Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်ဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲခြင်းသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်ဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲခြင်းသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

စက်တင်ဘာ ၁၂ (ပဲခူး)
==========================

စက်တင်ဘာလ(၁၂)ရက်နေ့၊ (၀၈:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခမ်းမ၌  ပြည်သူပူးပေါင်းပါ၀င်သော မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲခြင်းသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဏာရေးဝန်ကြီးဌာန၊ ၀န်ကြီး ဦးညွန့်ရွှေ ၊ UNDP မှတာဝန်ရှိဌာနေကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပေါက်ခေါင်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ၊ ပေါက်ခေါင်းမြို့နယ် ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲသည် ပြည်သူများအနေဖြင့် မိမိတို့ဒေသရှိ လိုအပ်ချက်အပေါ် စီမံကိန်းရေးဆွဲခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ပူးပေါင်းဆောင်ရွက်တတ်စေသော ဒီမိုကရေစီ အလေ့အကျင့်အကောင်းများ ရရှိနိုင်စေရန် ရည်ရွယ် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။