Home / မင်းလှမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ

မင်းလှမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ

မင်းလှမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ

 

တည်နေရာ၊ အကျယ်အဝန်း

၁။      မင်းလှမြို့နယ်သည် ‌မြောက်လတ္တီတွဒ်   ၁၇ ဒီဂရီ ၅၂ မိနစ် ၀၀ စက္ကန့်နှင့် ၁၈ ဒီဂရီ ၁၀ မိနစ်၊ စက္ကန့်အကြား အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၃၂ မိနစ်၊၀၀ စက္ကန့်နှင့် ၉၆ ဒီဂရီ ၀၈ မိနစ်၊ ၀၀ စက္ကန့် အကြားတွင် တည်ရှိပါသည်။  အရှေ့မှအနောက်သို့ (၁၉) မိုင်နှင့် တောင်မှမြောက်သို့ (၁၃)မိုင်ရှည်းလျားပါသည်။ မင်းလှ မြို့နယ် နှင့်မြို့တို့၏ ဧရိယာ စတုရန်းမိုင် (၂၅၈.၃၁) ရှိပါသည်။

မြေမျက်နှာသွင်ပြင် ရာသီဥတု

၂။      မင်းလှမြို့နယ်၏ အရှေ့ဘက်တွင် ပဲခူးရိုးမတောင်တန်းနှင့် သစ်တောများ ဖုံးလွှမ်းသည့် တောင်ကုန်းဒေသ ဖြစ်ပါသည်။ အလယ်ပိုင်းဒေသမှာ ‌မြေပြန့်ဒေသ ဖြစ်ပြီး အနောက် ဘက်ခြမ်းမှာ အင်း၊ အိုင်၊ ချောင်း၊ ‌မြောင်းများဖြစ်ကာ နှစ်စဉ်တောင်ကျရေများ လွှမ်းမိုးသည့် မြေနိမ့်လွင်ပြင် ဒေသဖြစ်ပါသည်။ မင်းလှမြို့နယ်သည် ပူးနွေးစိုစွတ်သော ရာသီဥတုရှိပြီး ၊ မိုးရွာရက် (၇၆)ရက်၊ ပျမ်းမျှမိုးရေချိန် (၅၃.၄၅)လက်မရှိပြီး အမြင့်ဆုံး အပူချိန် (၄၀ံC)နှင့် အနိမ့်ဆုံးအပူချိန်မှာ (၁၈ံC)နှင့် ဖြစ်ပါသည်။

အုပ်ချုပ်ရေးဆိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာဖွဲ့စည်းမှု

၃။      မင်းလှမြို့နယ်၏ အုပ်ချုပ်ရေးနယ်မြေဖွဲ့စည်းမှုမှာ မြို့နယ်(၁)ခု၊ မြို့(၁)ခု၊ ရပ်ကွက်(၁၂)ခု၊ ကျေးရွာ အုပ်စု(၅၄)ခုနှင့် ကျေးရွာပေါင်း(၂၄၆)ရွာရှိပါသည်။

စီးပွားရေး(စီးပွားရေးဆိုင်ရာခြုံငုံသုံးသပ်ချက်)

၄။      မင်းလှမြိုနယ်သည် ပဲခူးတိုင်းဒေသကြီးအတွင်း တည်ရှိပြီး စီးပွားရေးအရ အချက်အခြာကျသော မြို့နယ်တစ်ခုဖြစ်ပါသည်။ မြို့နယ် အတွင်းရှိ ဒေသခံပြည်သူ လူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ဆောင်ရွက်ကြပါသည်။ မင်းလှမြို့နယ်သည် ကုန်းလမ်းပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန် သော မြို့နယ်ဖြစ်ပါသည်။  မြို့နယ်၏ အဓိကထွက်ကုန်မှာ စပါး၊ ပဲ ဖြစ်ပြီး ရန်ကုန်သို့အများဆုံး တင်ပို့ရောင်းချပါသည်။ မင်းလှမြို့နယ် သည် စပါး၊ ပဲ အများအပြား ထွက်ရှိသည့်အတွက် ဒေသ အတွင်းရှိ တောင်သူများသည် စား၀တ်နေရေး ပြေလည်ကောင်းမွန်မှု ရှိပါသည်။ အခြားဒေသထွက်သီးနှံများကိုလည်း ရာသီအလိုက်စိုက်ပျိုးလုပ်ကိုင် ကြပါသည်။

လူမှုရေးအသင်းအဖွဲ့များ ဖွဲ့စည်းထားရှိမှု

၅။      မင်းလှမြို့နယ်ရှိ လူမှုရေးအသင်းအဖွဲ့များမှာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်အင်အား(၉၃၅၃)ဦး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်အင်အား(၁၃၉၂၀)ဦး၊ မြို့နယ်စစ်မှုထမ်းဟောင်းအင်အား (၂၃၃)ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်အင်အား(၃၄၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်အင်အား(၅၅၇)ဦးရှိပါသည်။ မင်းလှ မြို့နယ်အနေဖြင့် မြင့်မြတ်ကြယ်စင်နာရေးကူညီမှုအသင်း (၁)သင်းရှိပါသည်။

  • ၂ –

ကျေးလက်ဒေသဖွံ့ဖြိုးရေး(ထွေ/အုပ်အဆိုပြုတင်ပြထားသည့်လုပ်ငန်းများ )

၆။      မင်းလှမြို့နယ်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် ဥတိုကညင်ပင်-ခွက်မ-စမ်းဘုတ်ရွာတွင်းဆက်သွယ်သော (ဇရစ်မြှောင်)အုတ်ခုံခံသစ်သားတံတား၊ အလျား (၂၄)ပေ၊ အနံ(၁၅)ပေ၊ အမြင့်(၁၀)ပေရှိသော လုပ်ငန်းအား အဆိုပြုတင်ပြထားပါသည်။ တောင်းခံသည့် ရန်ပုံငွေမှာ ကျပ်သိန်း(၅၀)၊ ပြည်သူလူထုအကူအညီဖြင့် ထည့်ဝင်မည့် ငွေကျပ်သိန်း(၂၀)၊ ပစ္စည်းတန်ဖိုး (၁၀)သိန်း၊ လုပ်အားတန်ဖိုး(၁၀)သိန်းတို့ဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆောင်ရွက်မည် ဖြစ်ကြောင်း တင်ပြထားပါသည်။

ယဉ်ကျေးမှုနယ်မြေများ

၇။      မရှိပါ။

ဒေသသမိုင်းအကျဉ်း

၈။      မင်းလှမြို့နယ်ဖြစ်တည်ပုံရာဇ၀င်နှင့်ပတ်သက်၍အဆို (၂)ရပ် ရှိပါ သည်။ ပထမအဆိုမှာ ပုဂံမင်းဆက်နရသီဟပတေ့မင်း လက်ထက် တရုတ်တို့ ရန်ကြောင့် အောက်ပြည်သို့ တိမ်းရှောင်ရာတွင် တူတော်သုံးပါး ဖြစ်သည့် မောင်မောင်ကြီး (သတိုးနော်ရထာဘွဲ့ခံ သာယာ၀တီမြို့ဟောင်း အား တည်ထောင်ခဲ့သူ) မောင်မောင်လတ် နှင့်မောင်မောင်ငယ်တို့ပါ၀င်ခဲ့ရာ မင်းလှမြို့ကို မောင်မောင်လတ် (ခ) မင်းလတ်မှ တည်ထောင်ခဲ့သဖြင့် မင်းလတ်၏အမည်ကိုစွဲမှတ်၍ “မင်းလတ်” မြို့ နောင်အခါမင်းလှမြို့ဟု ခေါ်တွင်ခဲ့ ကြောင်း သိရှိရပါသည်။ ဒုတိယအဆိုမှာ လွန်စွာချောမော လှပသည့် မမင်းလှ(ခ) နတ်၀င်သည် အမျိုးသမီး ဂုဏ်သတင်းကို စွဲမှတ်၍မင်းလှမြို့ဟုခေါ်တွင်ခဲ့ကြောင်းသိရှိရပါသည်။ ၁၈၇၇ ခုနှစ်၊ မေလ(၁) ရက်နေ့ မြန်မာနိုင်ငံ၏ ပထမဆုံး မီးရထားလမ်းဖြစ်သည့် ရန်ကုန်-ပြည် မီးရထားလမ်း စတင်ဖွင့်လှစ်ခဲ့ရာတွင် လမ်းကြောင်းပေါ်ရှိ မီးရထားဘူတာအား မင်းလှဘူတာဟု သတ်မှတ်ခဲ့ပါသည်။ ထိုအချိန်မှစ၍ “မင်းလှမြို့”ဟု ခေါ်တွင် ခဲ့ကြောင်းသမိုင်းအထောက်အထားများအရ သိရှိရပါသည်။

မြို့နယ်တစ်ခုချင်းအလိုက်ပွဲတော်များ

၉။      မရှိပါ။