Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန / ရေတာရှည်မြို့နယ်၊ အုတ်ဖိုကျေးရွာနှင့် လယ်ပြင်မကျေးရွာ ကျေးလက်မီးလင်းရေး ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ရေတာရှည်မြို့နယ်၊ အုတ်ဖိုကျေးရွာနှင့် လယ်ပြင်မကျေးရွာ ကျေးလက်မီးလင်းရေး ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

စက်တင်ဘာ ၇ (ပဲခူး)
====================================

စက်တင်ဘာလ (၇)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ရေတာရှည်မြို့နယ်၊ အုတ်ဖိုကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၏ ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP) မဟာ ဓာတ်အားလိုင်းပြင်ပ (Off Gride) ကျေးလက်မီးလင်းရေး အစီအစဉ်ဖြင့် နိုင်ငံတော်အစိုးရ၊ ပြည်သူ၊ ကုမ္ပဏီတို့ပူးပေါင်းဆောင်ရွက်ပြီးစီးခဲ့သော ရေတာရှည်မြို့နယ်၊ အုတ်ဖိုကျေးရွာ၊ လယ်ပြင်မကျေးရွာ မီးလင်းရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်း၊လွှတ်တော်ဥက္ကဌဦးခင်မောင်ရင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးလှကျော်တို့က အဖွင့်အမှာစကား ပြောကြားပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က (NEP) စီမံကိန်း၊ Solar Mini Gride ဖြင့် ဆောင်ရွက်သော ကျေးရွာမီးလင်းရေးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်က ဒေသဖွံ့ဖြိုးရေး နှင့် စပ်လျဉ်းပြီး ဆောင်ရွက်နေမှုများအားလည်း ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်သူ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Talent & Technologyကုမ္ပဏီ တို့ပူးပေါင်းဆောင်ရွက်သော ရေတာရှည်မြို့နယ်၊ အုတ်ဖိုကျေးရွာနှင့် လယ်ပြင်မကျေးရွာ ကျေးလက် မီးလင်းရေးအတွက် အုတ်ဖိုကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးမိုးဆွေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးခန့်ဇော်နှင့်တိုင်းဒေသကြီးကျေးလက်ဦးစီးဌာန၊တိုင်းဦးစီးမှုးတို့ကဖွင့်ပွဲ အထိမ်းအမှတ်အလံများအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မီးလင်းရေးကော်မတီဥက္ကဋ္ဌများထံ ပေးအပ်သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်တို့က အုတ်ဖိုကျေးရွာနှင့် လယ်ပြင်မကျေးရွာ ကျေးလက်မီးလင်းရေးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ ဝန်ကြီးချုပ်နှင့် ဒုတ်ယဝန်ကြီးတို့မှ ကျေးလက်မီးလင်းရေး ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ကာ ကျေးရွာအတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။
ယခုဖွင့်လှစ်ပေးသော အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း၏ Solar Mini Gride ကျေးလက်မီးလင်းရေးသည် အုတ်ဖိုကျေးရွာတွင် အိမ်ခြေ(၁၈၆)အိမ်၊ ဆိုလာပါဝါ (၂၀)ကီလိုဝပ်နှင့် လယ်ပြင်မကျေးရွာတွင် အိမ်ခြေ(၁၃၄)အိမ်၊ ဆိုလာပါဝါ(၁၅)ကီလိုဝပ် တို့ကို ဆောင်ရွက်ပေးခြင်း ဖြစ်ပြီး၊ ကျေးရွာနေပြည်သူများ (၂၄)နာရီ လျှပ်စစ်မီးသုံးစွဲနိုင်ခြင်း၊ အိမ်သုံးပစ္စည်း သုံးစွဲနိုင်ခြင်း၊ အသေးစား အိမ်တွင်းစက်မှု/လက်မှုလုပ်ငန်းများတွင် သုံးစွဲနိုင်ခြင်းနှင့် ကျေးရွာရှိ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး အဆောက်အဦများတွင်လည်း လျှပ်စစ်မီးသုံးစွဲနိုင်ခြင်းတို့ကြောင့် ကျေးရွာရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။