Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတက်ရောက်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတက်ရောက်

ဇူလိုင် ၁၁

=========================

ဇူလိုင်လ (၁၁)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က နေပြည်တော်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ အစည်းအဝေးခန်းမ၌ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေးသည် ရေရှည်မျှော်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး၊ အနာဂတ်မျိုးဆက်သစ်တွေအတွက် စစ်မက်ကင်းစင်ပြီး ငြိမ်းချမ်းတည်ငြိမ်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ရေး၊ စစ်မက်ပဋိပက္ခတွေကြားမှာ နစ်မွန်းနေခဲ့ရတဲ့ တိုင်းရင်းသားပြည်သူများ၏ မျှော်လင့်ချက်တွေကို လင်းလက်တောက်ပလာစေဖို့  မလျှော့တဲ့စိတ်အင်အားနဲ့ ဆက်လက်ကြိုးပမ်းသွားရေး၊ ခေတ်အဆက်ဆက် မျှော်လင့်ခဲ့ရပြီး ဝေးကွာခဲ့ရတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်ရန် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အားထုတ်ကြိုးပမ်းသွားရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း သိရှိရသည်။

အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးမှ ဝန်ကြီးချုပ်၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ဝန်ကြီး နော်ပွယ်စေး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ စုစုပေါင်း (၈)ဦး တက်ရောက်ကြောင်း သတင်းရရှိသည်။