• ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် စီပွားရေးနှင့်ဘဏ္ဍာရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက နိုင်ငံသားများပါဝင်နိုင်သော ဘတ်ဂျက်ဖြစ်စဉ်အကြောင်းအရာများ ရှင်းလင်းတင်ပြစဉ်

  • ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုအကြောင်း မိတ်ဆက်အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများ

Home / ပဲခူးမြို့နယ် / ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုအကြောင်း မိတ်ဆက်အလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပ

ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုအကြောင်း မိတ်ဆက်အလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပ

စက်တင်ဘာ ၆

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ The Asia Foundation နှင့် Renaissance Institute တို့မှ ပူးပေါင်းစီစဉ်သော ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုအကြောင်း မိတ်ဆက်အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့အဖြစ် ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်က အဖွင့်အမှာစကားပြောကြား ပြီးနောက် Renaissance Institute မှ အဖွဲ့ဝင် ဦးစိန်ဌေးက ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုအကြောင်းကို မိတ်ဆက်ရှင်းလင်းရာ ကောင်းမွန် သောပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုစနစ်၏ အရေးကြီးပုံကို ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်များ၊ မီဒီယာနှင့် အရပ်ဘက်အဖွဲ့အစည်း များ ပိုမိုသိရှိနားလည်စေရန် မူဝါဒစီမံကိန်းရေးဆွဲခြင်းနှင့်ဘတ်ဂျက်ရေးဆွဲခြင်းကြား အချိတ်အဆက်ကိုနားလည်လာပြီး၊ ၎င်းလုပ်ငန်း များ ပိုမိုထိရောက်ကောင်းမွန်လာစေရန် ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်များ၊ မီဒီယာများနှင့် အရပ်ဘက်အဖွဲ့အစည်း များအား ဘတ်ဂျက်လေ့လာစောင့်ကြည့်ရေးလုပ်ငန်းတွင် နိုင်ငံသားများပါဝင်နိုင်ရန် ဆောင်ရွက်သည့် နည်းလမ်းများပံ့ပိုးပေးနိုင်ရေး ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် စီပွားရေးနှင့်ဘဏ္ဍာရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက နိုင်ငံသားများ ပါဝင်နိုင်သော ဘတ်ဂျက်ဖြစ်စဉ်အကြောင်းအရာများကို ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များအား ရှင်းလင်းပြောကြားခဲ့ သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။