Home / ကဝမြို့နယ် / ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းသင်တန်းဖွင့်ပွဲသို့ ဝန်ကြီး ဦးညွန့်ရွှေ တက်ရောက်

ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းသင်တန်းဖွင့်ပွဲသို့ ဝန်ကြီး ဦးညွန့်ရွှေ တက်ရောက်

စက်တင်ဘာ ၇ (ပဲခူး)

====================================

စက်တင်ဘာလ (၇)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ကဝမြို့၊ မြို့နယ်ခန်းမ၌ ပြည်သူ ပူးပေါင်းပါဝင်သော မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းသင်တန်းဖွင့်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။

အခမ်းအနား၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေက မိမိတို့အစိုးရသည် ဒီမိုကရေစီစနစ်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နေသည်နှင့်အညီ ဒေသအလိုက် စီမံကိန်းများ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူလူထုကို အခြေခံသည် စနစ်ဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုနှစ်ဆိုလျှင် ကဝမြို့နယ်အတွင်း UNDP မှ ပြည်သူ ပူးပေါင်းပါဝင်သော မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းသည် (၂)ကြိမ်ရှိခဲ့ပြီး ဖြစ်ကြောင်း၊ ဒေသလိုအပ်ချက်ကို ဒေသခံပြည်သူတို့မှ စီမံကိန်းရေးဆွဲခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် UNDP မှ ကိုယ်စားလှယ်တစ်ဦးက ပြည်သူ ပူးပေါင်းပါဝင်သော မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်း၏ သဘောသတရားများ၊ လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။

UNDP မှ ဦးဆောင်၍ မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်း သင်တန်းဖွင့်ပွဲနှင့် အလုပ်ရုံ ဆွေးနွေးပွဲအား ကဝမြို့၊ မြို့နယ်ခန်း၌(၇-၉-၂၀၁၇)ရက်နေ့မှ (၈-၉-၂၀၁၇)ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။

အခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ UNDP မှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကဝမြို့နယ်အုပ်ချုပ်ရေး၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိ/မြို့ဖ များနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။