ရဲတပ်ဖွဲ့ဝင်များမှ ပြည်သူအကျိုးပြု ရေလှူဒါန်းခြင်းပြုလုပ်

မတ်လ ၂၆ (ပဲခူး)

 ============================================

   ၂၀၁၇ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့၊ နံနက်(၀၇:၃၀)အချိန်မှ (၁၀:၀၀)အချိန်နာရီထိ ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး  စိန်မင်း ဦးစီးသော ရဲတပ်ဖွဲ့ဝင် (၁၅)ဦးနှင့် သနပ်ပင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မြတ်ဦး ဦးစီးသော ရဲတပ်ဖွဲ့ဝင် (၃၅)ဦးတို့မှ ယာဉ်အမှတ်(1C-3864) FUSO (၆)ဘီးယာဉ်၊ (5L-5671) FAW (၆)ဘီးယာဉ်တို့ဖြင့် သနပ်ပင်မြို့နယ်၊ ကသစ်ခုံကျေးရွာရှိ အိမ်ခြေ(၁၃၅)ခုအတွက် သောက်ရေဂါလံ(၂၄၀၀)၊ လီတာ(၂၀)ရေသန့်ဗူးကြီး(၁၅၀)ဗူး၊ စုစုပေါင်းတ်ဖိုး(၉၅၀၀ဝိ/-)တို့အားလည်းကောင်း၊ ထပ်မံ၍ မွန်းလွဲပိုင်းတွင် နတ်ရေကန်ကျေးရွာသို့ ရောက်ရှိပြီး အိမ်ခြေ(၉၃၄)ခုအတွက် သောက်ရေဂါလံ(၂၈၀၀)၊ တန်ဖိုး(၆၀၀၀ဝိ/-)တို့အားလည်းကောင်း ကျေးရွာနေပြည်သူ များအတွက် ပြည်သူ့အကျိုးပြု(ရေလှူဒါန်း)လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရ သည်။