Home / အုပ်ချုပ်ရေး / သယာဝတီခရိုင် / ပန်းတောင်းမြို့နယ် / ရွှေတောင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

ရွှေတောင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

ဇူလိုင် ၂၃
====================================

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၂၃)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနတို့မှ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ အဖွင့်အမှာစကားပြောကြားပြီး ရွှေတောင်မြို့နယ်အတွင်း ကမ်းပါပြိုကျ၍ ပြောင်းရွေ့ရသည့် အိမ်ထောင်စုများ၊ ရေဘေးသင့်အိမ်ထောင်စုများနှင့် လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကာ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ပြီး ရေဘေးသင့် အိမ်ထောင်စုဝင်မိသားစုများအား လိုက်လံကြည့်ရှု အားပေးစကား ပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ မှရွှေတောင်မြို့နယ်အတွင်း တရုတ်မှော်၊ ရှားပင်ကုန်း၊ ဒုရင်ဒုဘိုကျေးရွာများမှ ကမ်းပြို ခြင်းကြောင့် ပြောင်းရွေ့ရသည့် နေအိမ်(၇၁)လုံးအတွက် ထောက်ပံ့ငွေကျပ်(၇၁)သိန်း၊ ရွှေဟင်္သာ(စစ်ကုန်း)၊ ရွှေဟင်္သာ (ကျွန်းမီး)ရပ်ကွက်တို့မှ လေဘေးသင့် နေအိမ်(၁၃)လုံးအတွက် ထောက်ပံ့ငွေကျပ်(၆၁၃၂၀၀)၊ ရေဘေးသင့်လူဦးရေ (၁၀၅၁)ဦးအတွက် ထောက်ပံ့ငွေကျပ် (၂၂၀၇၁၀၀)၊ စုစုပေါင်းငွေကျပ် (၉၉,၂၀,၃၀၀)အား ထောက်ပံ့ပေးခဲ့ပြီး တိုင်းဒေသကြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပြည်၊ ရွှေတောင်၊ ပန်းတောင်း၊ မိုးညိုမြို့နယ်များအတွင်းမှ ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ငွေကျပ် (၁၇၆၄၆၃၀၀)၊ ကမ်းပြိုဘေးအတွက် ထောက်ပံ့ငွေကျပ် (၇၄)သိန်း၊ လေဘေးအတွက် ထောက်ပံ့ငွေကျပ် (၆၁၃၂၀၀) စုစုပေါင်းထောက်ပံ့ငွေကျပ် (၂၅၆၅၉၅၀၀) ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။