Home / ရေတာရှည်မြို့နယ် / ရန်ကုန်-မန္တလေး အမြန်လမ်း အဆင့်မြှင့်တင်ခြင်းနှင့် Mini Rest Camp ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ရန်ကုန်-မန္တလေး အမြန်လမ်း အဆင့်မြှင့်တင်ခြင်းနှင့် Mini Rest Camp ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

သြဂုတ် ၂၆(ပဲခူး)

=======================================

သြဂုတ်လ (၂၆)ရက်နေ့၊ နံနက်(၈:၃၀)အချိန်က ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၁၇၂/၆)၌ ကတ္တရာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့် မိုင်တိုင်အမှတ်(၇၆)၌ Mini Rest Camp ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။