Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / မြို့နယ်အဆင့် ဝယ်ယူရေးဆိုင်ရာသင်တန်းဖွင့်ပွဲသို့ ဝန်ကြီး ဦးညွန့်ရွှေတက်ရောက်

မြို့နယ်အဆင့် ဝယ်ယူရေးဆိုင်ရာသင်တန်းဖွင့်ပွဲသို့ ဝန်ကြီး ဦးညွန့်ရွှေတက်ရောက်

သြဂုတ် ၁၇ (ပဲခူး)

===================================

သြဂုတ်လ ၁၇ ရက်နေ့၊ နံနက် (၉)နာရီအချိန်က ပဲခူးမြို့၊ ဥဿာကျော်ဟိုတယ်၌ UNDP၏ မြို့နယ်အဆင့်ဝယ်ယူရေးဆိုင်ရာသင်တန်း
(Procurement training) ဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေ တက်ရောက် ဖွင့်လှစ်ခဲ့သည်။

အဆိုပါ မြို့နယ်အဆင့်ဝယ်ယူရေးဆိုင်ရာသင်တန်းအား (၁၇-၈-၂၀၁၇) ရက်နေ့မှ (၁၈-၇-၂၀၁၇)ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။