ပြည်သူအကျိုးပြု ရေလှူဒါန်းခြင်းပြုလုပ်

ဧပြီ ၉ (ပဲခူး)

==================================

 

ဧပြီလ (၉)ရက်နေ့ ၌ခူးခရိုင်ရဲတပ်ဖွဲ့မှူး၊ ယာယီဒုတိယရဲမှူးကြီး စိန်မင်း ဦးစီးတပ်ဖွဲ့ဝင် (၃၂)ဦးသည် ကဝမြို့နယ်၊ စာဖြူစုကျေးရွာသို့ သောက်သုံးရေဂါလံ (၃၅၀၀)ဂါလံ၊ တန်ဖိုးငွေ(၁၈၅၀၀ဝိ/-)အားလည်းကောင်း၊ သာယာဝတီခရိုင်ရဲတပ်ဖွဲ့မှူး၊ ယာယီဒုရဲမှူးကြီး ကျော်စိုး၊ ကြို့ပင်ကောက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဆွေ ဦးစီးသော တပ်ဖွဲ့ဝင်(၃၄)ဦးမှ ကြို့ပင်ကောက်မြို့နယ်၊ သဲတွင်းကျေးရွာသို့ သောက်ရေဂါလံ(၂၅၀)ဂါလံ၊ သုံးရေဂါလံ(၂၈၀ဝ)ဂါလံ၊ စက်တိုင်ကုန်းရပ်ကွက်သို့ သောက်ရေဂါလံ(၂၅၀)ဂါလံ၊ သုံးရေဂါလံ(၂၈၀၀)ဂါလံ၊ စုစုပေါင်းတန်ဖိုးငွေ (၉၀၀၀ဝိ/-)အားလည်းကောင်း၊ သာယာဝတီမြို့မစခန်းမှူး ဒုရဲမှူး လှသိန်းဦးစီးသော တပ်ဖွဲ့ဝင်(၁၆)ဦးသည် သာယာဝတီမြို့နယ်၊ ကျွန်းကုန်းကျေးရွာ၊ အောက်ချောင်းသုံးခွကျေးရွာ၊ ကျွဲသတ်ကျေးရွာတို့အား (၂၀)လီတာရေသန့်ဗူးကြီး(၁၀၀)ဗူး (၅၀၀)ဂါလံ၊ (၁)လီတာရေသန့်ဗူး(၃၀၀)ဗူး(၆၀)ဂါလံ၊ စုစုပေါင်းတန်ဖိုး(၉၅၀၀ဝိ/-)တို့အား ကျေးလက်နေပြည်သူ/သားများအတွက် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များမှ အသီးသီး လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။