Home / ပြည်မြို့နယ်၏ဒေသဆိုင်ရာအချက်အလက်များ

ပြည်မြို့နယ်၏ဒေသဆိုင်ရာအချက်အလက်များ

 

ပြည်မြို့နယ်၏ဒေသဆိုင်ရာအချက်အလက်များ

 

နိဒါန်း

003.jpg

၁။      အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်ထဲရေး၀န်ကြီးဌာနအောက်ရှိ ဌာနတစ်ခုဖြစ်ပြီး တရား ဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး ဟူသော ရည်မှန်းချက်တာ၀န်များကို အောင်မြင်အောင် ဆောင်ရွက်လျှက်ရှိရာ ဒေသဆိုင်ရာအချက်အလက်များ ပြုစုထားခြင်းအားဖြင့် လုပ်ငန်း ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်မည်ဖြစ်ပြီး အကြီးအကဲများ နယ်မြေကွင်းဆင်း ရာတွင် အချက်အလက်များအား လွယ်ကူစွာသိရှိနိုင်မည်ဖြစ်ပါသည်။

တည်နေရာနှင့်အကျယ်အ၀န်း

၂။      ပြည်မြို့နယ်သည် မြောက်လတ္တီတွဒ် ၁၈ဒီဂရီ ၄၄ မိနစ် နှင့် ၁၉ ဒီဂရီ ၀၆မိနစ်အတွင်း၊ အရှေ့ လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၅မိနစ်နှင့် ၉၅ဒီဂရီ ၂၉မိနစ် ကြားတွင်တည်ရှိပြီး ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ပါဝင်ပြီး ဧရာဝတီမြစ်  အရှေ့ဘက်ကမ်းပေါ်တွင် တည်ရှိပါသည်။ ဧရိယာအကျယ် အဝန်းမှာ (၁၉၄၈၂၀) ဧကရှိ၍ ဧရိယာ စတုရန်းမိုင်အားဖြင့် (၃၀၄.၄၁) စတုရန်းမိုင်ရှိပါသည်။

နယ်နိမိတ်နှင့်မြေမျက်နှာသွင်ပြင်

၃။      ပြည်မြို့နယ်သည် ပဲခူးတိုင်းဒေသကြီး၏ အနောက်မြောက်ဘက်ဆုံးမြို့နယ်ဖြစ်ပြီး မြောက်ဘက်တွင် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ အရှေ့ဘက်တွင် ပေါက်ခေါင်းမြို့နယ်နှင့် သဲကုန်းမြို့နယ်၊  တောင်ဘက်တွင် ရွှေတောင် မြို့နယ်၊ အနောက်ဘက်တွင် ဧရာဝတီမြစ်တို့တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင် အထက်ပေ(၁၈၀)ခန့်မြင့်ပြီး ပင်လယ်နှင့် မိုင် (၂၀၀) ကျော်ကွာဝေး ၍ ကုန်းတွင်းကျသော ဒေသဖြစ်ပါသည်။

ရာသီဥတု

၄။      ပြည်မြို့နယ်သည် မိုးနည်းပါးပြီး ပူအိုက်ခြောက်သွေ့၍ အမြင့်ဆုံးအပူချိန် (၃၈.၈C)ရှိပြီး အနိမ့်ဆုံးအပူချိန်မှာ (၁၇.၅C) ရှိပါသည်။ မိုးရွာသွန်းမှုမှာ အမြင့်ဆုံး (၆၉.၂၅) လက်မ၊ အနိမ်ဆုံး (၃၁.၄၄) လက်မရှိပြီး ပျှမ်းမျှမိုးရေချိန် (၅၂.၂၅)လက်မ ဖြစ်ပါသည်။

လူဦးရေ

၅။      ပြည်မြို့နယ်အတွင်း၌ မြို့(၂)မြို့၊ ရပ်ကွက်(၁၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၅)အုပ်စု ဖြင့်ဖွဲ့စည်းထားပြီး အိမ်ခြေ (၄၆၀၄၈)၊ အိမ်ထောင်စုပေါင်း(၄၈၈၀၁)နှင့် လူဦးရေ ကျား(၁၀၅၆၆၀)ဦး၊ မ(၁၁၇၄၉၃)၊ စုစုပေါင်း (၂၂၃၁၅၃)ဦး ရှိပါသည်။

အုပ်ချုပ်ရေးဆိုင်ရာအချက်အလက်များ

၆။      ပြည်မြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး(၁)ရုံး မြို့အုပ်ချုပ်ရေးမှူးရုံး(၁)ရုံးနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး(၆၉)ရုံးဖြင့်  ဖွဲ့စည်းထားရှိပြီးဖြစ်ပါသည်၊ ပြည်မြို့နယ်အုပ်ချုပ်ရေးမှူးသည် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် မှန်ကန် မြန်ဆန်စေရန် ညှိုနှိုင်းပေါင်းစပ်ညွှန်ကြားဆောင်ရွက်မှုများကို တစ်လ (၂)ကြိမ် ကျင်းပ ပြုလုပ် လျှက်ရှိပါသည်။ ရဲတပ်ဖွဲ့အနေဖြင့် မြို့နယ်ရဲတပ်ဖွဲ့ မှူးရုံး(၁)ခု၊ နယ်မြေရဲစခန်း(၅)ခုရှိပြီး ရဲတပ်ဖွဲ့၀င်ဦးရေ (၂၅၂)ဦးရှိပါသည်။ ထို့အပြင် ပြည်မြို့နယ်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(၁)ခု၊ အမှတ်(၇၅)ခြေလျင် တပ်ရင်း(၁)ခု၊ အမှတ်(၇၀၁၂)သံချပ်ကာတပ်ရင်း(၁)ခု အမှတ်(၁၀)ရဲတပ်ရင်း(၁)ခု စသည်ဖြင့် တည်ရှိပါသည်။ ပြည်မြို့နယ်တွင် ၂၀၁၆-၂၀၁၇ခုနှစ် တရားစီရင်ရေးအရ အမှုကြီး(၁၀)မျိုးဆောင်ရွက်ထားရှိမှုအခြေအနေမှာ ဖြစ်ပွားမှု(၉)မှု၊ စွဲဆိုမှု(၅)မှု၊ လက်ကျန်မှု(၄)မှု၊ အခြားအမှု(၁၀)မျိုးအနေဖြင့် ဖြစ်ပွားမှု(၅၉၃)မှု၊ စွဲဆိုမှု(၂၉၄)မှု၊ ပိတ်သိမ်းမှု(၈)မှု၊ လက်ကျန်မှု(၂၉၁)မှုနှင့် ကြိုတင်ကာကွယ်မှု (၁၁)မျိုးအနေဖြင့် ဖြစ်ပွားမှု(၃၇၂၇)ခု၊ စွဲဆိုမှု (၃၆၄၃)မှု၊ ပိတ်သိမ်းမှု(၂)မှု၊ လက်ကျန်မှု(၈၂)မှုတို့ဖြစ်ပါသည်။

စီးပွားရေးဆိုင်ရာအချက်အလက်များ

၇။      ပြည်မြို့နယ်တွင်စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်မှုအခြေအနေမှာအောက်ပါအတိုင်းဖြစ်ပါသည်။

(က)   အဓိကသီးနှံ (၁၀)မျိုး စိုက်ပျိုးထုတ်လုပ်မှု

စဉ် သီးနှံ
အမည်
၂၀၁၆-၂၀၁၇လျာထားဧက ၂၀၁၆-၂၀၁၇ ခုနှစ်
စိုက် ရိတ် နှုန်း အထွက်

(တင်း)

(၁) စပါးပေါင်း နွေ ၁၄၃၄၉      
မိုး ၇၄၉၅၂ ၇၂၆၇၇      
(၂) ‌မြေပဲ မိုး ၁၁၁၁၉ ၁၁၁၁၉ ၁၃၅၂ ၅၆.၈၀ ၇၆၇၉၄
ဆောင်း ၆၇၈၈      
(၃) နှမ်း မိုး ၈၆၉၃ ၈၆၉၃ ၇၉၅၄ ၁၁.၆၀ ၆၂၂၆၆
ဆောင်း ၉၆၄      
(၄) ‌နေကြာ        
(၅) မတ်ပဲ   ၂၆၀၁၄      
(၆) ပဲတီစိမ်း မိုး ၁၀၂၄ ၁၀၂၄ ၆၈၃ ၁၆.၂၀ ၁၁၀၆၅
ဆောင်း ၃၈၈၅        
(၇) ပဲစဉ်းငုံ   ၉၇၃ ၉၂၇      
(၈) ဝါ   ၉၉၃      
(၉) ကြံ   ၆၇၅၂      
(၁၀) အစေ့ထုတ် ပြောင်း   ၄၀၃

 

၄၁၆ ၁၃၅ ၇၇.၀၀ ၁၀၃၉၅

(ခ)    နှစ်ရှည်သီးနှံစိုက်ပျိုးမှုအ‌ခြေ အနေ

စဉ် သီးနှံအမည် စိုက် ရိတ် နှုန်း  

ထွက်

 

သစ်ဆိမ့် ၁၁၆၀    
ရာဘာ    
အုန်း ၉၇      
ကွမ်းသီး/ရွက် ၃၀၅      
ကော်ဖီ
လက်ဖက်
သစ်သီးပင် ၈၅၅၁      
ငရုတ်ကောင်း ၁၁
  စုစုပေါင်း ၁၀၁၂၈    

(ဂ)    လယ်ယာသုံးစက်ကိရိယာသုံးစွဲမှုအခြေအနေ

ပြည်မြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာများအနေဖြင့် လယ်ထွန်စက်(၉၆)ခု၊ လက်တွန်း ထွန်စက်(၉၁၈)ခု၊ မျိုးစေ့ချစက်(၃)ခု၊ ရိတ်သိမ်းစက်(၆)ခု၊ ချွေလှေ့စက်(၄၂၂)ခု၊ ရေစုပ်စက်(၅၅၄)ခု ဖြင့် အသုံးပြု ဆောင်ရွက်လျှက်ရှိပါသည်။

(ဃ)   လယ်ယာသုံးထယ်၊ ထွန်နှင့် ကျွဲ၊ နွားကောင်ရေ

ပြည်မြို့နယ်တွင် လယ်ယာသုံးထယ်အရေအတွက်(၁၃၉၁၄)ခု၊ ထွန်အရေအတွက်(၁၃၈၈၀)ခု၊ ကျွဲကောင်ရေ(၃၃၄၇)ကောင်၊ နွားကောင်ရေ(၆၅၅၉၄)ကောင်ဖြင့် အသုံးပြုဆောင်ရွက်လျှက်ရှိပါသည်။

(င)    ဒေသတွင်းဆန်ဖူလုံမှု

ပြည်မြို့နယ်တွင် လူဦးရေစုစုပေါင်း(၂၂၃၁၅၃)ဦးအတွက် ၀မ်းစာလိုအပ်ချက်မှာ (၂၉၈၅၆၆၀) တင်းဖြစ်ပြီး စပါးအထွက်တင်း (၇၀၀၃၅၉၇)တင်းဖြစ်သဖြင့်  ဆန်ဖူလုံမှုရာခိုင်နှုန်း(၂၀၄.၀၆) ဖြစ်ပါသည်။

(စ)    ဒေသတွင်းဆီဖူလုံမှု

ပြည်မြို့နယ်တွင် လူဦးရေစုစုပေါင်း(၂၂၃၁၅၃)ဦးအတွက် ၀မ်းစာလိုအပ်ချက်မှာ (၂၁၈၆)မက်/တန် ဖြစ်ပြီး  ဆီထွက်ရှိမှုပေါင်း(၃၇၉၁)မက်/တန်ဖြစ်သဖြင့် ဆီဖူလုံမှုရာခိုင်နှုန်း(၁၇၃.၄၅)ဖြစ်ပါသည်။

 (ဆ)  မွေးမြူရေးလုပ်ငန်း

ပြည်မြို့နယ်တွင် ၂၀၁၆-၂၀၁၇မွေးမြူရေးလုပ်ငန်းဖြင့် မွေးမြူထားရှိသော တိရစ္ဆာန်ကောင်ရေများမှာ နွား(၆၅၅၉၄)ကောင်၊  ကျွဲ(၃၃၄၇)  ကောင်၊  ၀က်(၂၄၂၂၁)ကောင်၊  ဆိတ်(၄၈၈၈)ကောင်၊   ကြက် (၂၃၈၂၉၈၅) ကောင်၊  ဘဲ(၉၀၅၀၆)ကောင် မွေးမြူထားရှိပါသည်။

(ဇ)    အသားထုတ်လုပ်မှုပိဿာ

ပြည်မြို့နယ်တွင် ၂၀၁၆-၂၀၁၇နှစ်အသားထုတ်လုပ်မှုအနေဖြင့် အမဲသား(၉၆၀၈၉၄)ပိဿာ၊ ၀က်သား (၂၂၈၉၄၅၂) ပိဿာ၊ ဆိတ်သား(၂၈၀၁၇)ပိဿာ၊ ကြက်သား(၂၈၆၆၀၇၄)ပိဿာ၊ ဘဲသား (၆၈၃၂၄၃) ပိဿာ ထုတ်လုပ်ထွက်ရှိပါသည်။

(စျ)    မြို့နယ်ကြက်ဥ/ဘဲဥထုတ်လုပ်မှု

ပြည်မြို့နယ်တွင် ၂၀၁၆-၂၀၁၇နှစ်  ကြက်ဥ/ဘဲဥထုတ်လုပ်မှုအနေဖြင့် ကြက်ဥ(၉၂၈၄၁၅၂၄)လုံးနှင့် ဘဲဥ(၆၉၉၁၆၆၆)လုံး ထွက်ရှိပါသည်။

(ည)   မြို့နယ်နို့ထွက်ပစ္စည်းထုတ်လုပ်မှု

ပြည်မြို့နယ်တွင်၂၀၁၆-၂၀၁၇နှစ် နို့ထွက်ပစ္စည်းထုတ်လုပ်မှုအနေဖြင့် နို့စားနွား(၂၀၁၀)ကောင်မွေးမြူ ထားရှိပြီး တစ်နှစ်လျင် နို့ထွက်ပိဿာ(၅၄၇၆၉၇)ထွက်ရှိပါသည်။

(ဋ)     ငါး၊ ပုဇွန်မွေးမြူမှုအခြေအနေ

ပြည်မြို့နယ်တွင် ၂၀၁၆-၂၀၁၇နှစ် ငါးကန်အရေအတွက်(၂၆၄)ကန်၊ ဧက(၃၄၇.၂၄)ဧကနှင့် ငါးထုတ် လုပ်မှု  (၅၂၃.၁၄)ပိဿာထွက်ရှိပါသည်။

(ဌ)     စက်မှုလက်မှုလုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံ၊အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ

ပြည်မြို့နယ်တွင် စက်မှုဇုန်(၂)ခုရှိပြီး လုပ်ငန်းအရေအတွက် (၁၉၁)ခု ရှိပါသည်။ နိုင်ငံပိုင်/ပုဂ္ဂလိကပိုင် စက်ရုံ(၃)ရုံရှိပြီး အလုပ်ရုံ(၂၂)ရုံရှိပါသည်။ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း အရေအတွက် (၂၂၅)ခုဖြစ် ပါသည်။

( ဍ)    သစ်တော၊ စီးပွားဖြစ်သစ်စိုက်ပျိုးမှု၊ သစ်တောထွက်ပစ္စည်းများ

ပြည်မြို့နယ်တွင် ၂၀၁၆-၂၀၁၇ နှစ် သစ်တောကြိုးဝိုင်းဧက(၁၅၁၇၀)ဧက၊ ကြိုးပြင်ဧက(၁၆၄၀) ဧက ရှိပြီး  စုစုပေါင်း(၁၆၈၁၀)ဧကဖြစ်ကာ   တုံးရေကြိုးဝိုင်းတွင် ပုဂ္ဂလိကစီးပွားဖြစ် သစ်မာစိုက်ပျိုး ဧက (၃၀) ရှိ ပါသည်။ သစ်တောထွက်ပစ္စည်းများအနေဖြင့် ထင်း(၃၁၀)ကုဗတန်၊ မီးသွေး(၁၅၃.၆၉၆)ကုဗ တန်၊ ဝါး(၆၀၀)လုံး၊  ဓနိသက်ကယ်(၄၀)၊  သစ်ခေါက်(၄၀၀)ပိဿာ၊  သစ်စေး(၁၀)ပိဿာ၊  ဘုမ္မရာဇ (၁၀)ပိဿာ၊ ပျားရည်(၁၀)ပိဿာ ဖြစ်ပါသည်။

( ၒ  ) ဓါတ်ဆီ ဒီဇယ်အရောင်းဆိုင်၊ သဘာဝဓါတ်ငွေ့ပိုက်လိုင်း

ပြည်မြို့နယ်တွင် ၂၀၁၆-၂၀၁၇နှစ် ပုဂ္ဂလိကဓါတ်ဆီဒီဇယ်ဆိုင်(၁၆)ဆိုင်ရှိပြီး တစ်နှစ်ရောင်းချမှုဓါတ်ဆီ ဂါလံ (၅၀၃၃၃)၊  ဒီဇယ်ဂါလံ(၈၉၇၈၅) ဖြစ်ပါသည်။ သဘာ၀ဓါတ်ငွေ့ပိုက်လိုင်းအနေဖြင့်  အနောက် ရွာသစ်ကျေးရွာအုပ်စုမှ မြောက်န၀င်းကျေးရွာအထိ (၂၂.၅)မိုင်အရှည် ရှိ တီတွတ်ပိုက်လိုင်း ရှိပါသည်။

 

(ဏ)  ဓါတ်အားခွဲရုံ၊ ထရမ်စဖော်မာအရေအတွက်၊ လျှပ်စစ်ဓါတ်အားသုံးစွဲမှု

ပြည်မြို့နယ် တွင် ဓါတ်အားခွဲရုံ(၁)ခုရှိပြီး(၂၀၀၀၀KW)ဓါတ်အား ဖြန့်ဖြူးနိုင်ပါသည်။ (၂၀၀KVA) ထရန်စဖော်မာအမျိုးအစားမှာ (၂၂၇)ခုရှိပြီး စုစုပေါင်းဓါတ်အား (၂၀၀၀၀KW) ဖြန့်ဖြူး နိုင်ပါသည်။  ပြည်မြို့နယ်တွင် လျှပ်စစ်ဓါတ်အား ရရှိသည့်ပမာဏမှာ (၂၀၀၀၀KW)ဖြစ်ပြီး (၁၅၀၀၀KW) သုံးစွဲ လျှက်ရှိပါသည်။

(တ)   စာတိုက်၊ ကြေးနန်း၊ တယ်လီဖုန်း၊ အင်တာနက်၊ အသံလွှင့်ရုံ၊ ထပ်ဆင့်အသံလွှင့်ရုံ

        ပြည်မြို့နယ်တွင်  စာတိုက် (၁)ခု၊  ကြေးနန်း (၁)ရှိပြီး  လူဦးရေ (၂၂၃၁၅၃)ဦးရှိရာ   ဖုန်းသုံးစွဲသူ (၁၀၈၆၅၄)ဦးနှင့် အင်တာနက်အသုံးပြုသူ (၁၄၄၅၃)ဦး ဖြစ်ပါသည်။ ထပ်ဆင့်အသံလွှင့်ရုံ(၂)ရုံနှင့် မိုက်ကရိုဝေ့စခန်းအရေအတွက်(၁)ခုရှိပါသည်။

(ထ)   လေကြောင်းလမ်း၊ ရေကြောင်းလမ်း၊ ရထားလမ်းနှင့်ဘူတာရုံများ၊ ကားဂိတ်များ                

        ပြည်မြို့နယ်တွင် လေကြောင်းလမ်းအနေဖြင့် လေယာဉ်ကွင်း(၁)ခု၊ (၂၂.၅)အရှည်မိုင်ရှိ ရေကြောင်း လမ်း နှင့် သင်္ဘောဆိပ်ကမ်း(၃)ခု၊ ရထားလမ်း(၃)ခု၊ ဘူတာစုစုပေါင်း(၁၀)ခု ကားဂိတ်(၂၂)ဂိတ် ရှိပါသည်။

(ဒ)    ကားလမ်းများ၊ မြို့ချင်းဆက်လမ်းများ၊ တံတားများ

          ပြည်မြို့နယ်တွင် ကားလမ်းစုစုပေါင်း(၇)ခု၊ မြို့နယ်ချင်းဆက်လမ်းအနေဖြင့်( ၃)ခုနှင့် ပေ(၁၈၀) အထက်တံတား(၄)စင်း၊ ပေ(၁၈၀)အောက်တံတား(၂၃၀)စင်း ရှိပါသည်။

(ဓ)    ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း

        ပြည်မြို့နယ်တွင် ဟိုတယ်(၇)ခု၊ မိုတယ်(၃)ခုနှင့် တည်းခိုခန်းစုစုပေါင်း(၄၃)ခုရှိပါသည်။

(န)    သမဝါယမအသင်းများ

        ပြည်မြို့နယ်တွင် သမဝါယမအသင်းပေါင်း(၂၄၁)သင်းနှင့် အသင်းစု(၁)စု ဖွဲ့စည်းထားရှိပါသည်။

(ပ)    ကုမ္ပဏီ၊ ကုန်စည်ဒိုင်၊ ပွဲရုံများ၊ စျေး၊ ဘဏ်၊ စတိုးဆိုင်နှင့်အရောင်းဆိုင်များ

        ပြည်မြို့နယ်တွင် ခေတ္တရာဟင်္သာဆန်စပါးအထူးပြုကုမ္ပဏီ(၁)ခု၊ ပြည်ကုန်စည်ဒိုင်(၁)ခု၊ ပွဲရုံ(၁၇)ရုံ၊ စျေး(၈)ခု၊ ဘဏ်(၁၃)ခု၊ စတိုးဆိုင်နှင့်အရောင်းဆိုင်စုစုပေါင်း(၂၆၈၃)ဆိုင် ရှိပါသည်။

(ဖ)    ပုံနှိပ်လုပ်ငန်းနှင့် မီဒီယာလုပ်ငန်း

        ပြည်မြို့နယ်တွင် ပုံနှိပ်စက်လုပ်ငန်းအနေဖြင့်  ပုံနှိပ်စက်(၇)လုံး၊ ကွန်ပျူတာ(၈၄)လုံး၊ မိတ္တူစက် (၁၂၄)လုံး၊ ဗီဒီယို(၂၈၄)လုံးရှိပြီး မီဒီယာလုပ်ငန်းအနေဖြင့် ပြန်ကြားရေးနှင့်ဆက်သွယ်ရေးဌာနမှ ဒို့ကျေးရွာဂျာနယ်နှင့် နေ့စဉ်ထုတ် သတင်းစာမျာအား တစ်လလျှင် (၂၆၀)စောင် ထုတ်လုပ်ဖြန့်ဝေ လျှက်ရှိပါသည်။

(ဗ)    ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုတန်ဘိုး

စဉ် အကြောင်း

အရာ

၂၀၁၆-၂၀၁၇
တစ်နှစ်လုံး ရည်မှန်း ချက် တန်ဖိုး
၂၀၁၆-၂၀၁၇ခုနှစ် ဆောင်ရွက်နိုင်မှု
တန်ဖိုး ‌အ ကောင် အထည် ဖော်နိုင်မှု တိုး တက်မှု%
ထုတ်လုပ်မှု တန်ဖိုး ၂၂၂၅၁၁.၁ ၁၉၇၆၁.၃ ၈.၉ ၁.၂
ဝန်ဆောင်မှု ၂၂၉၃၁၇.၅ ၆၈၀၆၅.၅ ၂၉.၇ ၉.၆
ကုန်သွယ်မှု တန်ဖိုး ၉၂၁၉၅.၇ ၇၃၅၄.၆ ၈.၀ ၅.၂
အသားတင် ထုတ်လုပ်မှု နှင့်ဝန်ဆောင် မှုတန်ဖိုး ၅၄၄၀၂၄.၃ ၉၅၁၈၁.၄ ၁၇.၅ ၇.၀

(ဘ) တစ်ဦးချင်း၀င်ငွေ

        ပြည်မြို့နယ်တွင် တစ်ဦးချင်း၀င်ငွေအနေဖြင့် တစ်နှစ်လျှင် (၁၈၈၀၈၄၆)ကျပ်ဖြစ်ပါသည်။

လူမှုရေးဆိုင်ရာအချက်အလက်များ

၈။      ပြည်မြို့နယ်တွင် လူမှုရေးဆိုင်ရာအချက်အလက်များနှင့်ပတ်သက်၍ အောက်ပါအတိုင်း တင်ပြအပ် ပါသည်။

          (က)   ပညာရေးကဏ္ဍ

ပြည်မြို့နယ်တွင် ပညာရေးကဏ္ဍအနေဖြင့် တက္ကသိုလ်(၃)ခု၊ ပညာရေးကောလိပ်(၁)ခု၊ သူနာပြု သင်တန်းကျောင်း(၁)ခုရှိပြီး ဆရာ/မဦးရေ (၆၃၂)ဦးနှင့် ကျောင်းသားဦးရေ(၈၂၄၈)ဦး ရှိပါ သည်။အခြေခံပညာအထက်တန်းကျောင်း(၈)ကျောင်း နှင့် အခြေခံ ပညာအထက်တန်းကျောင်း ခွဲ(၁၂)ကျောင်းရှိရာ ဆရာဦးရေ(၇၇၉)ဦးနှင့် ကျောင်းသားဦးရေ(၁၉၁၃၉)ဦး ရှိပါသည်။ အခြေခံပညာ အလယ်တန်းကျောင်း(၃၆)ကျောင်းရှိပြီး ဆရာဦးရေ(၅၄၂)ဦးနှင့် ကျောင်းသား ဦးရေ(၈၉၃၄)ဦး၊ မူလတန်းကျောင်း(၁၆၀)ကျောင်းရှိပြီး ဆရာဦးရေ(၄၈၀)၊ ကျောင်းသား ဦးရေ(၄၀၆၂)ဦး ရှိပါသည်။ မူလတန်းကြိုကျောင်းအနေဖြင့် ပြည်မြို့နယ်တွင် (၈) ကျောင်း ရှိပြီး ဆရာ(၁၀)ယောက်နှင့် ကျောင်းသား(၁၅၅)ဦး၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၁၄)ကျောင်းနှင့် ဆရာ(၁၂၀)ဦး၊ ကျောင်းသား(၃၁၉၅)ဦး ဖြစ်ပါသည်။

          (ခ)    ကျောင်းနေအရွယ်ကလေးများကျောင်းအပ်နှံမှု

ပြည်မြို့နယ်တွင် ကျောင်းအပ်နှံမှုအနေဖြင့် (၅)နှစ်ပြည့်ကလေးစုစုပေါင်း(၄၄၀၀)ဦးရှိသည့် အနက် (၄၃၈၇)ဦး ကျောင်းအပ်နှံနိုင်ခဲ့သဖြင့် ကျောင်းနေအရွယ်ကလေး ကျောင်းအပ်နှံမှု ရာခိုင်နှုန်း မှာ (၉၉.၇၀)ဖြစ်ပါသည်။

(ဂ)    တက္ကသိုလ်၀င်တန်းအောင်မြင်မှုနှင့် စာတတ်မြောက်မှုရာနှုန်း

ပြည်မြို့နယ်တွင် ၂၀၁၅-၂၀၁၆ပညာသင်နှစ် တက္ကသိုလ်၀င်တန်းအောင်မြင်မှုအနေဖြင့် စာရင်း ရှိ (၃၅၈၂)ဦးနှင့် ဖြေဆိုသူ(၃၃၃၆)ဦးရှိရာ အောင်မြင်သူ(၁၁၁၅)ဦးရှိသဖြင့် မြို့နယ်အောင်ချက် ရာခိုင်နှုန်း(၃၃.၄၂)ရှိပါသည်။ မြို့နယ်စာတတ်မြောက်မှုရာနှုန်းအနေဖြင့် (၁၅)နှစ် အထက်လူ ဦးရေ(၂၀၆၄၆၆)ဦးရှိရာ စာတတ်မြောက်သူဦးရေရာနှုန်းပြည့် ဖြစ်ပါသည်။

          ကျန်းမာရေးကဏ္ဍ

        (က)   ဆေးရုံ၊ ဆေးပေးခန်းများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲများ တည်ရှိမှု

ပြည်မြို့နယ်အတွင်းတွင် ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ ဆေးရုံ(၉)ရုံနှင့် ဆေးပေးခန်း              (၄)ခု၊ ကျေးလက်ကျန်းမာရေးဌာန(၇)ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ(၂၉)ခုရှိပါသည်။

          (ခ)    ကျန်းမာရေးစောင့်ရှောက်မှု

ပြည်မြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုအားဖြင့် လူဦးရေစုစုပေါင်း(၂၂၃၁၅၃)ဦးရှိပြီး ဆရာ၀န်(၇)ဦး၊ သူနာပြု(၁၉)ဦး၊ လက်ထောက်ကျန်းမာရေးမှူး(၆)ဦး ရှိပါသည်။

          (ဂ)    INGOအဖွဲ့များ၊ NGO ဦးရေ၊ အသင်းအဖွဲ့များ

ပြည်မြို့နယ်တွင် ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်သည့် INGOအဖွဲ့ (၄)ဖွဲ့၊ NGOဦးရေ အနေဖြင့် အမျိုးသမီးရေးရာအဖွဲ့၀င်(၂၇၂၂၈)ဦး၊ မိခင်နှင့်ကလေးအသင်း၀င်(၆၂၉၅၄)ဦး၊ စစ်မှုထမ်းဟောင်း (၁၈၂၁)ဦး၊ ကြက်ခြေနီအဖွဲ့(၆၈၂)ဦး၊ အရံမီးသတ်တပ်ဖွဲ့၀င် (၁၄၀၄)ဦး ရှိပြီး အသင်းအဖွဲ့များအနေဖြင့် ပြည်မြို့နယ်တွင် မှတ်ပုံတင်ထားရှိသည့် အသင်းအဖွဲ့(၂)ဖွဲ့ ရှိပါသည်။

          (ဃ)   အားကစားနှင့်ဖျော်ဖြေရေးလုပ်ငန်းများ

ပြည်မြို့နယ်တွင် အားကစားနှင့်ပတ်သက်၍ ဘောလုံးကွင်း(၂)ကွင်း၊ ဘော်လီဘောကွင်း(၁) ကွင်း၊ ဘတ်စကက်ဘောကွင်း(၁)ကွင်း၊ ဂေါက်ကွင်း(၁)ကွင်းရှိပြီး ဖျော်ဖြေရေးလုပ်ငန်း အနေဖြင့် ရုပ်ရှင်ရုံ (၁)ရုံ၊ ပန်းခြံ(၂)ခုရှိပါသည်။

          (င)    သာသနိကအဆောက်အဦများ၊ ရဟန်း၊ သံဃာနှင့်သီလရှင်များ

ပြည်မြို့နယ်တွင် သာသနိကအဆောက်အဦများဖြစ်သည့် ဘုရား(၆၄)ဆူ၊ စေတီ(၉၅)ဆူ၊ ပုထိုး(၂၅)ခု၊ ဘုန်းကြီးကျောင်း(၆၃၈)ကျောင်း၊ သီလရှင်ကျောင်း(၁၄၅)ကျောင်း၊ ဓမ္မာရုံ (၅၅၀)ရုံ ရှိပြီး ရဟန်း(၂၇၄၀)ပါး၊ သာမဏေ(၁၁၂၀)ပါး၊ သီလရှင်(၁၁၇၈)ပါး ရှိပါ သည်။

(စ)    အခြားဘာသာနှင့်ဆိုင်သောအချက်အလက်များ

ပြည်မြို့နယ်တွင် အခြားဘာသာနှင့်သက်ဆိုင်သောအချက်အလက်များအနေဖြင့် ခရစ်ယာန် ကျောင်း (၁၁)ကျောင်း၊ အစ္စလာမ်ကျောင်း(၁၀)ကျောင်း၊ ဟိန္ဒူဘုရားကျောင်း(၈)ကျောင်း နှင့် တရုတ်ဘုရား ကျောင်း(၁)ကျောင်း ရှိပါသည်။

(ဆ)   သမိုင်း၀င်ထင်ရှားသောဘုရားများ

ပြည်မြို့နယ်ရှိ သမိုင်း၀င်ထင်ရှားသောဘုရားများမှာ ရွှေဆံတော်ဘုရား၊ ဘောဘောကြီးဘုရား၊ ဘုရားမာစေတီ၊ ဘုရားကြီး၊ ရတနာထီးဖြူစေတီ၊ ကင်းဘုရား၊ ရွှေကျောင်းကြီး၊ ဆယ်ထပ်ကြီး၊ ရွှေသာလျောင်း၊  န၀င်းပေါင်းကိုးသောင်းစေတီ၊ ဇာတ်ငါးရာဘုရား၊ ရွှေဘုန်းပွင့်ဘုရား၊ ဆုတောင်းပြည့်ဘုရား၊ ရွှေပုလ္လင်မှော်ဘုရား၊ ဆွေးနွေးဘုရားတို့ ဖြစ်ပါသည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေး

၉။      ပြည်ထဲရေး၀န်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ခရိုင်ရုံး စိုက်ရာ မြို့နယ်များအတွက် ငွေကျပ်(၇၅)သိန်းဖြင့်လည်းကောင်း၊ ကျန်မြို့နယ်များအတွက် ငွေကျပ် (၅၀)သိန်းနှုန်းဖြင့် လည်းကောင်း တွက်ချက်တင်ပြရန် ညွှန်ကြားချက်အရ ပြည်မြို့နှင့် (၂၄)မိုင်ကွာဝေးသော ပြည်မြို့နယ်၊ လွှစင် ကျေးရွာအုပ်စု၊ လယ်ဘဲ့ကျေးရွာနှင့် (ပေါက်ခေါင်း မြို့နယ်ရှိ)စမ်းမြိုင်အေးကျေးရွာချင်းဆက်မြေနီလမ်း အရှည်( ၁၀၅၆၀)ပေ၊ အကျယ်(၁၀) ပေ၊ စောက်(၆)လက်မအား တောင်းခံရန်ပုံငွေကျပ်(၇၅)သိန်း၊ ပြည်သူထည့် ၀င်ငွေ ကျပ်(၁၀)သိန်းဖြင့် တောင်းခံတင်ပြထားရှိပါသည်။ အဆိုပါ လမ်းပြုပြင်ပြီး၍ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာ ပါက ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး လူနေမှုအဆင့်အတန်း မြင့်မား လာနိုင်မည်ဖြစ်ပါသည်။

ယဉ်ကျေးမှုနယ်မြေများ

၁၀။    ၂၀၁၄ခုနှစ်၊ ဇွန်လ (၂၂)ရက်တွင် ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ ကျင်းပခဲ့သည့် (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေးမှ မြန်မာနိုင်ငံပျူရှေးဟောင်းမြို့(၃)မြို့ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာမြို့ဟောင်းတို့ကို ကမ္ဘာ့အမွေအနှစ်စာရင်း၀င်အဖြစ် သတ်မှတ်ခဲ့ပါသည်။  ကမ္ဘာ့အမွေအနှစ်စာရင်း၀င်သရေခေတ္တရာမြို့ဟောင်းနယ်မြေသည် အရှေ့လောင်ဂျီတွတ်၉၅ဒီဂရီ ၁၅မိနစ်၊ ၅၀စက္ကန့်နှင့် ၉၅ဒီဂရီ(၂၀)မိနစ်ကြား၊ မြောက်လတ္တီတွဒ် ၁၈ဒီဂရီ ၄၅မိနစ်၅၀စက္ကန့်နှင့် ၁၈ဒီဂရီ၅၀မိနစ်ကြား တည်ရှိပြီး ပြည်မြို့၏အရှေ့တောင်ဘက်တွင် တည်ရှိပါသည်။ မြို့ဟောင်း၏အရှေ့ဘက်တွင် အရှေ့လက်ခုပ်ပင်အုပ်စု၊ တောင်ဘက်တွင် အနောက်ရွာသစ်အုပ်စု၊ မြောက်ဘက်တွင် နတ္တလင်းအုပ်စု၊ အနောက်ဘက်တွင် ပြည်မြို့တို့ တည်ရှိပါသည်။ ဧရိယာအကျယ် အ၀န်းအားဖြင့် (၁၃၀၂၆)ဧကကျယ်၀န်းပြီး သရေခေတ္တရာမြို့ဟောင်းဇုန်အတွင်းရှိ ရွှေတံခါးရပ်ကွက်၊ မှော်ဇာကျေးရွာအုပ်စု၊ မှုတ်ရှည်ကျေးရွာအုပ်စု၊ မုဌောကျေးရွာအုပ်စု၊ တွင်းဗြည်းကျေးရွာအုပ်စုတို့ ပါ၀င်လျှက်ရှိပါသည်။ သရေခေတ္တရာမြို့ဟောင်းဇုန် နယ်မြေအတွင်း၌ ရပ်ကွက်/ကျေးရွာအုပ်စု(၅) အုပ်စု၊ အိမ်ခြေ(၃၉၀၄)လုံ၊ အိမ်ထောင်စု(၄၀၇၅)စု၊ လူဦးရေ(၁၉၅၈၄)ဦး နေထိုင်လျှက်ရှိပါသည်။ သရေခေတ္တရာမြို့ဟောင်းဇုန်အတွင်း၌ စိုက်ပျိုးမြေ(၈၅၀၅)ဧက၊ မြို့မြေ၊ရွာမြေ(၄၇၀)ဧက သာသနာ မြေ (၁၅၇)ဧကနှင့် အခြားမြေဧက(၃၈၉၄)ဧက စုစုပေါင်း(၁၃၀၂၆)ဧကရှိပါသည်။

သရေခေတ္တရာရှေးဟောင်းဇုန်၌ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ၊ ဘုရားဖူးခရီးသည်များ လေ့လာဖူး မြှော်နိုင်ရန် ဘုရားစေတီပုထိုးများ၊    သာသနိကအဆောက်အဦများတည်ရှိပြီး သရေခေတ္တရာမြို့ ဟောင်းမြို့ရိုးအတွင်းဘက်ရှိ သာသနိကအဆောက်အဦပေါင်း(၂၀)ဆူ တူးဖော်တွေ့ရှိသည့် ကုန်း(၃၁) ကုန်း၊ မြို့ရိုးအပြင်ဘက်ရှိ သာသနိကအဆောက်အဦ(၁၈)ဆူ တူးဖော်တွေ့ရှိသည့်ကုန်း (၂၄)ကုန်း တို့အား လေ့လာကြည့်ရှုဖူးမြှော်နိုင်ပါသည်။ သရေခေတ္တရာမြို့ဟောင်းအတွင်း၌ ဘုန်းတော်ကြီး ကျောင်း(၁၂၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း(၁၁)ကျောင်း၊ ဗလီ(၁)လုံး ရှိပါသည်။ သရေခေတ္တရာမြို့ဟောင်းဇုန်ရှိ ထူးခြားထင်ရှားသော ဗုဒ္ဓသာသနိကအဆောက်အဦများမှာ ဘောဘော ကြီးစေတီ၊ ဘုရားကြီးစေတီ၊ ဘုရားမာစေတီ၊ ဘဲဘဲကြီး/ဘဲဘဲလေးစေတီ၊ မြင်ဗာဟုစေတီ၊ လေးမျက်နှာဘုရား၊ မသီးကျကုန်း၊ ဘုရားတောင်ဘုရား၊ ရဟန္တာဂူတို့ တည်ထားလျှက် ရှိပါသည်။

ဒေသသမိုင်းအကျဉ်း

၁၁။    ပြည်မြို့နယ်၏ နောက်ခံသမိုင်းသည် မြန်မာနိုင်ငံသမိုင်းတွင် အထင်ကရပါဝင်ပတ်သက် လျှက်ရှိပါသည်၊ မြန်မာနိုင်ငံသမိုင်းတွင် သရေ ခေတ္တရာ၊ ဒွတ္တ ပေါင်မင်းကြီး စသည်တို့ပါဝင်သည်ကို တွေ့ရပေမည်။ ပြည်မြို့နယ်၏ အစဦး မြို့ဖြစ်ခဲ့သည့် သရေခေတ္တရာ မြို့ဟောင်းသည် ဒွတ္တပေါင်မင်း BC  (373-443 ) စတင်တည်ထောင်စိုးစံခဲ့ပြီး သုပညာ နာဂရသိန္န မင်းလက်ထက် AD-10 ရာစုတွင် သရေခေတ္တရာမြို့ ပျက်သုဉ်း၍ ပျူလူမျိုးများသည် ဧရာဝတီမြစ်ကမ်းသို့ ပြောင်းရွှေ့နေထိုင် လာကြရာ အစဦး တွင် ပျူမြို့ဟုခေါ်တွင်ခဲ့ပြီး နောင်ကာလတွင် ပြည်မြို့ဟု ပြောင်းလဲလာကြောင်း၊ ၁၉၈၂ ခုနှစ်တွင်ပြုစုသော ပြည်မြို့နယ် မှတ်တမ်းတွင် ဖော်ပြ ခဲ့ပါသည်။ ၁၈၃၇ ခုနှစ်တွင် ပြုစုသည့် မှန်နန်း ရာဇဝန်ကြီး၌ သရေ ခေတ္တရာ အကြောင်း ပြည့်စုံစွာပါရှိပါသည်။

ပြည်မြို့ကို ပုဂံပြည့်ရှင် နရသီဟပတေ့(တရုတ်ပြေးမင်း)၏ သားတော် သီဟသူက AD- 604 တွင် တည်ထောင်ခဲ့ပါသည်။ မြန်မာ သက္ကရာဇ်- ၁၇၄၃ ခုနှစ်တွင် ဟံသာဝတီ ဘုရင်ဆင်များရှင်က ပြည်မြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး    ၁၇၅၄ ခုနှစ်တွင်    အလောင်းဘုရားက  ပြန်လည် သိမ်းယူခဲ့ပြီး ထိုမှ နှစ်ပေါင်း (၇၀) ခန့် ကုန်းဘောင်မင်းများက အုပ်ချုပ်ခဲ့ ပါသည်။ ဒုတိယ အင်္ဂလိပ်- မြန်မာစစ်ပွဲ အပြီးတွင် အင်္ဂလိပ် လက်အောက်သို့ ရောက်ရှိပြီး (PROME) အမည်ဖြင့် ပဲခူးတိုင်း အတွင်းထည့်သွင်း အုပ်ချုပ်ခဲ့ပါသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ(၄)ရက် နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး ၁၉၇၂ ခုနှစ် သြဂုတ်လ (၆)ရက်နေ့ အုပ်ချုပ်ရေးစနစ်သစ် ဖော်ထုတ်သည့် ကာလအထိ ပြည်မြို့ သည် ခရိုင်ရုံးစိုက်ရာ ခရိုင်မြို့ အဖြစ် တည်ရှိခဲ့ပါသည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ၁၉၈၈ ခုနှစ် နိုင်ငံတော် တာဝန်ကို တာဝန်ယူဆောင်ရွက်ခဲ့ရာ ၁၉၈၈ ခုနှစ် စက်တင်ဘာ (၂၆) ရက်နေ့တွင် ပြည်မြို့နယ်၏ ရုံးစိုက်ရာမြို့အဖြစ် လည်းကောင်း၊ ၁၉၉၂ ခုနှစ် မြို့နယ်စုများကို ခရိုင်ဟုပြင်ဆင် သတ်မှတ်ရာတွင်လည်း ခရိုင် ရုံးစိုက်ရာမြို့အဖြစ် လည်းကောင်း တည်ရှိခဲ့ပါသည်။ ထို့အပြင် ပဲခူးတိုင်းကို ပဲခူးတိုင်း(အရှေ့ပိုင်း)နှင့် ပဲခူးတိုင်း (အနောက်ပိုင်း) ဟု ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ၁၉၉၉ ခုနှစ်  အောက်တိုဘာလ (၁၈) ရက် နေ့မှ (၃/၉၉)အရ ပြည်မြို့သည် ပဲခူးတိုင်း (အနောက်ပိုင်း) တိုင်းခွဲ၏ တိုင်းရုံးစိုက်ရာ မြို့တော်ဖြစ်ခဲ့ ပါသည်။ ၂၀၁၁ ခုနှစ် အစိုးရသစ်လက်ထက်တွင် ပဲခူးတိုင်း(အနောက်ပိုင်း)ရုံးကို ပင်မ တိုင်းရုံးနှင့် ပြန်လည်ပေါင်းသည့်အတွက် ပြည်မြို့တွင် တိုင်းရုံး စိုက်ခြင်းမရှိတော့ဘဲ ခရိုင်ရုံးစိုက်ရာ မြို့အဖြစ်သာ တည်ရှိနေပါသည်။

        အထင်ကရပွဲတော်များ

        ၁၂။    ပြည်မြို့နယ်တွင် အထင်ကရပွဲတော်အဖြစ် ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့်ပွဲတော်ဖြစ်သော ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယတန်ဆောင်တိုင် ဖြစ်ပါသည်။ နှစ်စဉ်တန်ဆောင်မုန်းလဆန်း(၈)ရက်မှ လပြည့်ကျော်(၂)ရက်နေ့ထိ (၁၀)ရက်တိုင်တိုင် ကျင်းပပါသည်။ ပွဲတော်နယ်နိမိတ်ကို ရွှေဆံတော်ဘုရားမြောက်စောင်းတန်းလမ်းထိပ် နာရီစင်မှ အရှေ့လားသော် ဗိုလ်ချုပ်လမ်းကျောက်တော်ကြီးဘုရားထိ နဂါးလိမ်တန်လမ်းထိ၊ အနောက်ဘက်တွင် ဗိုလ်ချုပ်လမ်းတစ်လျှောက် ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ထိ ညောင်စင်တန်းလမ်းအပါအ၀င် စာတိုက်တန်း လမ်းရှိ သံလမ်းထိပ်ထိ၊ မြောက်ဘက်တွင် မြောက်စောင်းတန်းလမ်းတစ်လျှောက် စစ်ကဲလမ်း၄င်းမှ ပန်းဘဲတန်းလမ်း၊ တရုတ်တန်းလမ်းထိပ်ထိ၊ တောင်ဘက်တွင် လှိုင်ဂတ်လမ်းတစ်လျှောက် သင်္ဘောဆိပ်လမ်းထိ၊ အနောက်စောင်းတန်းလမ်းတွင် ပြည်-ရန်ကုန်လမ်းထိဖြစ်ပါသည်။

သမိုင်းကြောင်း

၁၃။    လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးသည် မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ် ကပင် တည်ထားကိုးကွယ်ခဲ့သော စေတီတော်မြတ်ကြီးဖြစ်ပါသည်။ လေးဆူဓါတ်ပျော် ဟု ခေါ်ရခြင်းမှာ (၁)ကကုသန်မြတ်စွာဘုရား၏ ဒုကုဋ်သင်္ကန်းတော်၊ (၂)ကောဏဂုံမြတ်စွာဘုရား၏ အံသကိုဋ်တော်၊ (၃)ကဿပမြတ်စွာဘုရား၏ ခါးပန်းတော်နှင့် (၄)ဂေါတမမြတ်စွာဘုရား၏ဆံတော်မြတ်လေးဆူ၊ မွေရှင်တော်မြတ်ရှစ်ဆူ၊ နိသီဒိုင်တော်တို့ကို ဌာပနာ၍ တည်ထားသောကြောင့် ခေါ်ဆိုရခြင်း ဖြစ်ပါသည်။ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး တည်ထားသော တောင်တော်ကို သုဒဿန တောင်တော်ဟု ခေါ်ပါသည်။မြတ်စွာဘုရားနုစဉ်အခါ ဟင်္သာမင်း၊ ကြက်မင်း၊ ဖွတ်မင်း၊ ယုန်မင်းဖြစ်စဉ်က နေထိုင်ခဲ့သော တောင်တော် ဖြစ်ပါသည်။

          စေတီတော်ဒါယကာများမှာ အဇ္ဇိကနှင့် ဘလ္လိကကုန်သည်ညီနောင်၊ ဧရာပထနဂါးမင်း၊ သမ္ဘုလ္လ ဘီလူးမင်း၊ သိကြားမင်း၊ ဗြဟ္မာမင်းတို့ ဖြစ်ကြပါသည်။ မဟာသက္ကရာဇ် ၁၀၃ခုနှစ် တပေါင်းလဆန်း (၁၃)ရက်နေ့တွင် စတင်တည်ထားရာ ထိုနှစ်တပေါင်းလပြည့်နေ့တွင် ပြီးစီးသည်။ တည်ဦးစက ဉာဏ်တော်၇-တောင်၊ အလျားအနံ၁၄-တောင်ရှိ၍ စပါးစုသဏ္ဍာန် မြေစိုက်စေတီတော် ဖြစ်ပါသည်။

          သာသနာနှစ် ၁၂၆-ခုနှစ် သရေခေတ္တရာပြည်ကို တည်ထောင်စိုးစံသော ဒွတ္တပေါင်မင်းကြီးသည် ဘ၀ဟောင်းက အဇ္ဇိကနှင့် ဘလ္လိကကုန်သည်ညီနောင်ဖြစ်ခဲ့ကြသော သားတော်ရဟန္တာ ၂-ပါးက ရှာဖွေပေးသဖြင့် စေတီတော်ကို ဖူးတွေ့ရသောအခါ လွန်စွာကြည်ညိုခြင်းဖြစ်ပြီး စေတီတော်ကို ယခုဖူးတွေ့ရသည်ပုံသဏ္ဍာန်အတိုင်း ပြုပြင်တည်ထားခဲ့ပါသည်။

          မြန်မာမင်းအဆက်ဆက်တို့သည် စေတီတော်ကို ကိုးကွယ်ကြပြီး ပြုပြင်ရန်လိုအပ်သည်တို့ကို ပြုပြင်ခဲ့ကြပါသည်။ သက္ကရာဇ် ၄၄၅ခုနှစ် (အေဒီ-၁၀၈၃ခုနှစ်)တွင် ပုဂံပြည့်ရှင် ကျန်စစ်သားမင်းသည် ဤစေတီတော်ကြီးကို ဖူးမြှော်ပြီး မိမိ၏ဘ၀ဖြစ်စဉ်နှင့် စေတီတော်ကြီးသမိုင်းအကျဉ်းကို မွန်ဘာသာဖြင့် ကျောက်စာထိုး၍ စေတီတော်ကြီး၏အလယ်ပစ္စယံ တနင်္ဂနွေဒေါင့်တွင် စိုက်ထူခဲ့ပါသည်။ ထိုကျောက်စာကို ယဉ်ကျေးမှု၀န်ကြီးဌာနက ကျောက်စာတိုက်ဆောက်လုပ်၍ ထိန်းသိမ်းထားပါသည်။

          အင်း၀ခေတ်တွင် မြန်မာ့သမိုင်း၌အရေးပါသော ဖြစ်ရပ်(၁)ခုသည် လေးဆူဓါတ်ပျော် ရွှေဆံတော်ရင်ပြင်တော်ပေါ်၌ ဖြစ်ပေါ်ခဲ့ပါသည်။ ထိုဖြစ်ရပ်မှာ အခြားမဟုတ်အင်း၀ဘုရင်မင်းခေါင်နှင့် မွန်ဘုရင်ရာဇာဓိရာဇ်တို့သည် သက္ကရာဇ် ၇၆၇ခုနှစ်တွင် စေတီတော်ကြီးရင်ပြင်တော်ပေါ်၀ယ် သစ္စာပြု ၍ ငြိမ်းချမ်းရေးရယူခဲ့ကြခြင်းဖြစ်သည်။

          သက္ကရာဇ် ၁၁၁၆ခုနှစ် တပိုတွဲလပြည့်ကျော် (၁၂)ရက်နေ့တွင် အလောင်းမင်းတရားကြီးသည် ပြည်မြို့ကို မွန်တို့လက်၀ယ်မှ အောင်မြင်စွာသိမ်းပိုက်ခဲ့ပါသည်။ အလောင်းမင်းတရားကြီးသည် ထိုနေ့ ညနေ၌ပင် စေတီတော်မြတ်ရင်ပြင်တော်ပေါ်သို့ တက်ရောက်ပြီး စေတီတော်ကြီးကို ဖူးမြှော်ရာတွင် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ မိမိကုသိုလ်တော်ရွှေထီတော်တင်လှူလိုသောဆန္ဒဖြစ်ပေါ်လာခဲ့ရာ သက္ကရာဇ် ၁၁၁၆ခုနှစ် တပေါင်းလပြည့်နေ့တွင် ယခင်မွန်ဘုရင်တို့ တင်လှူခဲ့သော ထီးတော်ကို မဖယ်ရှားဘဲ မြန်မာထီးတော်ကို ဆင့်၍ တင်လှူခဲ့ပါသည်။ ထို့ကြောင့် လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် ထီးတော်(၂)ဆင့်ရှိနေခြင်း ဖြစ်ပါသည်။ ဤသို့ ထီးတော်(၂)စင်းရှိနေခြင်းသည် ရွှေဆံတော်စေတီမြတ်ကြီး၏ထူးခြားချက်ပင်ဖြစ်ပါသည်။ ထိုထီးတော် (၂)စင်းကို ပုံစံပြု၍ ပြည်မြို့၀န်းကျင်နှင့် အနီးအပါးမြို့နယ်များတွင် စေတီပုထိုးများ တည်ထားကိုးကွယ်ကြရာတွင် ထီးတော်(၂)ဆင့်ပြုလုပ်၍တင်လှူပူဇော်သောအစဉ်အလာ ဖြစ်ပေါ်ခဲ့ ပါသည်။

          သက္ကရာဇ် ၁၂၂၀ခုနှစ်( ခရစ်နှစ်-၁၈၅၈)ခုနှစ် ဝါခေါင်လပြည့်ညနေ(၃)နာရီအချိန်တွင် ပြည်မြို့ ၌ ပြင်းထန်သော မြေငလျင်လှုပ်မှုဖြစ်ခဲ့ရာ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးသည် ခေါင်းလောင်းမှောက်အထိ ပြိုကျပျက်စီးခဲ့ပါသည်။ ပြည်မြို့ ကုန်သည်ကြီး ဦးသာရွဲဦးဆောင်သော အဖွဲ့သည် ရတနာပုံနေပြည်တော်မင်းတုန်းမင်းတရားကြီးထံသို့ သွားရောက်၍ အကျိုးအကြောင်း တင်ပြလျှောက်ထားရာ မင်းတုန်းမင်းတရားကြီးက ပြင်ဆင်ခွင့်စာချွန်တော်နှင့် အလှူတော်ငွေကျပ် ၂၀၀၀၀ (ကျပ်နှစ်သောင်း)ထည့်၀င်လှူဒါန်းခဲ့သဖြင့် ရဟန်းရှင်လူပြည်သူအများ၏ ထည့်၀င်ငွေများ နှင့် စုပေါင်းကာလေးဆူဓါတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီးကို ပြန်လည်ပြုပြင် ခဲ့သည်။

          ခေတ်အဆက်ဆက်တွင် ရဟန်းရှင်လူပြည်သူအများတို့သည် ရွှေဆံတော်စေတီတော်မြတ်ကြီး အရှည်တည်တံ့အောင် ပြုပြင်ရန်လိုအပ်သည့်အခါတိုင်း သဒ္ဒါထက်စွာ ပြုပြင်မွမ်းမံခဲ့ကြသည်။

          မြန်မာသက္ကရာဇ် ၁၃၆၃ခုနှစ် တန်ခူးလဆန်း(၁)ရက်(၁၃.၄.၂၀၀၂)စနေနေ့ညနေ(၄ :၁၅)နာရီ အချိန်တွင် စနေဒေါင့်မှ ရုတ်တရက်လေပြင်းတိုက်ခတ်ရာ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ထီးတော် ယိုယွင်းပျက်စီးသွားခဲ့ပါသည်။ ရဟန်ရှင်လူပြည်သူအများတို့သည် ၁၃၆၄ခုနှစ် သီတင်းကျွတ် လပြည့်နေ့(၂၁.၁၀.၂၀၀၂)တနင်္လာနေ့တွင် ရွှေစင်ရွှေသားအတိပြီးသော ရွှေထီးတော်၊ ငှက်မြတ်နား တော်၊ စိန်ဖူးတော်တို့ကို အသစ်တဖန် ပြည်လည်တင်လှူပူဇော်ခဲ့ကြပါသည်။

          ကောဇာသက္ကရာဇ် ၁၂၆၁ ခုနှစ်တွင်  ပြည်မြို့၊ ပွင့်လှသိမ်ကုန်းကျောင်းတိုက်ပထမတိုက်တည် ဦးနာရဒဆရာတော်ဘုရားကြီးသည် သံဃာအဖွဲ့၀င်များနှင့် ဆရာကြီးဦးလူဘေအမှူးပြုသည့် တပည့် ဒါယကာ၊ ဒါယိကာမများ လိုက်ပါလျှက် သီဟိုဠ်ကျွန်း(သီရိလင်္ကာ)ကန္ဒီမြို့၌ ဂေါတမမြတ်စွာဘုရား၏ လက်ဝဲအောက်စွယ်တော်မြတ်ကို ဖူးမြှော်ကန်တော့ရသဖြင့် လွန်စွာသဒ္ဒါကြည်ညိုတော်မူရပြီး ဖူးမြှော်စေလိုသဖြင့် သီဟိုဠ်ကျွန်းဆရာတော်ကြီး ဦးနာရဒနှင့် ဆရာကြီးဦးလူဘေတို့က စွယ်တော်အစစ်နှင့် သဏ္ဍာန်အဆင့်မယွင်းတူမျှသော စွယ်တော်ပွားတစ်ဆူကို ပြည်မြို့သို့ ပင့်ဆောင်နိုင်ရေးအတွက် စီမံဆောင်ရွက်ပေးပါရန် ခွင့်တောင်းလျှောက်ထားတောင်းပန်မှုအရ သီဟိုဠ်ကျွန်းဘုန်းတော်ကြီး ဦးပတိဿကိုယ်တိုင် ကြီးကြပ်စီမံတော်မူပြီးနောက် စွယ်တော်ပွား အတွင်း၌ မြတ်စွာဘုရား၏ဓါတ်တော်စစ်ကိုးဆူတို့ကို ဌာပနာကာ မြတ်စွာဘုရား၏ စွယ်တော်ဓါတ်မြတ်အစစ်နှင့် ရက်ပေါင်း(၄၀)တိတိအတူတကွ ကိန်း၀ပ်စံနေတော်မူပြီး စွယ်တော်ပွား အား ရွှေကြုပ်၊ ငွေကြုပ်၊ စန္ဒကူကြုပ်တို့အတွင်း ထည့်သွင်းလျှက် ကန္ဒီမြို့မှ ပြည်မြို့သို့ ရန်ကုန်မြို့မှတဆင့် ပေးပို့လိုက်ရာ ယင်းမှတဆင့် ပြည်မြို့ ရွှေဆံတော်ရင်ပြင်တော်ပေါ်ရှိ စေတီယင်္ဂဏ အသင်းသို့ အကြောင်းကြားချက်အရ အသင်းဉက္ကဌ အစိုးရရှေ့နေကြီး ဦးလှဘူး၊ အကျိုးတော်ဆောင် ဆရာကြီး ဦးလူပေနှင့်တကွ စေတီယင်္ဂဏအသင်းသူ အသင်းသားအပေါင်းတို့အနေနှင် ၀မ်းမြောက်၀မ်းသာစွာဖြင့် စွယ်တော်ပွား ဓါတ်မြတ်ကို ရန်ကုန်မြို့မှ ပြည်မြို့သို့ အထူးမီးရထားဖြင့် ခမ်းနားကြီးကျယ်စွာ ပင့်ဆောင်လာခဲ့ရာ ၁၂၆၁ခုနှစ် တန်ဆောင်မုန်းလဆန်း(၁၁)ရက်နေ့ ညနေ(၅)နာရီ တိတိအချိန်တွင် ခေတ္တရာမည် မြို့ရွှေပြည်သို့ ရောက်ရှိ၍ ကိန်း၀ပ်စံပယ်တော်မူခဲ့ရာ (၁၁၇)နှစ်မြောက်ခဲ့ပြီဖြစ်ပါသည်။ဗုဒ္ဓဘာသာ၀င် သူတော်စင်အပေါင်းတို့ နှစ်ထောင်းအားရစွာ ဖူးမြှော် ကန်တော့ပူဇော်နိုင်ရန် နှစ်စဉ်တန်ဆောင်မုန်းလဆန်း(၁၁)နေ့တွင် ဗုဒ္ဓမြတ်စွယ်တော်ကို ပတ္တမြားစေတီ အတွင်းရှိ ရွှေကြုပ်မှ ဖွင့်လှစ်ကာ စိန်စေတီတော်ပေါ်သို့ ပင့်ဆောင်ပြီးလျှင် မြတ်စွယ်တော်တိုက်၌ ကိန်း၀ပ်စံပယ်တော်မူပြီး မြတ်စွယ်တော်ဂန္ဓာကုဋီတိုက်၌ အပူဇော်ခံပါသည်။

 

 

 

 

နိဂုံး

၁၄။    ပြည်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များကို ဌာနဆိုင်ရာမှပေးပို့သော အချက်အလက်များ၊ ဒေသဆိုင်ရာအချက်အလက်စာစောင်များ၊ မှတ်တမ်းများအပေါ်တွင် အခြေခံလျှက် ပြုစုထားခြင်းဖြစ်ပါသည်။ ဒေသဆိုင်ရာအချက်အလက်များအား မှတ်တမ်းတင်စုစည်းတင်ပြခြင်းအားဖြင့် မြို့နယ်တစ်ခုလုံး၏ အချက် အလက်နှင့် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို လေ့လာသိရှိနိုင်ပြီး မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။

                                                                                       မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

                 ပြည်မြို့

 

ရက်စွဲ။ ၂၀၁၆ ခုနှစ်   စက်တင်ဘာလ             ရက်။

                      

 

                          မာတိကာ

စဉ် အကြောင်းအရာ စာမျက်နှာ
မှ ထိ
မြို့နယ်မြေပုံ၊ မြို့ကွက်ချမြေပုံ
နိဒါန်း
တည်နေရာ၊အကျယ်အဝန်း
နယ်နိမိတ်နှင့်မြေမျက်နှာသွင်ပြင်
ရာသီဉတု
လူဉီးရေ
အုပ်ချုပ်ရေးဆိုင်ရာအချက်အလက်များ
စီးပွားရေဆိုင်ရာအချက်အလက်များ
လူမှုရေးဆိုင်ရာအချက်အလက်များ
ကျေးလက်ဒေသဖွံ့ဖြိုးရေး
၁၀ ယဉ်ကျေးမှုနယ်မြေများ
၁၁ ဒေသခံသမိုင်းအကျဉ်း ၁၀
၁၂ အထင်ကရပွဲတော်များ ၁၀ ၁၂
၁၃ နိဂုံး ၁၃
မြေပုံများနှင့် မှတ်တမ်းဓါတ်ပုံ