Home / တောင်ငူမြို့နယ် / ရေတာရှည်ဈေးနှင့် တောင်ငူဈေးသို့ ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

ရေတာရှည်ဈေးနှင့် တောင်ငူဈေးသို့ ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

ဖေဖော်ဝါရီလ  ၁၅ (ပဲခူး)

            ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄-၁၅)ရက်နေ့များတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အတူ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများ၊ စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ လိုက်ပါလျက် ရေတာရှည်မြို့၊ မြို့မဈေးနှင့် တောင်ငူမြို့၊ (၁၉)ရပ်ကွက်၊ ဈေးပင်လေးဈေးများသို့  သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

                  ထို့သို့ ကြည့်ရှု့စစ်ဆေးရာတွင် ဝန်ကြီးချုပ်မှ ဈေးအတွင်း/အပြင် သန့်ရှင်းသာယာရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး အတွက် ဈေးဆိုင်များတွင် မီးသတ်ဆေးဗူးထားရှိသွားရန်၊ အမှိုက်သိမ်းစနစ်များ စနစ်တကျထားရှိရန်၊ ဈေးတွင်း လျှပ်စစ်မီးသုံးစွဲများ နှင့်ပတ်သက်၍ သွယ်တန်းထားသည့် မီးကြိုးများ၊ မီးခလုပ်များအား ပြန်လည်စစ်ဆေးပေးရန် မှာကြားခဲ့ပြီး၊ ဈေးသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

Leave a Reply