Home / ပဲခူးမြို့နယ် / ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးနှင့်ပတ်သက်၍ ပြင်ဆင်သည့် ဥပဒေ/နည်းဥပဒေများ ရှင်းလင်းပွဲ ကျင်းပပြုလုပ်

ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးနှင့်ပတ်သက်၍ ပြင်ဆင်သည့် ဥပဒေ/နည်းဥပဒေများ ရှင်းလင်းပွဲ ကျင်းပပြုလုပ်

အောက်တိုဘာ ၂ (ပဲခူး)
=========================================

ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးအောက်ထပ်ခန်းမ၌ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းပွဲ အခမ်းအနားအား အောက်တိုဘာလ (၂)ရက်နေ့၊ မွန်းလွဲ(၁၃:၃၀)အချိန်က ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း တွဲဘက်
တိုင်းအုပ်ချုပ်ရေးမှူး ဦးမိုးဆွေ(အငြိမ်းစား) က ဦးဆောင်ရှင်းလင်းဆွေးနွေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ ညွှန်ကြားရေးမှူး ဦးတင်ထူးမောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်ကျေးရွာ/အုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်တို့မှ ဝန်ထမ်းများ၊ စိတ်ပါဝင်စားသူများ စုစုပေါင်းအင်အား၂၅၀ ကျော်တက်ရောက်ကာ အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
ယင်းဆွေးနွေးပွဲသည် ခေတ်အစနစ်နှင့်အညီ ပြန်လည်ပြင်ဆင်ရေးဆွဲခဲ့သည့် ပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ သိရှိစေရန်နှင့် ပြည်သူအတွက် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် ဥပဒေနှင့်အညီ လုပ်ကိုင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်သည်။