Home / ပဲခူးမြို့နယ် / မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ဇွန် ၁၈ (ပဲခူး)

================================

35511227_406968576449555_3551801369537019904_nပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမတွင် ဇွန်လ(၁၈)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အမျိုးသား(၃)ယောက်တွဲ ဗိုလ်လုပွဲအဖြစ် ပဲခူးမြို့နယ်အသင်းနှင့် အုတ်တွင်းမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပဲခူးမြို့နယ်အသင်းမှ အနိုင်ရဗိုလ်စွဲသွားကြသည်။

ထို့နောက် အမျိုးသမီး(၃)ယောက်တွဲ ပြိုင်တွင်တတိယရရှိသော ဝေါမြို့နယ်အသင်း၊ ဒုတိယရရှိသော ညောင်လေးပင်မြို့နယ်အသင်း၊ ပထမရရှိသော ပဲခူးမြို့နယ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေ၊ ပဲခူးတက္ကသိုလ်ပထဝီဝင်ဌာန၊ ပါမောက္ခဌာနမှူးနှင့် ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်တို့မှလည်းကောင်း၊ အမျိုးသား(၃)ယောက်တွဲ တတိယရရှိသော တောင်ငူမြို့နယ်အသင်း၊ ဒုတိယရရှိသော အုတ်တွင်းမြို့နယ်အသင်း၊ ပထမရရှိသော ပဲခူးမြို့နယ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်း၊ ဥပဒေချုပ် ဦးအုန်းမြင့်၊ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်းတို့ကလည်းကောင်း၊ အကောင်းဆုံးအမျိုးသမီး အားကစားသမားဆုရရှိသော ပဲခူးမြို့နယ်မှ မမီမီခိုင်၊ အကောင်းဆုံး အမျိုးသား အားကစားသမားဆုရရှိသော ပဲခူးမြို့နယ်မှ မောင်ကျော်မျိုးအောင်တို့အား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေကလည်းကောင်း ဆုတံဆိပ်နှင့်ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် အမျိုးသမီး(၃)ယောက်တွဲ ပြိုင်ပွဲတွင်ပထမဆုရရှိသော ပဲခူးမြို့နယ်အသင်းအား လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်မှလည်းကောင်း၊ အမျိုးသား(၃)ယောက်တွဲ ပြိုင်ပွဲတွင်ပထမဆုရရှိသော ပဲခူးမြို့နယ်အသင်းတို့အား ဝန်ကြီးချုပ် ဦးဝင်းသိန်းမှလည်းကောင်း တံခွန်စိုက်ဆုဖလားနှင့်ငွေသားဆု ပေးအပ်ချီးမြှင့်သည်။

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲအား ဇွန်လ(၁၄)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်မှ အသက်(၂၅)နှစ်အောက် အမျိုးသားအသင်း(၂၈)သင်း၊ အမျိုးသမီးအသင်း(၆)သင်း၊ စုစုပေါင်း(၃၄)သင်း ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြသည်။

ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းခမ်းအနားသို့ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ ဥပဒေချုပ်၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ခရိုင်၊ မြို့နယ်ဦးစီးမှူးများ၊ အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် ဆုရအသင်းများ၊ ပိုက်ကျော်ခြင်းဝါသနာရှင်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။