Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန / ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန / မသန်စွမ်းသူများနှင့် မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူများအား ထောက်ပံ့ငွေပေးအပ်

မသန်စွမ်းသူများနှင့် မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူများအား ထောက်ပံ့ငွေပေးအပ်

မတ်လ ၁၄ (ကျောက်တံခါး)
=================================

မတ်လ(၁၄)ရက်နေ့၊ နံက်(၉)နာရီအချိန်က ကျောက်တံခါးမြို့နယ် အထွေထွေအုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ မသန်စွမ်းသူများနှင့် မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ကြည်မှ ကျောက်တံခါးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် နေထိုင်ကြသော မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူများနှင့် အမြင်အာရုံချို့တဲ့သူ ၊အကြားအာရုံချို့တဲ့သူ ၊ကိုယ်အင်္ဂါမသန်စွမ်းသူ၊ ဉာဏ်ရည်မပြည့်ဝသူများမှ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ သက်ဆိုင်ရာထောက်ခံချက်များနှင့်အတူ စာရင်းပေးတင်ပြထားခဲ့ခြင်းအပေါ် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်ဖြစ်၍ ယခုလို ပြည်သူများလက်ဝယ်အရောက် စီစစ်ကာ လာရောက်ပေးအပ်ရကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကျောက်တံခါးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု (၆၄)အုပ်စုတွင် နေထိုင်ကြသော အမြင်အာရုံချို့တဲ့သူ၊ အကြားအာရုံချို့တဲ့သူ၊ ကိုယ်အင်္ဂါမသန်စွမ်းသူ၊ ညဏ်ရည်မပြည့်ဝသူနှင့် မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း(၁၇၄)ဦးအတွက် တစ်ဦးလျှင် တစ်သိန်းကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၇၄)သိန်းအား လွှတ်တော်ဒုတိယဥက္ကဌနှင့် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။