Home / ရေတာရှည်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ

ရေတာရှည်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ

ရေတာရှည်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ

Township Map

တည်နေရာအကျယ်အဝန်း

၁။      ရေတာရှည်မြို့နယ်သည် ‌မြောက်လတ္တီတွဒ်၁၉ ဒီဂရီ ၁၈ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၉၅မိနစ် နှင့် ၉၅ဒီဂရီ ၂၈မိနစ် အကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ(၁၀၁၁.၁၁)စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့မှ အနောက်သို့ (၄၃.၅)မိုင်ရှိပြီး တောင်မှမြောက်သို့(၂၉.၅)မိုင် ရှည်လျား ပါသည်။

စဉ် မြို့နယ် မြို့နယ်ဧရိယာ

စတုရန်းမိုင်

မြို့

မြို့များဧရိယာ

စတုရန်းမိုင်

ရေတာရှည် ၁၀၁၁.၁၁ ရေတာရှည်မြို့ ၁.၀၄
ဆွာမြို့ ၆.၉၆
မြို့လှမြို့ ၉.၉၅
ရေနီမြို့ ၄.၂၀
မြို့နယ်ချုပ် ၁၀၁၁.၁၁ ၂၂.၁၅

 

နယ်နမိတ်

၂။      ရေတာရှည်မြို့နယ်သည် ပဲခူးတိုင်းဒေသကြီး၏ အရှေ့ဘက်ခြမ်း၊ မြောက်ဘက်အစွန်ဆုံးမြို့နယ် တစ်ခုဖြစ်ပြီး အရှေ့ဘက်တွင်  ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ အနောက်ဘက်တွင် မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်၊ တောင်ဘက်တွင် တောင်ငူမြို့နယ်၊ မြောက်ဘက်တွင် နေပြည်တော်လယ်ဝေးမြို့နယ်တို့နှင့် နယ်နိမိတ်ခြင်း ထိစပ်လျှက်ရှိပါသည်။ မြို့နယ်၏တောင်ဘက် တောင်ငူမြို့၏အစပ် မီးရထားလမ်း မိုင်တိုင် အမှတ် (၁၈၇/၁၅) နှင့် မော်တော်ကားလမ်း မိုင်တိုင်အမှတ် (၁၈၇/၀) မှ မြို့နယ်၏ မြောက်ဘက် နေပြည်တော် လယ်ဝေးမြို့နယ်အစပ် မီးရထားလမ်းမိုင်တိုင်အမှတ် (၂၁၆/၂၀) နှင့် မော်တော်ကားလမ်း မိုင်တိုင်အမှတ် (၂၁၇/၀) ထိ တည်ရှိပါသည်။

 မြေမျက်နှာသွင်ပြင်

၃။      ရေတာရှည်မြို့နယ်သည် အရှေ့ဘက်ခြမ်းတွင် အရှေ့ရိုးမနှင့် အနောက်ဘက်ခြမ်းတွင် အနောက်ရိုးမတို့ တည်ရှိပြီး သစ်ဝါးများထူထပ်စွာ ပေါက်ရောက်လျှက်ရှိပါသည်။ မြို့နယ်၏(၇၅)ရာခိုင်နှုန်းခန့်သည် သစ်တော များထူထပ်စွာဖုံးလွှမ်းလျှက်ရှိပြီး စစ်တောင်းမြစ်သည် မြို့နယ်၏အရှေ့ဘက်ခြမ်းတွင် မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိသဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းပါသည်။

ရေဆင်း

၄။      ရေတာရှည်မြို့နယ်သည် မြစ်ချောင်းများ ပေါများသည့် ဒေသတစ်ခု ဖြစ်ပြီး မြစ်ချောင်းများသည် အများအားဖြင့် မြောက်မှတောင်သို့ စီးဆင်း ကြပါသည်။ ထင်ရှားသောမြစ်မှာ စစ်တောင်းမြစ်ဖြစ်ပြီး မြောက်ဘက် နေပြည်တော် လယ်ဝေးမြို့နယ်အစပ် ရေတာရှည်မြို့နယ်ရေနီကျေးရွာအုပ်စု မှ တောင်ဘက် တောင်ငူမြို့နယ်နှင့်အစပ် ရေတာရှည်မြို့နယ် ကျွဲရိုင်းပြင် ကျေးရွာအုပ်စုအထိ စီးဆင်းလျှက်ရှိပါသည်။ အခြားချောင်းများမှ အရှေ့ဖက် ရှမ်းရိုးမတောင်တန်းမှ စစ်တောင်းမြစ်အတွင်းသို့လည်းကောင်း ၊ အနောက် ဖက် ပဲခူးရိုးမမှ စစ်တောင်းမြစ်အတွင်းသို့လည်းကောင်း စီဆင်းလျှက် ရှိပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

၅။     ရေတာရှည်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျှမ်းမျှအမြင့် (၂၀၀)ပေအထက်တွင် တည်ရှိပါသည်။ အမြင့်ဆုံးတောင်မှာ ဖိုးကျားတောင်ဖြစ်၍ ပင်လယ်ရေမျက်နှာပြင်အထက် (၃၂၀)ပေ ဖြစ်၍ မြို့နယ် ၏အနိမ့်ဆုံးအရပ်ဒေသမှာ ကျွဲရိုင်းပြင်အုပ်စု ဖြစ်ပါသည်။

စဉ် မြို့နယ် ပင်လယ်ရေမျက်နှာပြင်အမြင့်(ပေ)
ရေတာရှည် ၂၀၀

ရာသီဥတု

၆။      ရေတာရှည်မြို့နယ် ပူအိုက်စွတ်စိုသောရာသီဥတုရှိပြီး မုတ်သုံမိုးရွာသွန်း သောဒေသလည်းဖြစ်ပါသည်။ အမြင့်ဆုံးအပူချိန် (၃၇)ဒီဂရီ ဖာရင်ဟိုက်ဖြစ်၍ အနိမ့်ဆုံးအပူချိန်မှာ (၂၇)ဒီဂရီဖာရင်ဟိုက် ဖြစ်ပါသည်။ နှစ်အလိုက် ဖြစ်ပေါ်ခဲ့သော မိုးရေချိန်နှင့်အပူချိန်မှာ အောက်ဖော်ပြပါအတိုင်း ဖော်ပြပါသည်-

စဉ် မြို့နယ် ခုနှစ် မိုးရေချိန် အပူချိန်
မိုးရွာရက် စုစုပေါင်း  မိုးရေချိန် (လက်မ)

နွေရာသီ

ံc)

ဆောင်းရာသီ  

ံc)

အမြင့်ဆုံး အနိမ့်ဆုံး
ရေတာရှည် ၂၀၁၆ ၅၇ ၅၄.၄၈ ၃၉ ၁၅

 

အုပ်ချုပ်ရေးနယ်မြေဖွဲ့စည်းမှု

၇။      ရေတာရှည်မြို့နယ်၏ အုပ်ချုပ်ရေးနယ်မြေဖွဲ့စည်းမှု အောက်ပါ အတိုင်းဖြစ်ပါသည်-

စဉ် မြို့နယ် မြို့ ရပ်ကွက် ကျေးရွာအုပ်စု ကျေးရွာ
၁၇ ၄၈ ၂၆၆

 

အုပ်ချုပ်ရေးမှူးရုံးများ

၈။      ရေတာရှည်မြို့နယ်၏ မြို့နယ်၊ မြို့နယ်ခွဲ နှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ် မြို့နယ် အုပ်ချုပ်ရေးမှူးအမည် မြို့နယ်ရုံး မြို့ရုံး ရပ်ကွက်

ရုံးပေါင်း

ကျေးရွာအုပ်စု

ရုံးပေါင်း

  ၁ ရေတာရှည် ဦးမြို့နိုင် ၁၇ ၄၈


ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းအင်အားစာရင်း

၉။      ရေတာရှည်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် ဝန်ထမ်းအင်အားစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ် ဌာနဆိုင်ရာ

အမည်

ခွင့်ပြု ခန့်ထား လစ်လပ်
အရာရှိ

အဆင့်

အခြား

အဆင့်

ပေါင်း အရာရှိ

အဆင့်

အခြား

အဆင့်

ပေါင်း အရာရှိ

အဆင့်

အခြား

အဆင့်

ပေါင်း
မြို့နယ်ထွေ/အုပ်ဌာန ၁၀၇ ၁၀၉ ၉၈ ၁၀၀
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၅၂ ၂၄၂ ၂၉၇ ၃၅ ၁၂၃ ၁၅၈ ၁၇ ၁၂၂ ၁၃၉
မီးသတ်ဦးစီဌာန ၃၆ ၃၇ ၂၀ ၂၁ ၁၆ ၁၆
စည်ပင်သာယာရေးအဖွဲ့ ၂၄၉ ၂၅၅ ၄၅ ၅၀ ၂၀၄ ၂၀၅
သ/မဦးစီးဌာန ၅၀ ၅၁ ၁၃ ၁၄ ၃၇ ၃၇
စိုက်ပျိုးရေးလုပ်ငန်း ၅၅ ၅၇ ၃၇ ၃၉ ၁၈ ၁၈
ဆည်မြောင်း ၁၂ ၁၃ ၁၂ ၁၃
မြေစာရင်း ၄၁ ၄၂ ၃၂ ၃၃
စက်မှုလယ်ယာ ၈၄ ၈၅ ၃၀ ၃၁ ၅၄ ၅၄
၁၀ တိုင်းရင်းဆေး
၁၁ တိ/မွေး/ကု
၁၂ ဆက်သွယ်ရေး
၁၃ သစ်တော ၄၅ ၄၆ ၃၅ ၃၆ ၁၀ ၁၀
၁၄ မြန်မာ့လျှပ်စစ်လုပ်ငန်း ၁၄ ၁၅ ၁၄ ၁၅
၁၅ လဝက ၁၃ ၁၄ ၁၀ ၁၁
၁၆ စီမံကိန်း ၁၀
၁၇ အား/ကာ
၁၈ စာရင်းရုံး ၁၉ ၂၀ ၁၆ ၁၇
၁၉ ပညာရေး ၅၈ ၆၂ ၁၉ ၂၃ ၃၉ ၃၉
၂၀ ကျန်းမာရေး ၅၈ ၅၉ ၄၅ ၄၆ ၁၃ ၁၃
၂၁ တရားရုံး ၁၆ ၂၀ ၁၄ ၁၇
၂၂ ဥပဒေ
၂၃ အခွန် ၁၄ ၁၅
၂၄ မြန်မာ့စီးဘဏ် ၁၇ ၁၈ ၁၇ ၁၈
၂၅ ဆောက်လုပ်ရေး ၁၈ ၁၉ ၁၈ ၁၉
၂၆ ရထားပို့ဆောင်ရေး ၁၁ ၁၂
၂၇ ပြန်/ဆက်
၂၈ စိုက်/ဘဏ် ၁၁ ၁၅ ၁၀ ၁၃
၂၉ ကျေး/ဖြိုး ၃၀ ၃၃ ၁၅ ၁၇ ၁၅ ၁၆
စုစုပေါင်း ၁၀၃ ၁၂၃၆ ၁၃၄၁ ၈၄ ၆၆၂ ၇၄၃ ၂၁ ၅၇၈ ၅၉၉

 တရားစီရင်ရေး

၁၀။    ရေတာရှည်မြို့နယ်၏ ၂၀၁၅ – ၂၀၁၆ ခုနှစ် နှင့် ၂၀၁၆-၂၀၁၇ ခုနှစ်တွင်  တရားစီရင်ရေးဆောင်ရွက်မှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

 (က)   အမှုကြီး(၁၀)မျိုး

စဉ် မြို့နယ် ၂၀၁၅-၂၀၁၆ ခုနှစ် ၂၀၁၆-၂၀၁၇ ခုနှစ်
ဖြစ်ပွားမှု စွဲဆိုမှု ပိတ်သိမ်းမှု လက်ကျန်မှု ဖြစ်ပွားမှု စွဲဆိုမှု ပိတ်သိမ်းမှု လက်ကျန်မှု
(၁) ရေတာရှည် ၂၃ ၂၃ ၁၉ ၁၇

(ခ)     အခြားအမှု(၁၀)မျိုး

စဉ် မြို့နယ် ၂၀၁၅-၂၀၁၆ ခုနှစ် ၂၀၁၆-၂၀၁၇ ခုနှစ်
ဖြစ်ပွားမှု စွဲဆိုမှု ပိတ်သိမ်းမှု လက်ကျန်မှု ဖြစ်ပွားမှု စွဲဆိုမှု ပိတ်သိမ်းမှု လက်ကျန်မှု
ရေတာရှည် ၆၅၄ ၆၁၁ ၂၆ ၁၇ ၅၄၂ ၄၇၉ ၅၈

(ဂ)    ကြိုတင်ကာကွယ်မှု (၁၁)မျိုး

စဉ် မြို့နယ် ၂၀၁၅-၂၀၁၆ ခုနှစ် ၂၀၁၆-၂၀၁၇ ခုနှစ်
ဖြစ်ပွားမှု စွဲဆိုမှု ပိတ်သိမ်းမှု လက်ကျန်မှု ဖြစ်ပွားမှု စွဲဆိုမှု ပိတ်သိမ်းမှု လက်ကျန်မှု
ရေတာရှည် ၁၄၂၂ ၁၄၂၀ ၁၄၂၀ ၁၄၁၆


စီးပွားရေး

၁၁။    ရေတာရှည်မြို့နယ်သည် ပဲခူးတိုင်းဒေသကြီးအတွင်းတည်ရှိပြီး စီးပွားရေးအရ အချက်အခြာကျသော မြို့နယ်တစ်ခုဖြစ်ပါသည်။ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင် ဆောင်ရွက်ကြပါသည်။ ရေတာရှည်မြို့နယ်သည် ကုန်းလမ်း ၊ ရေလမ်းများဆုံရာ လမ်းမပေါ်တွင်တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော မြို့နယ်ဖြစ်ပါသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ စပါးဖြစ်ပါသည်။


မြေအသုံးချမှု

၁၂။    ရေတာရှည်မြို့နယ်၏ မြေအမျိုးအစားအလိုက် အသုံးချထားသည့်ဧကအား အောက်ပါအတိုင်းဖော်ပြ အပ်ပါသည်-

စဉ် မြေအမျိုးအစား ဧရိယာ(ဧက)
အသားတင်စိုက်ပျိုးမြေ ၁၀၀၇၁၄
(က)  လယ်မြေဧရိယာ ၆၉၄၁၀
( ခ)  ယာမြေ ၂၂၈၀၅
( ဂ) ကိုင်း/ကျွန်းမြေ
( ဃ) ဥယျာဉ်မြေ ၆၆၃၉
( င)   တောင်ယာ ၁၈၆၀
လှပ်ထားမြေဧရိယာပေါင်း ၂၉
(က)  လယ်မြေဧရိယာ ၂၉
( ခ)  ယာမြေ
( ဂ) ကိုင်း/ကျွန်းမြေ
( ဃ) ဥယျာဉ်မြေ
( င)   တောင်ယာ
စားကျက်မြေ ၁၄၀၉၉
စက်မှုလုပ်ငန်းသုံးမြေ ၁၄၂၈၈
မြို့မြေ ၉၉၄
ရွာမြေ ၁၂၂၉၆
အခြားမြေ
ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော ဧရိယာ ၄၇၅၁၇၀
တောရိုင်း ၂၄၉
၁၀ မြေရိုင်း ၅၅၆၈
၁၁ စိုက်ပျိုးခြင်းမပြုနိုင်သောဧရိယာ ၂၃၆၉၈
စုစုပေါင်း ၆၄၇၁၀၅

ဆည်မြောင်းတာတမံများနှင့် ဆည်ရေသောက်ဧရိယာ

၁၃။    ရေတာရှည်မြို့နယ်ရှိ ဆည်မြောင်းတာတမံများနှင့် ဆည်ရေသောက် ဧရိယာမှာ အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-

        (က)    အစိုးရဆည်များ

စဉ် မြို့နယ် ကွန်ကရစ် ကျောက်စီ လက် ရိုက် သစ်/

မြေသား

ရေလှောင်

တမံ

ရေလွှဲ ပေါင်း

အကျိုးပြု

ဧက

ရေတာရှည် ၂၉၀၀၀

 (ခ)    ကိုယ့်အားကိုယ်ကိုးဆည်များ

စဉ် မြို့နယ် ကွန်ကရစ် ကျောက်စီ လက်ရိုက် သစ်/

မြေသား

ရေလှောင်

တမံ

ရေလွှဲ ပေါင်း အကျိုးပြု

ဧက

မရှိပါ

          (ဂ)     မြစ်ရေတင်စီမံကိန်းများ

စဉ် မြို့နယ် စီမံကိန်းအရေအတွက် အကျိုးပြုဧက
ရေတာရှည် ၂၀၀

          (ဃ)   တာတမံများ/ ရေထိန်းတံခါး

စဉ် မြို့နယ် တာတမံ

အရေအတွက်

ရေထိန်းတံခါး

အရေအတွက်

ကာကွယ်သည့်

မြစ်၊ချောင်း

အကျိုးပြုဧက


စိုက်ပျိုးရေးလုပ်ငန်း

၁၄။    ရေတာရှည်မြို့နယ်၏ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါ သည်-

          (က)   အဓိကသီးနှံ(၁၀)မျိုး စိုက်ပျိုးထုတ်လုပ်မှု

စဉ် သီးနှံ
အမည်

၂၀၁၆၂၀၁၇

လျာထားဧက

၂၀၁၆၂၀၁၇ ခုနှစ်
စိုက် ရိတ် နှုန်း

အထွက်

(တင်း)

 

စပါးပေါင်း နွေ ၈၀၇၃၀ ၈၀၂၆၈
မိုး ၂၅၇၆၃ ၂၆၃၄၈ ၈၅.၆၂ ၂၂၅၅၈၉၈

 

မြေပဲ မိုး ၄၃၂၂ ၄၃၂၃ ၄၃၂၃ ၄၈.၅၂ ၂၀၉၇၆၀
ဆောင်း ၆၁၅၄

 

နှမ်း မိုး ၈၄၅၂ ၈၄၅၃ ၈၄၅၃ ၉.၈၅ ၈၃၂၆၅
ဆောင်း ၆၄၄၄
နေကြာ ၂၅ ၂၅ ၁၀.၅၂ ၂၆၃
မတ်ပဲ ၁၈၅
ပဲတီစိမ်း မိုး ၁၀၅၄၅
ဆောင်း ၈၈ ၈၈ ၁၃.၂၂ ၁၁၆၃
ပဲစင်းငုံ ၆၃၁၀
ဝါ ၁၈၉၆ ၁၈၉၆ ၁၈၉၆ ၆၀.၂၃ ၁၁၄၂၀၀
ကြံ
၁၀ အစေ့ထုတ်

ပြောင်း

၂၈၀၁၀ ၈၅၀၇

          (ခ)     နှစ်ရှည်သီးနှံစိုက်ပျိုးမှုအ‌ခြေအနေ

စဉ် မြို့နယ် နှစ်ရှည်ပင်စိုက်ဧက
ရာဘာ သစ်ဆိမ့် ကော်ဖီ ရှောက်/

သံပုရာ

သရက် ကျွဲကော/

ရှောက်ချို

သီဟိုဠ်

မန်ကျည်း

သီး

ရေတာရှည် ၄၆၂၉ ၁၀၁၄ ၃၉၅

(ဂ)    ဒေသတွင်း ဆန်ဖူလုံမှုရာခိုင်နှုန်း

စဉ် မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု

(တင်းသိန်း)

ဝမ်းစာလိုအပ်မှု

(တင်း)

ဆန်ဖူလုံမှု

%

နွေစပါး မိုးစပါး ပေါင်း
ရေတာရှည် ၂၂၅၄၄၈၇ ၆၇၅၈၀၃၃ ၈၈၃၂၅၂၀ ၂၉၁၇၂၀၃ ၂၅၅.၈၂

 

        (ဃ)    ဆီဖူလုံမှုရာခိုင်နှုန်း

စဉ် မြို့နယ် ဆီထုတ်လုပ်မှု

(မက်/တန်)

ဆီလိုအပ်မှု

(မက်/တန်)

ဆီဖူလုံမှု

%

ရေတာရှည် ၂၉၃၅ ၁၄၇၅ ၁၉၈.၉၈

 

မွေးမြူရေးလုပ်ငန်းများ

၁၅။    ရေတာရှည်မြို့နယ်၏ မွေးမြူရေးလုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေမှာ တဖက်ပါအတိုင်းဖြစ်ပါသည်-

          (က)    မွေးမြူရေးဇုန်များ

    စဉ် မြို့နယ် မွေးမြူသည့်ကောင်ရေ
ကျွဲ နွား ၀က် ကြက် ဘဲ သိုး ဆိတ်
ရေတာရှည်

(ခ)     မြို့နယ်မွေးမြူရေး (ကောင်ရေ)

စဉ် မြို့နယ် ခုနှစ် မွေးမြူသည့်ကောင်ရေ
ကျွဲ နွား ၀က် ကြက် ဘဲ သိုး ဆိတ်
ရေတာရှည် ၂၀၁၄-၁၅ ၂၀၇၈၄ ၄၇၁၄၉ ၃၈၅၉၆ ၇၅၈၂၆၇ ၂၉၅၂၈ ၂၅၈ ၁၇၄၈
ရေတာရှည် ၂၀၁၅-၁၆ ၂၁၀၀၅ ၄၈၄၀၆ ၄၁၃၉၇ ၉၀၁၁၄၈ ၃၃၇၁၄ ၃၆၄ ၁၆၉၄

 

        (ဂ)     မြို့နယ်အသားထုတ်လုပ်မှု (ပိဿာ)

စဉ် မြို့နယ် ခုနှစ် ကျွဲ နွား ၀က် သိုး/ဆိတ် ကြက် ဘဲ ငုံး
ရေတာရှည် ၂၀၁၄-၁၅ ၂၇၁၀၈၆ ၄၄၁၆၆၉ ၁၉၄၇၁၀၁ ၉၁၇၈ ၁၈၃၀၄၄၀ ၁၈၉၀၆၁
ရေတာရှည် ၂၀၁၅-၁၆ ၂၉၆၅၄၄ ၇၀၂၇၀၇ ၂၀၉၆၇၄၉ ၉၉၈၄ ၁၉၈၃၄၇၁ ၂၀၆၀၇၆

(ဃ)   မြို့နယ် ကြက်/ ဘဲ/ ငုံးဥ ထုတ်လုပ်မှု (လုံး)

စဉ် မြို့နယ် ခုနှစ် ကြက်ဥ ဘဲဥ ငုံးဥ
ရေတာရှည် ၂၀၁၄-၁၅ ၃၁၇၈၀၆၁၁ ၂၈၈၂၆၃၁
ရေတာရှည် ၂၀၁၅-၁၆ ၃၄၃၁၆၉၅၂ ၃၁၀၃၈၄၅

(င)     မြို့နယ်နို့ထွက်ပစ္စည်းထုတ်လုပ်မှု

စဉ် မြို့နယ် ခုနှစ် နို့စားနွား (ကောင်ရေ) နို့ထွက်ပိဿာ
ရေတာရှည် ၂၀၁၄-၁၅ ၄၃၁၅၈ ၆၃၄၃၈၂၄
ရေတာရှည် ၂၀၁၅-၁၆ ၄၃၅၈၉ ၆၇၁၉၈၄၃

(စ)     မြို့နယ်ငါး၊ ပုစွန်မွေးမြူမှု အခြေအနေ

စဉ် မြို့နယ် ငါး ပုဇွန်
အရေအတွက်

(ကန်)

ဧက ထုတ်လုပ်မှု

(ပိဿာ)

အရေအတွက်

(ကန်)

ဧက

ထုတ်လုပ်မှု

(ပိဿာ)

ရေတာရှည် ၁၇ ၁၂၁.၁၅ ၁၅၄၀၀၀၀

          (ဆ)    ရေချိုရေငန်ငါးဖမ်းလုပ်ငန်းမှ အသားထုတ်မှု(တန်)

စဉ် မြို့နယ် ငါး ပုစွန်
လေလံ

အရေ

အတွက်

လုပ်ငန်း

အရေ

အတွက်

ထုတ်လုပ်မှု

(တန်)

လေလံ

အရေ

အတွက်

လုပ်ငန်း

အရေ

အတွက်

ထုတ်လုပ်မှု

(တန်)

ရေတာရှည် ၃၂၈၈.၀

 

စက်မှုလက်မှုလုပ်ငန်း

၁၆။    ရေတာရှည်မြို့နယ်၏ စက်မှုလက်မှုလုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါ သည်-

          (က)    စက်မှုဇုန်များ

 

စဉ် မြို့နယ် စက်မှုဇုန်အမည် စက်ရုံအမည် ထုတ်လုပ်သည့် ပစ္စည်းများ
ရေတာရှည် သာဂရစက်မှုဇုန် မြေထိုး၊ မြေတူး၊ ယန္တရားထုတ်လုပ်မှုစက်ရုံ ဒိုဇာ
ဘက်စုံသုံးဒီဇယ်အင်ဂျင်ထုတ်လုပ်မှုစက်ရုံ 6V 128ZC
တာဘိုင်နှင့်ဂျင်နရေတာထုတ်လုပ်မှုစက်ရုံ 100KW Turbine 30 Nos

(ခ)    မြို့နယ်အတွင်းရှိစက်ရုံများ

 

စဉ် မြို့နယ် စက်ရုံ

အရေအတွက်

နိုင်ငံပိုင် ပုဂ္ဂလိကပိုင်

လုပ်သား

အင်အား

ရေတာရှည် ၂၉၆၃

(ဂ)    မြို့နယ်အတွင်းရှိအလုပ်ရုံများ

စဉ် မြို့နယ် အလုပ်ရုံ

အရေအတွက်

နိုင်ငံပိုင် ပုဂ္ဂလိကပိုင်

လုပ်သား

အင်အား

ရေတာရှည်

 (ဃ) မြို့နယ်ရှိအိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ

စဉ် မြို့နယ် လုပ်ငန်းအမျိုးအစား
ယက္ကန်း စက်ချုပ် မုန့် ပန်းတိမ် ပန်းပဲ သနပ်ခါး ဖယောင်းတိုင် အုန်းဆံကြိုး
ရေတာရှည် ၁၃၅ ၁၃

 

စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အဦများ

၁၇။     ရေတာရှည်မြို့နယ်တွင်ရှိသော စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အဦများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

        (က)    ကုမ္ပဏီ၊ ကုန်စည်ဒိုင်၊ ပွဲရုံ၊ ဈေးနှင့်ကုန်တိုက်များ

စဉ် မြို့နယ် ကုမ္ပဏီ ကုန်စည်ဒိုင် ပွဲရုံ ဈေး ကုန်တိုက်
ရေတာရှည်

(ခ)     ဘဏ်များ

စဉ် မြို့နယ် ဘဏ်ပေါင်း အစိုးရပိုင် ပုဂ္ဂလိကပိုင် စုစုပေါင်း
ရေတာရှည်

(ဂ)     စတိုးဆိုင်နှင့်အရောင်းဆိုင်များ

စဉ် ဆိုင်အမျိုးအစား အရေအတွက်
စတိုးဆိုင် ၄၈
ရွှေဆိုင် ၂၄
လျှပ်စစ်ပစ္စည်းဆိုင် ၁၈
ဖုန်း/ဖုန်းပစ္စည်းအရောင်းဆိုင် ၁၂
စာအုပ်ဆိုင်
ဆေးဆိုင် ၂၁
စားသောက်ဆိုင် ၂၆
လက်ဖက်ရည်ဆိုင် ၄၇
ကုန်မာဆိုင် ၁၅
၁၀ စိုက်ပျိုးရေးပစ္စည်းဆိုင် ၁၂
၁၁ ဆောက်လုပ်ရေးပစ္စည်းဆိုင်
၁၂ ဝန်ဆောင်မှုလုပ်ငန်းဆိုင်
၁၃ ဆန်ဆိုင် ၁၇
၁၄ အဝတ်အထည်ဆိုင်
၁၅ နိဗ္ဗာန်ကုန်ဆိုင်
မြို့နယ်ချုပ် ၂၄၇

လူမှုရေး

ပညာရေးကဏ္ဍ

၁၈။    ရေတာရှည်မြို့နယ်တွင်ရှိသော လူမှုရေးဆိုင်ရာအချက်အလက်များအား အောက်ပါအတိုင်းဖော်ပြ          အပ်ပါသည်-

(က)    အဆင့်မြင့်ပညာ     

စဉ် မြို့နယ် တက္ကသိုလ်/

ကောလိပ်/

သိပ္ပံကျောင်း

ပေါင်း

ဆရာ/

ဆရာမ

ဦးရေ

ကျောင်း

သား/သူ

ဦးရေ

ဆရာနှင့်

ကျောင်းသား

အချိုး

ရေတာရှည်

       

        (ခ)     အခြေခံပညာ

                (၁)     အထကကျောင်းများ

စဉ် မြို့နယ် ကျောင်း

ပေါင်း

ဆရာ/

ဆရာမ

ဦးရေ

ကျောင်းသား/

သူဦးရေ

ဆရာနှင့်

ကျောင်းသား

အချိုး

ရေတာရှည် ၂၆၁ ၉၁၃၉ ၁:၃၅

 

(၂)     အလကကျောင်းများ

စဉ် မြို့နယ် ကျောင်း

ပေါင်း

ဆရာ/

ဆရာမ

ဦးရေ

ကျောင်းသား/

သူဦးရေ

ဆရာနှင့်

ကျောင်းသား

အချိုး

ရေတာရှည် ၁၁၀ ၃၆၀၀ ၁:၃၂

(၃)     အမကကျောင်းများ

စဉ် မြို့နယ် ကျောင်း

ပေါင်း

ဆရာ/

ဆရာမ

ဦးရေ

ကျောင်းသား/

သူဦးရေ

ဆရာနှင့်

ကျောင်းသား

အချိုး

ရေတာရှည် ၂၃၈ ၁၂၆၈ ၂၉၄၉၆ ၁:၂၃

(ဂ)     မူလတန်းကြိုကျောင်း

စဉ် မြို့နယ် ကျောင်း

ပေါင်း

ဆရာ/

ဆရာမ

ဦးရေ

ကျောင်းသား/

သူဦးရေ

ဆရာနှင့်

ကျောင်းသား

အချိုး

ရေတာရှည် ၆၅ ၁:၃၂၅

(ဃ)    ဘုန်းတော်ကြီးသင် ပညာရေးကျောင်း

စဉ် မြို့နယ် ကျောင်း

ပေါင်း

ဆရာ/

ဆရာမ

ဦးရေ

ကျောင်းသား/

သူဦးရေ

ဆရာနှင့်

ကျောင်းသား

အချိုး

ရေတာရှည် ၁၈၄ ၁:၂၀

 

ကျန်းမာရေးကဏ္ဍ

၁၉။    ရေတာရှည်မြို့နယ်၏ ကျန်းမာရေးကဏ္ဍဆိုင်ရာ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

          (က)   ဆေးရုံများ

စဉ် မြို့နယ် ဆေးရုံ

ပေါင်း

အစိုးရ ပုဂ္ဂလိက

ကုတင်

အရေအတွက်

ရေတာရှည် ၅၇

(ခ)     ဆေးပေးခန်း၊ ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲများ

စဉ် မြို့နယ် ဆေးပေးခန်း ကျေးလက်

ကျန်းမာရေး

ဌာန

ကျေးလက်     ကျန်း မာရေး ဌာနခွဲ
အစိုး

ပုဂ္ဂ

လိက

ပေါင်း
ရေတာရှည် ၄၃

(ဂ)     ကျန်းမာရေးစောင့်ရှောက်မှု

စဉ် မြို့နယ် လူဦး

ရေ

ဆရာဝန်မှ

ကျန်းမာရေး

စောင့်ရှောက်မှုနှုန်း

  သူနာပြုမှ

ကျန်းမာရေး

စောင့်ရှောက်မှုနှုန်း

လက်ထောက် ကျန်းမာရေးမှူးမှ

ကျန်းမာရေး

စောင့်ရှောက်မှုနှုန်း

ဆရာ၀န်

ဦးရေ

ဆရာ၀န်

နှင့် လူဦးရေ

အချိုး

သူနာပြု

 ဦးရေ

သူနာပြု နှင့်

လူဦးရေ

အချိုး

/

ကျန်းမာ   ရေးမှူး

ဦးရေ

/

ကျန်းမာရေး မှူးနှင့်

လူဦးရေအချိုး

ရေတာရှည် ၂၀၁၉၁၆ ၁:၂၂၃၁၃ ၁၂ ၁:၁၆၇၅၃ ၁:၂၈၆၈၈

(ဃ)   ဒေသတွင်းအများဆုံးဖြစ်တတ်သောရောဂါများ

စဉ် မြို့နယ် ရောဂါအမျိုးအစား
ငှက်ဖျား ဝမ်းလျှော တီဘီ ဝမ်းကိုက် အသည်းရောင်
ဖြစ် သေ ဖြစ် သေ ဖြစ် သေ ဖြစ် သေ ဖြစ် သေ
ရေတာရှည် ၂၈ ၂၁၄၂ ၄၀၁ ၅၀၁ ၃၅

လူမှုရေးအသင်းအဖွဲ့များ

၂၀။    ရေတာရှည်မြို့နယ်ရှိ လူမှုရေးအသင်းအဖွဲ့များဆိုင်ရာ အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

        (က)    INGO      

စဉ် မြို့နယ် INGO (အရေအတွက်) မှတ်ချက်
ရေတာရှည်

        (ခ)    NGO (ဦးရေ)

စဉ် မြို့နယ် အမျိုးသမီး ရေးရာ မိခင်/ကလေးအသင်း စစ်မှုထမ်း ဟောင်း ကြက်ခြေနီ အရန် မီးသတ် စုစုပေါင်း
ရေတာရှည် ၂၉၄၈၀ ၁၀၃၅၉၇ ၈၂၅ ၃၁၈ ၆၉၁ ၁၃၄၉၁၁

 

        (ဂ)    အသင်းအဖွဲ့များ

စဉ် မြို့နယ် အသင်းအဖွဲ့ပေါင်း မှတ်ချက်
ရေတာရှည်

 

ကျေးလက်ဒေသဖွံ့ဖြိုးရေး

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

၂၁။    ရေတာရှည်မြို့နယ်၏ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါ သည်-

          (က)    ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် လုပ်ငန်းများ

          (၁)    မြို့ကျေးလက်၊ ကျေးရွာချင်းဆက်လမ်းများ

     စဉ် မြို့နယ် လမ်းအရေအတွက် အရှည် (မိုင်-ဖာလုံ) အမျိုးအစားနှင့်အရှည်(မိုင်)
ကတ္တရာ(မိုင်) ကျောက်ချော(မိုင်) မြေသား(မိုင်) ဂဝံလမ်း(မိုင်) ကွန်ကရစ်လမ်း(မိုင်)
ရေတာရှည် ၀/၅ ၀/၅

(၂)     တံတားများ

စဉ် မြို့နယ် တံတား

ပေါင်း

ဆောက်လုပ်မှုပုံစံ ကုန်ကျငွေ

ကျပ် (သိန်း)

အသစ် ပြင်ထိန်း
ရေတာရှည်

          (၃)     သောက်သုံးရေရရှိရေးလုပ်ငန်း

စဉ် မြို့နယ် အမျိုးအစားနှင့်အတိုင်းအတာ အကျိုးပြု

အိမ်ခြေ

ရေ

ကန်

ရေ

တွင်း

အဝီစိ

တွင်း

လျှို

ပိတ်

မြစ်ရေ

တင်

ရေတာရှည် ၁၅ ၂၀၄၅

(၄)    လျှပ်စစ်မီးလင်းရေးလုပ်ငန်း

စဉ် မြို့နယ် ဆောင်ရွက်သည့်နည်းလမ်း အကျိုး

ပြု

အိမ်ခြေ

မဟာ

ဓါတ်

အား

မီး

စက်

နေ

ရောင်

ခြည်

လေ ရေ

အား

ဇီဝ
ရေတာရှည် ၂၃၂

                   (၅)    မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း

 စဉ် မြို့နယ် ကျေးရွာ

ပေါင်း

အိမ်ခြေ အိမ်

ထောင်စု

ခွင့်ပြုငွေ

ကျပ် (သိန်း)

ရေတာရှည် ၁၁ ၂၄၅၂ ၂၄၅၃ ၄၅၀၀

(၆)    ကျေးလက်အိမ်ယာဖွံ့ဖြိုးရေးလုပ်ငန်း

 စဉ် မြို့နယ် ကျေးရွာ

ပေါင်း

ခွင့်ပြု

အိမ်ခြေ

ပြီးစီး

အိမ်ခြေ

ကုန်ကျငွေ

ကျပ်(သိန်း)

ရေတာရှည် ၁၀ ၁၀ ၃၀၀

                   (၇)    ကျေးလက်အိမ်သာလုပ်ငန်း

စဉ် မြို့နယ် ကျေးရွာ

ပေါင်း

ခွင့်ပြု

လုံးရေ

ပြီးစီး

လုံးရေ

ကုန်ကျငွေ

ကျပ်(သိန်း)

ရေတာရှည် ၃၀

(ခ)     အစိုးရ၊ ပြည်သူဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ

စဉ် မြို့နယ် လုပ်ငန်းအမျိုးအစား ကုန်ကျငွေ

ကျပ် (သိန်း)

လမ်း တံတား ပညာရေး ကျန်းမာ

ရေး

သောက်

သုံးရေ

မီးလင်း

ရေး

ရေတာရှည်

ယဉ်ကျေးမှုနယ်မြေများ

၂၂။     ရေတာရှည်မြို့နယ်အတွင်း ယဉ်ကျေးမှုနယ်မြေများမရှိပါ။

 

ဒေသသမိုင်းအကျဉ်း

၂၃။    ရှေးယခင် မြန်မာဘုရင်များလက်ထက်တွင် ရေတာရှည်မြို့ဟူ၍ မပေါ်ပေါက်သေးပါ။ ယခုပီတူး ကျေးရွာအုပ်စု နေရာတွင် ပီတူးမြို့တည်ရှိခဲ့ပြီး အောက်မြန်မာပြည်အား အင်္ဂလိပ်အစိုးရမှ သိမ်းပိုက်ပြီးနောက် ပီတူးမြို့တွင် မြို့အုပ်ရုံး စတင်ဖွင့်လှစ်ခဲ့ပါသည်။ အင်္ဂလိပ်အစိုးရသည် အောက်မြန်မာပြည်အား သိမ်းပိုက်ပြီး နောက် ရန်ကုန်မြို့နှင့် ပြည်မြို့သို့ ပထမဆုံး ရထားလမ်းဖောက်လုပ်ခဲ့ပါသည်။၄င်းနောက် ရန်ကုန်မြို့ မှ ရေနီအထိ မီးရထားလမ်းဖောက်လုပ်ခဲ့သည်။ မီးရထားလမ်းကိုအမှီပြု၍ ပီတူးမှမြို့အုပ်ရုံးကို ရေတာရှည်မြို့သို့ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။ ပီတူးတွင်နေခဲ့သူ လူအချို့နှင့်ပျဉ်းမနားမြို့မှ မြန်မာလူမျိုးများလာရောက် နေထိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ (၂၈-၂-၁၉၇၃) ရက်စွဲပါစာအမှတ် ၃ / ၁၆၄ / အထ(၂) အရ ရေတာရှည်မြို့အား မြို့ပေါ်ရပ်ကွက်(၆)ခု နှင့် ကျေးရွာအုပ်စု (၅၂)အုပ်စုတို့ဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ယခုအခါ ပြည်ထဲရေးဝန်ကြီးဌာန ၏ အမိန့်ကြော်ငြာစာ (၄၄၁/၂၀၁၃) ၊ (၂၃-၅-၂၀၁၃) ရက်စွဲပါစာအမှတ် ၂၀၀/၂၂-၃/၉၉ ဦး၁ အရ  ဆွာစက်ရုံကျေးရွာအုပ်စု နှင့် ၄င်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၁၃)ရွာအား ဖျက်သိမ်းကာ ရပ်ကွက်(၂)ရပ်ကွက်အဖြစ် ဆွာမြို့ဟူ၍လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏(၂၄-၃-၂၀၁၆)ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၉၆၁/၂၀၁၆)အရ ကျေးရွာ(၆)ရွာဖြင့် ဖွဲ့စည်းထားရှိသည့် ရေနီကျေးရွာအုပ်စုအား ရပ်ကွက် (၄)ရပ်ကွက်ပါဝင်သော ရေနီမြို့အဖြစ်လည်းကောင်း၊ ကျေးရွာ(၁၁)ရွာဖြင့် ဖွဲ့စည်းထားရှိသည့် မြို့လှကျေးရွာ အုပ်စုနှင့် ကျေးရွာ(၆)ရွာ ဖြင့် ဖွဲ့စည်းထားရှိသော ငွေတောင်ကျေးရွာအုပ်စုတို့အားစုစည်း၍ ရပ်ကွက်(၅)ရပ်ကွက် ပါဝင်သော မြို့လှမြို့အဖြစ်လည်းကောင်း  သတ်မှတ်ပြင်ဆင်ဖွဲ့စည်း ခွင့်ပြုခဲ့ပြီးဖြစ်သဖြင့် ရေတာရှည်မြို့နယ်တွင် မြို့(၄)မြို့၊  မြို့ပေါ်ရပ်ကွက် (၁၇)ခု၊ ကျေးရွာအုပ်စု (၄၈)အုပ်စု ၊ ကျေးရွာခွဲ (၂၆၆)ရွာ တို့ဖြင့် ဖွဲ့စည်းထားရှိပါသည်။


မြို့နယ်အတွင်းရှိ ရာသီအလိုက်ပွဲတော်များ

၂၅။    ရေတာရှည်မြို့နယ်၏ အထင်ကရပွဲတော်များကျင်းပသည့်အချိန်နှင့် သမိုင်းကြောင်းအား အောက်ပါအတိုင်း တင်ပြအပ်ပါသည်-

          (က)   အထင်ကရပွဲတော်များနှင့် ကျင်းပသည့်အချိန်

          ရေတာရှည်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော အထင်ကရပွဲတော်များမှာ ရေတာရှည်မြို့နယ် အမှတ်(၁)ရပ်ကွက်တွင် တည်ထားကိုးကွယ်လျှက်ရှိသော ဓါတ်တော် ဘုရားပွဲနှင့် ရေတာရှည်မြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာတွင် တည်ထား ကိုးကွယ်လျှက်ရှိသော မယ်ဒက်ကယ်ဘုရားပွဲတော်များဖြစ်ပါသည်။ ဓါတ်တော်ဘုရားပွဲတော် ကျင်းပသည့်အချိန်မှာ နှစ်စဉ်ဒီဇင်ဘာလ(၂၀)ရက်နေ့မှ (၂၉)ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် ကျင်းပပြုလုပ်ပြီး၊ မယ်ဒက်ကယ်ဘုရားပွဲတော် အားနှစ်စဉ် တန်ခူးလဆန်း(၆)ရက်မှ တန်ခူးလပြည့်နေ့အထိ (၁၀)ရက်တိုင်တိုင်ကျင်းပပြုလုပ် ပါသည်။

(ခ)    သမိုင်းအကြောင်း

ရေတာရှည်မြို့နယ် အမှတ် (၁) ရပ်ကွက်တွင် တည်ထားကိုးကွယ်လျှက်ရှိသော ဓါတ်တော် ဘုရား၏ သမိုင်းကြောင်းမှာ မြန်မာသက္ကရာဇ် (၁၁၄၇) ခုနှစ်တွင် အမရပူရမင်းနေပြည်တော်၌ ဘိုးတော်ဦးဝိုင်းနန်းစံတော်မူစဉ် သားတော်တောင်ငူမင်းသားအား လာရောက်ခေါ်တော်မူရာတွင် မှန်စီကြီး၊ မှန်စီလေးဟု ခေါ်တွင်သည့် ဘုရားနှစ်ဆူမှ ဓါတ်တော်များကွန့်မြူးနေသည်ကို တွေ့ရှိခဲ့ပြီး မှန်စီကြီးစေတီမှာ ငုတ်တိုအဖြစ်ပျက်ဆီးယိုယွင်းလျှက်ရှိသဖြင့် မှန်စီလေးစေတီအားရှေးဟောင်း အမွေအနှစ်များ၊ ဗုဒ္ဓဘာသာ၏အနှစ်သာရဖြစ်သည့် ဓါတ်တော်မွေတော်များ ပျက်စီးပျောက်ဆုံးမှု မရှိစေရေးအတွက် ဘုရားအဖြစ်တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး (၁၉၂၁) ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့တွင်မှ ဓါတ်တော်ဘုရားဟုသမုတ်၍ ထီးတော်အသစ်တင်လှူပူဇော်ကာ ပြန်လည် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပါသည်။ ဘုရားပွဲတော်ကို (၁၉၈၂) ခုနှစ်မှစ၍ ယခုနှစ်အထိ (၃၄) ကြိမ်မြောက်ကျင်းပပြုလုပ်ခဲ့ပါသည်။

ရေတာရှည်မြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာတွင် တည်ထား ကိုးကွယ်သော မယ်ဒက်ကယ်ဘုရား၏သမိုင်းမှာ မြန်မာသက္ကရာဇ် (၉၂၄) ခုနှစ်တွင် အမတ်ကြီး ဦးကောင်းစံ၊ ဒေါ်နော်ရာတို့၏ သမီးများဖြစ်ကြသော မယ်ဒက်နှင့်မယ်နှဲတို့မှ မယ်ဒက်ကယ်ဘုရား ကိုတည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး ခေတ်အဆက်ဆက် ပြုပြင်တည်ထားကိုးကွယ်ခဲ့ကြ ပါသည်။ မယ်ဒက်ကယ်ဘုရားပွဲအား မြန်မာသက္ကရာဇ် (၁၂၈၅) ခုနှစ်မှစ၍ ပွဲတော်ကျင်းပခဲ့ပြီး ယခုအချိန်ထိ (၉၃) ကြိမ်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပါသည်။