Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန / စည်ပင်သာယာရေးအဖွဲ့ / ပြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြစ်ရေပေးရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ပြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြစ်ရေပေးရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

မတ် ၄ (ပြည်)
==================================

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဂျပန်နိုင်ငံအကြား ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး ပြယုဂ်အဖြစ် ဂျပန်နိုင်ငံ၏ တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့ဆိုင်ရာ ချေးငွေJICA ODA loan ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်းဆောင်ရွက်သော
ပြည်မြို့ ရေပေးဝေရေးအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဖွင့်ပွဲအခမ်းအနားကို မတ် (၄ )ရက်နေ့ညနေ( ၄) နာရီအချိန်က ပြည်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မှ ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ခဲ့သည့် လမ်း/ တံတား/ ရေပေးဝေရေး/ သာယာလှပရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပြည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာသည်။
ထို့နောက် မြို့ရေပေးဝေရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား တိုင်းဒေသကြီး စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး ၊ ကျေးလက်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးခန့်ဇော် နှင့် ဂျပန်နိုင်ငံ JICA အဖွဲ့ ကိုယ်စားလှယ်တစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်တို့က မြို့ရေပေးဝေရေး ဆိုင်းဘုတ်နှင့် ကမ္ဗည်းမော်ကွန်းအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွန်ကြားရေးမှူး ဦးအောင်မြင့် ၊ ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ သူရဦးမြင့်သူနှင့် တာဝန်ရှိသူများက ဝန်ကြီးချုပ် ၊ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ၊ ကျေးလက်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် နှင့် JICA အဖွဲ့ကိုယ်စားလှယ်တို့အား မြို့ရေပေးရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဖွင့်ပွဲအထိမ်းအမှတ်အဖြစ် အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ကြပြီး ပြည်မြို့ မြစ်ရေပေးဝေရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်း
Rapid Sand Filtratiom System အား လှည့်လည်ကြည့်ရှု့ခဲ့ကြသည်။
မြို့ရေပေးရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ၂၀၁၆ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၁ရခုနှစ် ဒီဇင်ဘာလကုန်တွင် လုပ်ငန်းအားလုံးပြီးစီးခဲ့သည်။ အဆိုပါလုပ်ငန်းမှ တစ်ရက်လျှင် ရေဂါလံသိန်း(၂၀) ဖြန့်ဝေပေးနိုင်ပြီး အကျိုးပြု ရပ်ကွက်များအနေဖြင့် ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ဆံတော်ရပ်ကွက်၊ ဆင်စုရပ်ကွက်၊ ရွှေကူရပ်ကွက်၊ နဝင်းရပ်ကွက်နှင့် ရွာဘဲရပ်ကွက်တို့ကို အကျိုးဖြစ်ထွန်းစေပြီး သန့်ရှင်းသော သောက်သုံးရေများ ဖြန့်ဝေပေးနိုင်သည့်အပြင် ရေဖိအားနည်းသော နေရာများအား ရေလုံလောက်စွာ ဖြန့်ဝေပေးနိုင်သည့် အကျိုးသက်ရောက်မှုများ ရရှိကြောင်း သတင်းရရှိသည်။