Home / ပဲခူးမြို့နယ် / ရဲတပ်သားသစ် သင်တန်းအမှတ်စဉ်(၂၉၈/၂၀၁၆-ပခရ) သင်သန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်

ရဲတပ်သားသစ် သင်တန်းအမှတ်စဉ်(၂၉၈/၂၀၁၆-ပခရ) သင်သန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်

ဧပြီလ ၇ (ပဲခူး)

========================================

          ပဲခူးမြို့၊ ဥဿာမြို့သစ်၊ မြို့ရှောင်လမ်း၊ အမှတ်(၁)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၌ ဧပြီလ(၆)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရဲတပ်သားသစ် သင်တန်းအမှတ်စဉ်(၂၉၈/၂၀၁၆-ပခရ) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ် ခဲ့သည်။

          ရှေးဦးစွာ သင်တန်းသားများက စစ်ကြောင်းပုံစံဖြင့် စစ်ရေးပြကွင်းအတွင်းသို့ ချီတက် နေရာယူကာ နိုင်ငံတော်အလံအား အလေးပြုကြပြီး  ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးမင်းထိုက်မှ သင်တန်းဆင်းအမှာစကားပြောကြားသည်။

          ထို့နောက် သင်သန်းသား စံပြဆု၊ စာပေဆု၊ စစ်ရေးပြဆု၊ လက်နက်ငယ်ဆု ရရှိသူများအား အလေးပြုကြပြီး  ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးမင်းထိုက်မှ ဆုများအသီးသီး ပေးအပ် ခဲ့သည်။

          အဆိုပါရဲတပ်သားသစ် သင်တန်းအား (၂၁-၁၁-၂၀၁၆)မှ(၆-၄-၂၀၁၇)ထိ ဖွင့်လှစ်ကာ သင်တန်းသား (၁၁၀)ဦး တက်ရောက်သင်ကြားခဲ့ပြီး၊ ယင်နေ့ ညပိုင်းတွင် သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ ခဲ့သည်။

          သင်တန်းဆင်းပွဲသို့ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးမင်းထိုက်၊ ဒုတိယရဲမှူးကြီး  မင်းဟန်၊ ဒုတိယရဲမှူးကြီး တင်ဟန်လင်း၊ ဒုတိယရဲမှူးကြီး သန်းထွန်း၊ ဒုတိယရဲမှူးကြီး မြင့်ကြည်နှင့် အရာရှိ/အရာခံများ၊ သင်တန်းသား မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။