Home / ရေတာရှည်မြို့နယ် / ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု့စစ်ဆေး

ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု့စစ်ဆေး

သြဂုတ် ၂၀(သာဂရ)

===============================

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများ နှင့်အတူ သြဂုတ်လ(၂၀)ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ်၊ သာဂရ(၅၀၀) ကေဗွီမဟာဓာတ်အားလိုင်း ဆွဲခြင်းလုပ်ငန်းတို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့အား မြန်မာ့လျှပ်စစ်ဓာတ်ဖြန့်ဖြူရေးလုပ်ငန်းမှ တာဝန်ရှိသူများက ရှင်းလင်းဆောင်၌ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့ရာ၊ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့က ရေတာရှည်မြို့နယ်၊ ကျွဲရိုင်းပြင်ကျေးရွာနှင့် ကရင်ချောင်းကျေးရွာ ဆက်သွယ်မည့် တံတားတည်ဆောက်ရန်မြေနေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။