Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / စားသုံးသူ ရေးရာဦးစီးဌာန / မြန်မာ့ချဉ်ပေါင်ဖာလာ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပပြုလုပ်

မြန်မာ့ချဉ်ပေါင်ဖာလာ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပပြုလုပ်

ဇွန် ၈ (ပဲခူး)

===============================

       ဇွန်လ(၈)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကျောက်တိုင်လမ်းနှင့် ရန်ကုန်-မန္တလေးကားလမ်းဟောင်းထောင့်၊ မိုင်ဒါကွင်းနှင့် မျက်နှာချင်းဆိုင်ရှိ ဆရာဝန်များအသင်း အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှကြီးမှုး၍ မြန်မာ့ချဉ်ပေါင်ဖာလာ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဖွဲ့စည်းခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။

        ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်း၊ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဥက္ကဌ ဦးစိုးသန်းမင်းဒင်နှင့် စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးဌေးအောင်တို့က အမှာစကားအသီးသီး ပြောကြားကြသည်။

          ထို့နောက် တာဝန်ရှိသူတစ်ဦးက မြန်မာ့ချဉ်ပေါင်ဖာလာအဖွဲ့၊ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးကျော်သူက သင်းဖွဲ့စည်းမျဉ်းဆိုင်ရာများကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး မြန်မာ့ချဉ်ပေါင်ဖာလာ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဖွဲ့စည်းရန်အတွက် အလုပ်အမှုဆောင်အဖွဲ့အား ရွေးချယ်တင်မြောက်ကြသည်။

           မြန်မာ့ချဉ်ပေါင်ဖာလာ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းအား မြန်မာ့ချဉ်ပေါင်ဖာလာ စိုက်ပျိုးထုတ်လုပ်မှု အရည်အသွေးကောင်းရေးနှင့် ပြည်ပစျေးကွက် ချဲ့ထွင်နိုင်ရေး၊ ပိုမိုတင်ပို့နိုင်ရေးနှင့် စျေးကောင်းရရှိရေးတို့အတွက် ရည်ရွယ်၍ ပဲခူး၊ မန္တလေး၊ တနင်္သာရီတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေနှင့် ကယား၊ ကရင်၊ မွန်၊ ရှမ်းပြည်နယ်များမှ မြန်မာ့ချဉ်ပေါင်ဖာလာ စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများပါဝင်သော အလုပ်အမှုဆောင်(၂၉)ဦးဖြင့် ဖွဲ့စည်းကြောင်းသိရသည်။