စေခဲ့ပါသည်။ ဂိုဏ်းအုပ်ဂိုဏ်းချုပ် ဆရာတော်ကြီး ထံသို့ မြတ်စွာဘုရားကြေးသွန်းရုပ်ပွားတော်ကြီးအတွက် လာရောက် လှူဒါန်းကြသော ရတနာများမှာ ရွှေချိန်(၄)ပိဿာ၊ ငွေစင်ပိဿာ (၂၀၀၀)၊ ကြေးနီပိဿာချိန်(၆၂၅၅.၅)၊ သံချိန်(၁၀၆၆)ပိဿာ၊ သလွဲ စင်ပိဿာချိန်(၁၀၀၀)တို့ဖြစ်ပါသည်။

မြသိန်းတန်ကျောင်းတိုက်၊ စက်ကုန်းနေရာတွင် သွန်းလောင်းပြုလုပ်ပြီးမှ နှစ်မလည်တောင်ခုလတ်သို့ ပို့ဆောင်၍ပလ္လင်တော်ပေါ်တွင် စံမြန်းသော ရုပ်ပွားတော်ကြီးဖြစ်ပါသည်။ ကြေးသွန်းရုပ်ပွားတော်ကြီး၏ ဉာဏ်တော် အမြင့်မှာ (၁၀တောင် ၂မိုက်) ဖြစ်၍လုံးဝန်းတော်(၇ တောင်) ဖြစ်ပါသည်။ မဏိလုံးဝန်းတော်(၇ တောင်လေးသစ်)၊ ရောင်လျှံတော်(၂ တောင်)၊ မျက်နှာတော်(၂ တောင် ၁ ထွာ)၊ သင်းကျစ်တော်အလျား (၄ တောင် ရှစ်သစ်)၊ နားရွက်တော်(၂ တောင်နှစ်သစ်)၊ မောင်းလဒံးတော်လုံးပတ် (၃ တောင် ၂ မိုက် ၅ သစ်)၊ နှစ်ဖက်ဒူးစွန်း(၈ တောင် ၂ မိုက်)၊ ထက် ဝယ်တော်အမြင့် ပမာဏ (၇ တောင် ၈ သစ်)၊ စမ္မန်တော်အမြင့်အဝန်း (၂၆ တောင် ၂ မိုက်)တို့ဖြစ်ပါသည်။ လှူဒါန်းကြသော ရတနာအလေးချိန်များအနက် ရုပ်ပွားတော်ကြီးသွန်းလုပ်ပြီးစီးသောအခါတွင် (၇၂၉၂)ပိဿာဖြစ်ပါသည်။ ကျန်ရှိသောပဉ္စလောဟာအလေးချိန် (၃၃၆၄ ပိဿာ ၅၀ ကျပ်သား)ကို ညီတော်လတ်မုနိငါးဆူနှင့်ညီတော် ငယ်မုနိငါးဆူ၊ သွန်းလောင်းထုလုပ်ပူ ဇော်ထားရာ မြသိန်းတန်ဘုရား တန်ဆောင်းနှင့်တကွရွှေကျောင်း၊ လယ်ပြင် ကျောင်း၊ နန်းကျောင်း၊ ဘုရားကြီးကျောင်း၊ တောင်ထိပ်ကျောင်းနှင့် ကျီးတောကျောင်းတို့တွင် စံပါယ်သတင်းသုံးလျှက်ရှိပါသည်။ မြသိန်းတန် ကျောင်းတိုက် စက်ကုန်းနေရာတွင် သွန်းလောင်းထု လုပ်ပြီးစီး သော အလေးချိန်(၇၂၉၂) ပိဿာရှိသည့်  ကြေးသွန်းရုပ်ပွားတော်မြတ်ကြီး ကို(၂)ဖာလုံ လောက် ဝေးသောနေရာသို့ စွပ်ဖားဖြင့်ပင့်ဆောင်ရခြင်း၊ ထိုမှတဆင့် ပေ(၆၀၀) ခန့်မြင့်သောနှစ်မလည်တောင်ခုလတ်သို့ မြှင့်တင်ပို့ ဆောင်ရခြင်းမှာ လွယ်ကူသောအဆင့်များမဟုတ်ပါ။ ဆရာတော်ကြီး ဦးမဉ္ဗူက သင့်ချိန်ကျရောက်ပြီဟု အမိန့်ရှိသောအခါမှ ပဌာန်းပရိတ်များ ရွတ်ဆို သရဇ္စျာယ်ပြီး ဆန်းပန်းပေါက်ပေါက်တို့ဖြင့်ပူဇော်ပင့်ဆောင်တော်မူမှ ပင်ရုပ်ပွားတော်မြတ်ကြီး အလွယ်တကူကြွချီလိုက်ပါတော်မူပါသည်။ ယခုစျေးကုန်း ရပ်ကွက်၌ကွင်းပြင်ကြီးသာရှိသေးရာ ကွင်းလယ်တစ် နေရာတွင်သုံးညကျိန်းစက်အပူဇော်ခံတော်မူပါသည်။ လမ်းဆုံးသို့ ရောက် သောအခါ နှစ်မလည်တောင်ခုလတ် ပလ္လင်ပေါ်သို့ ပင့်ဆောင်ရ မည်ဖြစ်ရာ အနည်းငယ် ပြေလျှောသော တောင်ကုန်းအနောက်တောင်ထောင့်မှ လျှောက်လမ်းပေးပြီး စွပ်ဖားဖြင့်  ဆွဲတင်ကြပါသည်။  ပင့်ဆောင်ကြရာတွင် အပန်းမကြီးဘဲ လွယ်ကူစွာပင်ရောက်ရှိ၍  ပလ္လင်ပေါ်သို့ ပို့ဆောင် နိုင်ခဲ့ ပါသည်။ မဟာအတုလအနန္တမုနိကြေးသွန်းရုပ်ပွားတော်ဘုရားကြီးမှာ မိမိ ဘွဲ့တော်ကို မိမိအိပ်မက်ပေးကာဘွဲ့တော်သတ်မှတ်ခဲ့သည်မှာလည်း အံ့သြဖွယ် ရာ ထူးခြားချက်ဖြစ်ပါသည်။

(၆)     ရွှေဘုံသာမုနိ      ဆုတောင်းပြည့်    စေတီတော်မြတ်ကြီး   သမိုင်းအကျဉ်းမှာ

ကောဇာသက္ကရာဇ် ၉၇ ခုနှစ်တွင် ရက္ခပူရဓညဝတီ ရခိုင်ပြည် ကြီးကို စန္ဒသူရိယမင်းမြတ် ထီးဖြူအုပ်ချုပ်မင်းလုပ်တော်မူ၏ ထိုစဉ် မဇ္စျိမ ဒေသမဂဓ၌ သုံးလောကထွဋ်ထား ရှင်တော်ဘုရားပွင့်တော်မူ လျှက် လူနတ်ဗြဟ္မာသတ္တဝါတို့အားတရားဒေသနာဟောပြညွန်ကြားသည်ကို ကြား သိတော်မူ၏။ ဘုရင်မင်းမြတ်သည် ဖူးမြင်လိုသော သဒ္ဓါဖြစ်လွန်းသဖြင့် မြတ်စွာဘုရားအား ဓညဝတီ ရခိုင်ပြည်သို့ ကိုယ် တော်တိုင်ကြွရောက် တော်မူပါမည့်အကြောင်း နံ့သာဆီမီး တံခွန်ထီး နှင့်လှူဘွယ်ရေချမ်း၊ ပေါက်ပေါက်ပန်းတို့ဖြင့် ပူဇော်ရည်မှန်း၍ပင့်လျှောက်ကာ ဆုတောင်း ပတ္တနာပြုတော်မူ၏။ မြတ်စွာဘုရားရှင်သည် ဇေတဝန်ကျောင်းတော်မှ သဗ္ဗုညုတရွှေဉာဏ်တော်ဖြင့်ဆင်ခြင်တော် မူသောအခါ၊ ငါးမသွားမူကား ထိုမင်းသည် အကျိုးမဲ့စုတေပျက်စီးရာ၏။ ငါ့အားဖူးမြင်ရသော လူအပေါင်း တို့မှာလည်းကောင်းကျိုးချမ်းသာ မင်္ဂလာတိုးပွားရာ၏။ ငါ၏ကိုယ်စား ကိုယ်တော်ပွားထားသည့်ရိုက်ရာ သာသနာလည်း ကာလရှည်မြင့်စွာ တည်လတံ့ရဟန်းရှင်လူပြည်သူ အများလည်းဿရဏဂုံသီလ တည်ကြလတံ့ ဟု အနာဂတံ သဉာဏ်တော်ဖြင့် ဆင်ခြင်တော်မူ၍ ဓညဝတီရခိုင်ပြည် သေလာဂီရိတောင်သို့ ကြွရောက်တော်မူ၏။ မဟာသက္ကရာဇ် ၁၂၃ ခုနှစ်၊ တပို့တွဲလပြည့်နေ့၌ မြတ်စွာဘုရားသည် ဓညဝတီမြို့ကြီး၏ အနောက်မျက်နှာ ကစ္ဆပနဒီ (ကုလားတန်မြစ်)အရှေ့ဘက်ကမ်း သေလာဂီရိကျောက်တောင် ထိပ်၌ ကြွရောက်တော်မူသောအခါ စန္ဒာသူရိယမင်းကြီးသည် ဝမ်းသာအားရ ဖြစ်တော်မူလျှက် မြတ်စွာဘုရား သခင်အား ဆွမ်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာတို့ဖြင့် လေးပါးသောပစ္စည်းပူဇော်၍ လုပ်ကျွေးဆည်းကပ် တော်မူ၏။ (၃)လစေ့သောအခါစန္ဒာသူရိယမင်းသည် မြတ်စွာဘုရားသခင် အား ကိုယ်စားတော်ပွားထားခဲ့ပါမည့်အကြောင်း ပင့်လျှောက် သည်တွင် မြတ်စွာဘုရားသခင်မှ ခွင့်ပြုသဖြင့် ကြေးသွန်းသမားများ ဖြင့် ရတနာအမျိုးပေါင်း(၁၂၆)မျိုး တင်းပေါင်း(၅၀)တို့ဖြင့်မုနိတော် များသွန်း လောင်း တော်မူပါသည်။ ထိုအခါ မြတ်စွာဘုရားသခင်မှ မုနိ တော်များအား ရွှေရင်တော်ငွေ့ခုနှစ်လက်ပွေ့ကို ဦးခေါင်းတော်၌တည် တော်မူသောအခါ မုနိတော်မြတ်သည် ပလ္လင်တော်မှဆင်းသက်ပြီးလျှင် မြတ်စွာဘုရား အပါးတော်မှ လိုက်လိုကြောင်း ခွင့်တောင်း၏ မြတ်စွာ ဘုရားသည် ညီတော် မဟာမုနိ ငါ့၏ကိုယ်စား လူနတ်များ၏ စီးပွား ချမ်းသာဆောင်ရစ်ပါလော့ဟု မိန့်တော်မူ၏။ မဟာမုနိရုပ်ရှင်တော် ကို သွန်းလောင်းဖန်ဆင်း၍ ပိုလျှံသော ရတနာတို့အား အသို့ပြုရအံ့နည်း ဟုလျှောက်ထားသောအခါ မဟာမုနိ၏ ညီတော်များအဖြစ် သွန်းလုပ် ရန်ခွင့်ပြုသဖြင့် ၁။ရှင်ကျော်မုနိ (ရခိုင်ကျောက်တော်မြို့)၊ ၂။ရွှေဘုံသာမုနိ(ယခုမွမ်းမံပြုပြင်ပြီးဆင်းတုတော်)၊   မာန်အောင်မြင်မုနိ (ပြည် တော်ပြန်ဘုရား၊ ဇလွန်မြို့) ဟူ၍  မဟာမုနိ(၃)ဆူ နှင့်  ပထမ  သွန်းလောင်းသော  မဟာမြတ်မုနိ  (မန္တလေးမြို့)        အပါအဝင်

မုနိ(၄) ဆူ သွန်း လုပ်တော်မူပါသည်။ မဟာမြတ်မုနိ အစ မာန်အောင်မြေ အဆုံးရှိသော မုနိတော်( ၄ )ဆူ သွန်းလောင်းတိုင်း လွင့်စင်ကုန်သော ရတနာများမှာလည်း ပကတိ အလိုအလျှောက် မုနိငယ်များ ပွင့်ထွန်း ပေါ်ပေါက်တော်မူကြပါသည်။  ၁၁၄၆ခုနှစ်၊ တန်ဆောင်မုန်း လဆန်း(၄)ရက် နေ့  စနေနေ့၌  အမရပူရပထမမြို့တည်  ဆင်ဖြူများသခင် ဘဝရှင်မင်းတြား

ဘိုးတော်ဘုရားမင်းကြီးကအိမ်ရှေ့ဥပရာဇာသီရိမဟာဓမ္မာဘိဇယ ဘွဲ့တော်ခံ သားတော်သီဟသူရအား ဓညဝတီ ရခိုင်ပြည်သို့ သိမ်းယူတော်မူ ရန်စေလွှတ်၍ အောင်မြင်တော်မူသောအခါ  အိမ်ရှေ့ဥပရာဇာ သည် မုနိတော်များအားပင့်ဆောင်တော်မူလို၍ ၁၁၄၆ ခု ပြာသိုလပြည့်ကျော် (၁၁)ရက် အင်္ဂါနေ့၌အိမ်ရှေ့မင်းကိုယ်တော်တိုင် ာ လည်း ပကတိအလိုအလျှောက် မုနိငယ်များပွင့်ထွန်းပေါ်ပေါက်တော် မူကြပါသည်။ မဟာမုနိဘုရားများထံ သွားရောက်၍ ပင့်ဆောင်စေရာ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ပလ္လင် အောက်၌ ငါ၏ ဆရာမုနိဘဂဝါကို မည်သို့သော မင်းအပေါင်းတို့မှ ပင့်ချီ၍ မရစေသတည်းနောင်အခါဘုန်းကံကြီးမားငါကားဖြစ်ချေသော် ငါ သာလျှင် ပင့်ဆောင်ကိုးကွယ်ခြင်းငှားရပါစေသတည်းဟု စန္ဒာသူရိယမင်း၏ဆုတောင်း ရွှေပေချပ်ကိုတွေ့ရပါသည်။ ပင့်ဆောင်ကြည်ရာ ပင့်ဆောင်၍ရသဖြင့်  ရခိုင် ရိုးမအတိုင်း   (ပန်းတောင်းဆိပ်)သို့ ပင့်ဆောင်တော်မူပါသည်။ အောင်မြင် စွာပင့်ဆောင်တော်မူနိုင်ခဲ့ပြီးပြည်မြို့ အနောက်ကမ်း ရွှေဘုံသာ အရပ်တွင် စခန်းချစဉ် ရခိုင်လူမျိုးများ၏ တောင်းပန်ချက်အရ၄င်းတို့တိုင်းနိုင်ငံမှလည်း လာရောက်ဖူးမြှော်နိုင်ရန်နှင့် ယခုပတ်ဝန်းကျင်နေ ရဟန်းရှင်လူ အပေါင်း များပါ  ဖူးမြှော်နိုင်စေရန် ပြည်မြို့ အနောက်ဘက်ကမ်း ရွှေဘုံသာရွာတွင် ရွှေဘုံသာမုနိ ရုပ်ရှင်တော်မြတ်ကြီးအား ကိန်းဝပ်တော်မူစေ၍ စေတီ ပေါက်သော အုဋ်ကန္ဓကုဋီတန်ဆောင်းတော်ကြီးဖြင့် ရွှေဘုံသာမုနိ ဆုတောင်း ပြည့်စေတီတော်မြတ်ကြီးကို တည်ထားကိုးကွယ်ခဲ့ပါသည်။ ယခုအခါတွင် ၄င်းစေတီကြီးအား ပျက်စီး ယိုယွင်း ဟောင်းနွမ်းဆွေးမြေ့နေသည်ကို နိုင်ငံတော်အစိုးရမှ ဘက်စုံပြုပြင်မွမ်းမံတည်ဆောက်ခဲ့ရာ ၁၃၆၀-ခု၊ ကဆုန် လဆန်း(၁၀)ရက်နေ့တွင် ထီးတော်တင်လှူခဲ့ပါသည်။

          (ဃ)    ပေါင်းတည်မြို့နယ်

(၁)     ပေါင်းတည်     မြို့နယ်၏ အထင်ကရ     ပွဲတော်မှာ           ဗုဒ္ဓမြတ်စွယ်တော် လှည့်လည်  ပူဇော်ပွဲ    ဖြစ်ပြီး နှစ်စဉ် တော်သလင်းလဆန်း     (၁၂) ရက်နေ့မှ

                             လပြည့်ကျော် (၁)  ရက်နေ့အထိ (၅) ရက်တိုင်တိုင်ကျင်းပပါသည်။

(၂)     သမိုင်းအကျဉ်းမှာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီး တေဇောဓါတ်  လောင်ကျွမ်းပြီးနောက်ကျန်ရှိသော ဓါတ်တော် များအနက် အသမ္ဘိန္နဓါတ်၊  စွယ်တော်မြတ်တစ်ဆူဖြစ်သော အောက်လက်ဝဲစွယ်တော်သည် ကလိင်္ဂရာဇ် ပြည်၊ ဒန္တပူရမြို့၌ တည်ထားပူဇော်ပြီး နောင်အခါတွင် သီဟိုဠ်ကျွန်း (ယခုသီရိလင်္ကာနိုင်ငံ) ၌ ယနေ့ထက်တိုင် ပူဇော်ထား လေ့ရှိပါသည်။

မြတ်စွာဘုရား၏ အသမ္ဘိန္နဓါတ်တော်ဖြစ်သော အောက်လက်ဝဲစွယ်တော်နှင့် အတူ (၁၅)ရက်တိုင်တိုင် ကိန်းဝပ်တော်မူပြီး (၁၂၅၉) ခုနှစ်၊ တော်သလင်း လဆန်း (၁၃) ရက်နေ့ နေ့လယ် (၂) နာရီခွဲအချိန်၊ အထူးမီးရထားဖြင့် ပေါင်းတည်မြို့သို့ ပင့်ဆောင် ရောက်ရှိခဲ့ပြီး ရွှေကျောင်းကြီး တိုက်ဝန်း သကျမုနိမိုဃ်းကောင်း ဘုရားကြီးအတွင်းရှိ ရွှေဂန္ဓကုဋိတိုက် အတွင်း၌ ကိန်းဝပ်စံပယ်တော်မူလျှက် နှစ်စဉ်မပျက်စည်ကား သိုက်မြိုက်စွာ ကျင်းပ ခဲ့ပါသည်။ပေါင်းတည်မြို့သို့ ရောက်ရှိလာပြီး နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ရာမှ ဒုတိယကမ္ဘာစစ် အတွင်း (၁၃၀၄) ခု၊ (၁၃၀၅) ခု၊ (၁၃၀၆) ခုနှစ်များတွင် လှည့်လည်ပူဇော်ပွဲကြီးကို မကျင်းပ နိုင်ဘဲ (၃) နှစ်တိုင်တိုင် ရပ်နားခဲ့ရာမှ ပြန်လည်ကျင်းပခဲ့ရာ ယခု (၁၃၇၈) ခုနှစ်တွင် (၁၁၉) နှစ် တိတိရှိပြီး ဖြစ်ပါသည်။ ဗုဒ္ဓမြတ်စွယ်တော်လှည့်လည် အပူဇော်ခံပွဲတော်အကြိမ်မြောက်ကို ရေတွက်ခဲ့ရာ ယခုနှစ်နှင့်ဆိုလျှင် (၁၁၆) ကြိမ်မြောက်ပင် ရှိခဲ့ပြီးဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

(င)     သဲကုန်းမြို့နယ်

                (၁)     သဲကုန်းမြို့နယ်တွင် နှစ်စဉ် ကျင်းပမြဲ  ဖြစ်သော အထင်ကရ    ပွဲတော်များမှာ

အမှတ်(၂) ရပ်ကွက်အတွင်း တည်ထားကိုးကွယ်သော ကန်သာယာ ရေလယ် ကျွန်းဘုရားပွဲတော်ကို နှစ်စဉ်ပြာသိုလဆန်း(၈)ရက်နေ့မှ (၁၅)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာနှစ်စဉ်ကျင်းပပြုလုပ်လျှက်ရှိပါသည်။

(၂)     သမိုင်းအကျဉ်းမှာသာသနာတော် သက္ကရာဇ် (၁၀၁)ခုနှစ်တွင် ဒွတ္တဘောင် မင်းကြီးသည် သရေခေတ္တရာပြည်ကို တည်ထောင်တော်မူသည်။ ဒွတ္တဘောင် မင်းကြီး၏ မြောက်နန်းမိဖုရား ဥမ္မာရဒေဝီ က ဒွက္ကစံ ဟူသော သားတော်ကိုလည်းကောင်း ၊ အလယ်နန်းမိဖုရား ပိဿနိုးမိဖုရားက ဒွတ္တရာဇ်ဟူသော သားတော်ကို လည်းကောင်း ၊ ဖွားမြင်ခဲ့သည်။ ဒွက္ကစံ နှင့် ဒွတ္တရာဇ် တို့မှာ မဏိသေလ ခေါ်  ရွှေကျောင်းဆောင်တောင်ကုန်းပေါ်တွင် ရှင်စန္ဒာသီရိနှင့် ရှင်စန္ဒဂရာဇ်ဟူသော ရဟန္တာအဖြစ်သတင်းသုံး နေထိုင် ကြသည်။ ဒွတ္တဘောင်မင်းကြီးသည်မဇ္ဇျိမဒေသ ဝေသာလီပြည်တွင် ဒုတိယ သင်္ဂါယနာတင်သော  ကာလာသောကမင်းနှင့် ထီးပြိုင်နန်းပြိုင်ဖြစ်သည်။ သရေခေတ္တရာခေါ် ရသေ့မြို့၏ အရံ(၇)တိုက်တွင် သဲကုန်းမြို့သည် မိုးကုတ်တိုက်ထဲတွင် ပါဝင်သည်။ ဒွတ္တဘောင် မင်းကြီးသည်သား ရဟန္တာများ သတင်းသုံးရာ ရွှေကျောင်းဆောင်သို့ သွားစဉ် လမ်းခရီတစ်ထောင့်အဖြစ် ဤကန်သာယာနေရာ၌ တပ်ချရပ်နားခဲ့သည်။လျှိုမြောင် (၂)ခုကြားတွင် သာယာလှပသော ကုန်းကမူကလေးကို တွေ့မြင်ရသဖြင့် ကုန်းကမူထက်တွင် ဉာဏ်တော်(၇)တောင်မြင့်သော စေတီတော်ကိုတည်၍ ဓါတ်တော်မွေတော်တို့ ကိုဌာပနာခဲ့သည်။ လျှိုမြောင်ကိုပိတ်၍ တစ်ဖက်ပိတ်ဆယ်အဖြစ် ဆယ်ဖို့တော် မူခဲ့သည်။ နီးစပ်ရာတိုက်နယ်များမှ တိုက်မှူးကြီးများလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြသည်။မြန်မာသက္ကရာဇ် ၁၂၇၀ ခုနှစ် ၊ ခရစ်သက္ကရာဇ်၁၉၀၈ ခုနှစ်ခန့်တွင် ဦးရွှေဓါး၊ဦးစိုင်+ဒေါ်မဲနှင့်သူကြီးများ ရာအိမ်မှူးများ ၊ ဂေါပက လူကြီးများ ဦးဆောင်၍ ပြည်သူများနှင့် ပူးပေါင်းကာ ဉာဏ်တော် (၁၅)တောင် မြင့်သော စေတီတော်မြတ်ကြီးဖြစ်အောင် ဒုတိယအကြိမ်ပြုပြင် တည်ဆောက်ခဲ့ပါ သည်။မြန်မာသက္ကရာဇ် ၁၂၈၉ ခု ၊ ခုနှစ်သက္ကရာဇ် ၁၉၂၇ ခုနှစ်တွင် သဲကုန်းမြို့မှ တိရိစ္ဆာန်ဆေးကုဆရာကြီး ဦးတင့် စသော သူကြီး(၇) ပိုင်ပါ ဘာသာရေးစိတ်ဝင်စားသူများ ဦးဆောင်ကာ ဉာဏ်တော် (၁၅)တောင် စေတီကို ဉာဏ်တော်အတောင် (၆၀) အထိ ငုံတည်ကာ ဘုရားရင်ပြင် ကုန်းတော်ကို ရှစ်မြှောင့်ပုံဖြစ်အောင် တတိယအကြိမ်မွမ်းမံပြင်ဆင်ခဲ့သည်။ နှစ်စဉ် တန်ဆောင်မုန်းလတွင် ဘုရားပွဲတော်ကျင်းပပြုလုပ်ခဲ့ပြီး ယခုအခါ တွင် တန်ဆောင်မုန်းလအစား ပြာသိုလတွင် ကျင်းပလာခဲ့ရာ ၁၃၇၈ခုနှစ် ပြာသိုလတွင် (၅၄)ကြိမ်မြောက် ထိ ရောက်ရှိခဲ့ပါသည်။၁၃၇၁- ၁၃၇၂ ခုနှစ်တွင် သဲကုန်းသီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ အရှင်ဉာဏိ ဿရက ဦးဆောင်၍ စေတီတော်ကြီးပြုပြင်၍ စေတနာရှင် ရပ်သူရွာသားများ ပါဝင်ကုသိုလ်ယူပြီး ပစ္စည်းလှူဒါန်းခြင်း ၊ ဝတ္ထုငွေကြေးလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ၁၃၇၂ခုနှစ် တပေါင်းလဆန်း (၄) ရက်နေ့ နံနက်ပိုင်းမှစ၍ စိန်ဖူးတော် တင်ပွဲသံဃာအပါး (၁၀၀) ဖြင့် အနေကဇာတင် ရွတ်ဆို ပူဇော်ပွဲများ ကျင်းပပြုလုပ်ပြီး တပေါင်းလဆန်း(၄)ရက်နေ့တွင် သီတဂူ ဆရာတော်ဘုရားကြီး၏ တရားပွဲဖြင့် လှူဒါန်းမှုအစုစုကို ရေစက်သွန်းချ အမျှဝေကာ ထီးတော်တင်လှူပွဲကြီး အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။

(စ)     ရွှေတောင်မြို့နယ်

(၁)     ရွှေတောင်မြို့နယ် ၊ မယားမာန်ကျေးရွာအုပ်စုရှိ ရှေးဟောင်းသမိုင်း၀င် ရွှေနတ်တောင် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ပွဲတော်အား နှစ်စဉ် တပေါင်းလဆန်း (၈)ရက်နေ့မှ တပေါင်းလပြည့်နေ့ အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပလျက် ရှိပါသည်။

(၂)     သမိုင်းအကျဉ်းမှာ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်တွင် သိဒ္ဓတ္ထမင်းသား  ဘုရား ဖြစ်တော်မူပြီးနောက် ဒုတိယဝါကို ရာဇဂြိုလ်ပြည်၊ဝေဠု၀န်ကျောင်းတော်၌ ဝါဆိုတော်မူစဉ် မြတ်စွာဘုရားသည် ရွှေဉာဏ်တော်ကွန်ယက်ကို ဖြန့်ကျက် တော်မူသည့်အခါ ကဉ္စနာဂီရိနိဂုံးကြီးနှင့် ဒေဝါဂီရိတောင်ရှိ ဆွေတော်မျိုးတော် အပေါင်းတို့ကို မြင်တော်မူသဖြင့်  နောက်လိုက် သံဃာမပါဘဲ တစ်ပါးတည်း ဒေဝါဂီရိနတ်တောင်သို့ မဟာသက္ကရာဇ် (၁၀၄) ခုနှစ် ၊ (BC-587)တွင် ကြွတော်မူခဲ့ပါသည် ။  ထိုအချိန်တွင် မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာကျယ်ပြန့် စွာ မထွန်းကားသေးသည့်အပြင် နိဂုံးသူနိဂုံးသားတို့သည် နတ်ကိုးကွယ်သည့် အလေးအထ အကျင့်စရိတ် ရှိနေသဖြင့် မြတ်စွာဘုရားသည် နတ်သားအသွင် ဖန်ဆင်းတော်မူပြီး ရောင်ခြည်တော် (၆)သွယ် ကွန့်မြူးတော်မူသဖြင့် ဒေဝါဂီရိတစ် တောင်လုံးရောင်တော်များ လင်းထိန်လျှက်ရှိသဖြင့် နိဂုံးသူ နိဂုံးသား တို့မှ နတ်သားအသွင်ဘုရားရှင်ကို ဖူးမျှော်ခဲ့ရပါသည်။  ၎င်းနောက် မြတ်စွာဘုရားသည် နိဂုံးသူနိဂုံး သားတို့အား (၇)ရက်ပတ်လုံး တရား ဓမ္မများဟောပြောဆုံးမ၍ ငါဘုရား၏ ကိုယ်စား နိမ္မိတရုပ်ပွားတော်ကို ဘုရားစေတီပြုလုပ် ကိုးကွယ်ပူဇော်ကြရန် အဓိဌာန်ဖြင့် ထားတော်မူပြီး ဝေဠု၀န်ကျောင်းတို့သို့ ပြန်လည်ကြွမြန်းခဲ့ပါသည်။ နိဂုံးသူနိဂုံးသားတို့လည်း ထိုနိမ္မိတရုပ်ပွား ရွှေနတ်သားကို ပျက်ပြားမှုမရှိရ လေ အောင် စေတီတော်အတွင်း ဌာပနာထား၍ မဟာသက္ကရာဇ် ၁၀၄ခုနှစ်  ၌ ဉာဏ်တော်(၇)တောင်ခန့်ရှိ ဥဒ္ဒိဿကစေတီကို တည်ထားကိုးကွယ် ကြပါသည်။ ဒေဝါဂီရိနတ်တောင်ထိပ်တွင် ကိုယ်ပွားတော်ရွှေ နတ်ရုပ်ကို ဌာပနာလျှက်တည်ထားခဲ့ခြင်းကြောင့် ရွှေနတ်တောင်ဟု ဘွဲ့တော် အမည်တွင်ခဲ့ပါသည်။ ၎င်းနောက်ခေတ်အဆက်ဆက်သော မင်းများမှ ပြန်လည် ပြုပြင်ခဲ့ကြသဖြင့် ယခုအချိန်တွင်ရွှေနတ်တောင် စေတီတော်ကြီး၏ ဉာဏ်တော် အမြင့်သည် ပလ္လင်ခုံတော်မှ စိန်ဖူးတော်အထိ(၈၁) တောင်(၁)ထွာ ရှိပါ သည်။

 နိဂုံး

၁၉။    ပြည်ခရိုင်၏ ဒေသဆိုင်ရာအချက်အလက်များအား မှတ်တမ်းတင်စုစည်း တင်ပြခြင်း အားဖြင့် ခရိုင်တစ်ခုလုံး၏ အချက်အလက်နှင့်ဖွံ့ဖြိုး၏တိုးတက်မှု အခြေအနေများကို လေ့လာသိရှိ နိုင်ပြီး ခရိုင်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို  အထောက်အကူပြုမည်ဖြစ်ပါကြောင်း  တင်ပြ အပ်ပါသည်။