Home / မိုးညိုမြို့နယ် ဒေသဆိုင်ရာအချက်အလက်များ

မိုးညိုမြို့နယ် ဒေသဆိုင်ရာအချက်အလက်များ

မိုးညိုမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ

 

တည်နေရာအကျယ်အဝန်း

၁။      မိုးညိုမြို့နယ်သည် ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင် တွင် တည်ရှိပြီးမြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၄၈ မိနစ်မှ ၁၈ ဒီဂရီ ၂၂ မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၀၆ မိနစ်မှ  ၉၅ ဒီဂရီ ၃၃ မိနစ်ကြားတွင် တည်ရှိပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက်  ၅၄ ပေအမြင့်တွင်တည်ရှိပြီး အရှေ့မှ အနောက်သို့ (၁၀)မိုင်ရှိကာ တောင်မှ မြောက်သို့ (၃၈)မိုင် ရှည်လျားပါသည်။ မိုးညိုမြို့နယ်နှင့် မိုးညိုမြို့၏ ဧရိယာ အကျယ်အ၀န်းမှ အောက်ပါအတိုင်းဖြစ် ပါသည်။ –

စဉ် မြို့နယ် ဧရိယာ စတုရန်းမိုင် မြို့ ဧရိယာ စတုရန်းမိုင်
မိုးညို ၂၄၆.၉ မိုးညို ၁.၆၈

 

မြေမျက်နှာသွင်ပြင်

၂။      မိုးညိုမြို့နယ်၏မြေမျက်နှာသွင်ပြင်သည်ညီညာပြန့်ပြူးသည့် သွင်ပြင် လက္ခဏာရှိသော်လည်း အင်းအိုင်ပေါများပါသည်။ မြို့နယ်ကို   အရှေ့မှအနောက်သို့ဖြတ်သန်းစီးဆင်းသည့် ချောင်း(၃)ချောင်း ရှိပါသည်။ဆင်ခေါင်းချောင်းမှာ ဆင်ခေါင်းအုပ်စု ဆင်ခေါင်းရွာအနီးမှ လည်းကောင်း ဘုရားဖြူချောင်းသည်မြစ်သာအုပ်စု မြစ်သာရွာအနီးမှ လည်းကောင်း၊ သနပ်ချောင်းသည်ကြို့ပင်သာအုပ်စု ထွဋ်မြတ်ရွာအနီးမှ လည်းကောင်း၊ ဖြတ်သန်း စီးဆင်းပြီး၄င်းချောင်းများသည် မြစ်မခမြစ် လက်တက်နှင့်  ဧရာ၀တီမြစ်ကို ဆက်သွယ်ပေးထားပါသည်။

 

ရာသီဥတု

၃။      မိုးညိုမြို့နယ်သည် ပူအိုက်စိုစွတ်သော ရာသီဥတုရှိပြီး ၊ အမြင့်ဆုံး အပူချိန် (၄၈ Hc)နှင့် အနိမ့်ဆုံးအပူချိန်မှာ ( ၁၅ Hc ) ဖြစ်ပါသည်။ နှစ်အလိုက်ဖြစ်ပေါ်ခဲ့သော မိုးရေချိန်နှင့်အပူချိန်မှာ တစ်ဖက်ပါအတိုင်း ဖော်ပြပါသည်-

စဉ်  ခုနှစ် မိုးရေချိန် အပူချိန်
မိုးရွာ ရက် စုစုပေါင်း  မိုးရေချိန် နွေရာသီ   

( Hc)

ဆောင်းရာသီ 

( Hc)

အမြင့်ဆုံး အနိမ့်ဆုံး
၂၀၁၁ ၁၁၂ ၈၇.၉၀ ၃၅ ၂၀
၂၀၁၂ ၈၂ ၄၈.၂၀ ၃၆ ၂၁
၂၀၁၃ ၁၀၇ ၇၃.၈၉ ၃၆ ၂၃
၂၀၁၄ ၈၆ ၅၂.၉၁ ၄၀ ၁၅
၂၀၁၅ ၈၇ ၆၃.၆၂ ၄၀ ၁၅
၂၀၁၆ ၃၁ ၃၁.၇၃ ၄၄ ၁၂

 

အုပ်ချုပ်ရေးဆိုင်ရာ ( မြို့၊ ရပ်ကွက်/ကျေးရွာအုပ်စု၊ ကျေးရွာများ ဖွဲ့စည်းမှု)

 

၄။     မိုးညိုမြို့နယ်၏ အုပ်ချုပ်ရေးဆိုင်ရာ မြို့၊ ရပ်ကွက်/ကျေးရွာအုပ်စု၊ ကျေးရွာများ ဖွဲ့စည်းမှုမှာ အောက်ပါ အတိုင်း  ဖြစ်ပါသည်-

 

စဉ် မြို့နယ် မြို့ ရပ်ကွက် ကျေးရွာအုပ်စု ကျေးရွာ
မိုးညို ၃၇ ၂၀၇

 

စီးပွားရေး (စီးပွားရေးဆိုင်ရာ ခြုံငုံသုံးသပ်ချက်)

၅။      မိုးညိုမြို့နယ်သည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းတည်ရှိပြီး စီးပွားရေးအရ အချက်အခြာကျသော မြို့နယ်တစ်ခုဖြစ်ပါသည်။ မြို့နယ်အတွင်းရှိဒေသခံပြည်သူလူထုသည် စိုက်ပျိုးရေး လုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင်ရွက်ကြပါသည်။ မြို့နယ်၏အဓိကထွက်ကုန်မှာ ဆန်၊ စပါးနှင့်ပဲမျိုးစုံ ဖြစ်ပါသည်။

 

လူမှုရေး (အသင်းအဖွဲ့များဖွဲ့စည်းထားရှိမှု)

 

၆။      မိုးညိုမြို့နယ်အတွင်း တရားဝင်မှတ်ပုံတင်ခွင့်ပြုထားရှိသော အသင်းအဖွဲ့များ၏ အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

 

စဉ် အသင်းအဖွဲ့အမည် လိပ်စာ မှတ်ပုံတင် အမှတ် အသင်း၏ ရည်ရွယ်ချက် မှတ်ချက်
ရွှေမိုးညိုလူမှုကူညီရေး အသင်း(မိုးညို) အမှတ်(၁၁) သခင်လှရှိန်လမ်းမကြီး သခင်လှရှိန်ရပ်ကွက် မိုးညိုမြို့ ပြည်တွင်း/ ၀၀၁ အရေးပေါ်လူနာ များအားဆေးရုံ၊ ဆေးခန်းသို့ပို့ ဆောင်ပေးရေး
အလင်းသီတံ အရပ်ဘက်လူမှုအဖွဲ့ အမှတ်(၃၂) ပြည်တော်အေးလမ်း ရွှေဥဒေါင်းရပ်ကွက် မိုးညိုမြို့ ပြည်တွင်း/ ၀၀၂ လူမှုအသိုင်းအဝိုင်း အတွင်းလွတ်လပ်၍မှန်ကန်တရားမျှတသည့် စနစ်များ အားကောင်းစေရေး
မြို့နယ်မျက်စိရောဂါ ကုသရေးကူညီမှု အသင်း မြမြင့်မိုရ်စာပေ သခင်လှရှိန်လမ်းမကြီး သခင်လှရှိန်ရပ်ကွက် မိုးညိုမြို့ ပြည်တွင်း/၀၀၃ မြို့နယ်အတွင်း မျက်စိဝေဒနာရှင် များအားဆေးကုသရေးကူညီရန်
နှလုံးလှအောက်ဆီဂျင် အခမဲ့ကူညီမှု အသင်း ပြည်တော်အေးလမ်း ရွှေဥဒေါင်းရပ်ကွက် မိုးညိုမြို့ ပြည်တွင်း/၀၀၄ မြို့နယ်အတွင်း မည်သည့်နေရာ ဒေသတွင်မဆို အောက်ဆီဂျင်လို အပ်လျှက်ရှိသော လူနာများအား အချိန်နှင့်တပြေးညီ အခမဲ့ထောက်ပံ့လှူဒါန်းပေးနိုင်ရန်
မြင့်မြတ်ဖြူစင်နာရေး ကူညီမှုအသင်း ငုဝါမြိုင်လမ်း မြို့မရပ်ကွက်၊ မိုးညိုမြို့ ပြည်တွင်း/ ၀၀၅ နာရေးကိစ္စများ အခမဲ့ကူညီ ထောက်ပံ့/ပံ့ပိုးမှု များ ပေးနိုင်ရန်
မေတ္တာစမ်းရေ ပရဟိတအသင်း မြစ်သာကျေးရွာ မြစ်သာကျေးရွာအုပ်စု မိုးညိုမြို့နယ် ပြည်တွင်း/၀၀၆ လူမှုဘဝတိုးတက် ဖွံ့ဖြိုးရေး ပရဟိတ လုပ်ငန်း

 

 

ကျေးလက်ဒေသဖွံ့ဖြိုးရေး (ထွေ/အုပ်မှ အဆိုပြုတင်ပြထားသည့် လုပ်ငန်းများ)

၇။      မိုးညိုမြို့နယ်အတွင်း  ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အဆိုပြုတင်ပြထားသော ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

 

စဉ် လုပ်ငန်းအမျိုး အစား တည်နေရာ အတိုင်းအတာ တောင်းခံသည့် ရန်ပုံငွေ မှတ်ချက်
ဂဝံ၊ ကျောက်စရစ် လမ်းခင်းခြင်း မိုးညိုမြို့နယ် ဆုံကုန်းကျေးရွာအုပ်စု ဆုံကုန်းကျေးရွာနှင့် လေးအိမ်တန်းကျေးရွာ ဆက်သွယ်သည့် လမ်း အလျား(၄၃၂၀)ပေ အကျယ် (၈) ပေ ထု (၅) လက်မ ၅၀၀၀၀၀၀

(ကျပ်သိန်းငါးဆယ် တိတိ)

 

ယဉ်ကျေးမှုနယ်မြေများ

၈။      မိုးညိုမြို့နယ်အတွင်း ယဉ်ကျေးမှုနယ်မြေများ မရှိပါ။

ဒေသသမိုင်းအကျဉ်း

၉။      မိုးညိုမြို့နယ်အား   အမည်စတင်သတ်မှတ်သည့်ကာလနှင့် အမည်ခေါ်တွင်ပုံအမျိုးမျိုး  ရှိခဲ့သော်လည်း     အဖြစ်နိုင်ဆုံးသာဓကတစ်ခုမှာ အလောင်းစည်သူမင်းတရားကြီ: တိုင်းခန်းလှည့်လည်တော်မူစဉ် ယခု ဧရာဝတီတိုင်း မြန်အောင်မြို့နယ်ရွှေကျင်ရွာ အနီးရှိ ပဲတစ်ခွဲရွာ အရောက်၌ ဖောင်တော်ခေတ္တနားနေစဉ် ဧရာဝတီမြစ်အရှေ့ဘက်ကမ်း သို့ မျှော်ကြည့်ရှုခိုက်အချိန် ကုန်းအနည်းငယ်မြင့်မြင့် သီးပင်စားပင်တို့နှင့် စိမ်းညို့ညို့ ကျွန်းကလေးအား တွေ့မြင်ရကြောင်း “မိုးညို့”ခေါ်တွင် စေခဲ့ကြောင်းနှင့် နောင်တွင် ကာလရွှေ့လျား၍ “မိုးညို” ဟု ဖြစ်ပေါ်လာကြောင်း ရွာမှာတစ်ဖြည်းဖြည်းကြီးမားလာကာ “ မိုးညိုမြို့” ဟု ဖြစ်ပေါ်လာကြောင်း  လေ့လာသိရှိရပါသည်။    မိုးညိုမြို့ တည်ထောင်သည့် ခုနှစ်ကိုမြန်မာတဘောင်အရ         “ ဥသြညီနောင် မြို့တည်ထောင်”ဟု ပေါ်ခဲ့သဖြင့်  မြန်မာသက္ကရာဇ်  (၁၁၃၇) ခုနှစ်၊    ခရစ်သက္ကရာဇ် (၁၇၇၅) ခုနှစ်မှ စတင်တည်ထောင်ခဲ့ကြောင်း လေ့လာ တွေ့ရှိရပါသည်။

မိုးညိုမြို့သည်   (၁၉၇၅)  ခုနှစ်မှ စ၍    ဧရာဝတီမြစ်ကမ်းပြိုခဲ့ရာ (၁၉၈၅) ခုနှစ်၌ ယခုမြို့သစ် နေရာသို့ တတိယအကြိမ်ပြောင်းရွှေ့တည်ထောင်ခဲ့ပါသည်။ မြန်မာသက္ကရာဇ်( ၁၃၄၇ )ခုနှစ်    ပြောင်းရွှေ့ခဲ့ရ၍ “အောင်ဇေယတုမြို့သစ်ပြု”ဟု အဆိုရှိခဲ့ပါသည်။ အစိုးရ ဌာနရုံး အဆင့်ဆင့်ကို ( ၁၉၈၅ ) ခုနှစ်၊ မေလ ( ၂၁ ) ရက်နေ့တွင် ဤမြို့သစ်သို့ ပြောင်းရွှေ့ လျှက် လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

မြို့နယ်အတွင်း ပွဲတော်များ

၁၀။    မိုးညိုမြို့နယ်အတွင်း နှစ်စဉ် ကျင်းပလေ့ရှိသော အထင်ကရပွဲတော်များ မရှိပါ။