Home / ရွှေတောင်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ

ရွှေတောင်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ

ရွှေတောင်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ

နိဒါန်း

2

၁။      အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာန အောက်ရှိဌာန တစ်ခုဖြစ်ပြီး တရား ဥပဒေစိုးမိုးရေး ၊ ရပ်ရွာအေးချမ်းသာယာရေး ၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးဟူသော ရည်မှန်းချက် တာဝန်များကို အောင်မြင်အောင်ဆောင်ရွက် လျှက်ရှိ ပါ သည်။  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ကြသည့် အဆင့်ဆင့်သော အရာ ထမ်း၊ အမှုထမ်းများသည် ရုံးချုပ်အဆင့်မှ အောက်ခြေ ရပ်ကွက်/ ကျေးရွာအုပ်စုအဆင့်အထိအထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အသီးသီးတွင် တာဝန်ထမ်း ဆောင်ကြရပြီးနိုင်ငံတော်အုပ်ချုပ်ရေး ယန္တယား ချောမွေ့စွာလည်ပတ် ရေးတွင်ပါဝင် ဆောင်ရွက်ခြင်း ၊ ဝန်ကြီးဌာန၏ ရည်မှန်းချက် တာဝန်များ၊ အခြားဝန်ကြီးဌာနမှ ပေးအပ်သော တာဝန်များနှင့် ဒေသဆိုင်ရာ အစိုးရအဖွဲ့များမှ ပေးအပ်သော လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေကြရသည်ဖြစ်ရာ ဒေသဆိုင်ရာ အချက်အလက်များ ပြုစုထားရှိခြင်းသည် များစွာအရေးပါလာပါသည်။ ဒေသဆိုင်ရာ အချက်အလက်များ ပြုစုခြင်းဖြင့် မိမိတို့၏လုပ်ငန်းဆောင်ရွက်ရာတွင်အထောက်အကူပြုသကဲ့သိုအကြီး အကဲများ နယ်မြေသို့ ကွင်းဆင်းရာတွင်နယ်မြေ၏ အချက်အလက်များကို လွယ်ကူစွာ သိရှိနိုင် မည် ဖြစ်ပါသည်။ ဤစာအုပ်သည် ရွှေတောင်မြို့နယ်၏ဒေသဆိုင်ရာအချက် အလက်များ (၂၀၁၆ ခုနှစ်၊သြဂုတ်လကုန်အထိအခြေအနေ)ကို ပြုစုတင်ပြထာခြင်း ဖြစ်ပါသည်။

တည်နေရာ၊အကျယ်အ၀န်း

၂။      ရွှေတောင် မြို့နယ်သည် ‌မြောက်လတ္တီတွဒ် ၁၈ဒီဂရီ ၂၀မိနစ် နှင့်  ၁၈ဒီဂရီ ၄၆မိနစ် အကြား အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၀၅မိနစ်နှင့် ၉၅ဒီဂရီ ၂၂မိနစ်အကြားတွင် တည်ရှိပါသည်။ အရှေ့မှ အနောက်သို့(၁၄) မိုင်နှင့် တောင်မှမြောက်သို့ (၂၇)မိုင် ရှည်လျားပါသည်။ ရွှေတောင်မြို့နယ်၏ ဧရိယာစတုရန်းမိုင်မှာ (၂၈၃.၉၄)ဖြစ်ပြီး၊ မြို့၏စတုရန်းမိုင်မှာ (၀.၉၈၈)ဖြစ်ပါသည်။

နယ်နိမိတ်

၃။      ရွှေတောင်မြို့နယ်၏ အရှေ့ဘက်တွင် သဲကုန်းမြို့နယ် ၊ တောင်ဘက်တွင် မိုးညိုမြို့နယ် ၊ နတ္တလင်းမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ပန်းတောင်းမြို့နယ်တို့နှင့် ထိစပ်လျက် ရှိပြီး မြောက်ဘက်တွင် ပြည်မြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။

မြေမျက်နှာသွင်ပြင်

၄။     ရွှေတောင်မြို့နယ်သည် တောင်ကုန်းတောင်တန်းပေါများပါသည်။ ပဲခူးရိုးမတောင်တန်းမှာ မြောက်မှတောင်သို့ သွယ်တန်းလျှက် ရှိပါသည်။ ထင်ရှားသော တောင်တန်းများမှာ ပြည်တောင် တန်း ၊ ရွှေနတ်တောင် ၊ စားကြင်းတောင်၊ နွားသိုးတောင်တို့ဖြစ်ပါသည်။

ရေဆင်း

၅။      ရွှေတောင်မြို့နယ်တွင် မြစ်ချောင်းများပေါများသည့် ဒေသတစ်ခု ဖြစ်ပြီး ဧရာ၀တီမြစ်သည် မြောက်မှတောင်သို့ (၁၇)မိုင်အရှည် စီးဆင်း လျှက်ရှိပြီး ကုလားချောင်းသည် အရှေ့မှအနောက်သို့ စီးဆင်းလျှက် ရှိပြီး ဧရာ၀တီမြစ်ထဲသို့ စီး၀င်ပါသည်။ ဧရာ၀တီမြစ်အတွင်း နွေ၊ မိုး၊ ဆောင်း သင်္ဘောများ၊စက်လှေများသွားလာနိုင်ပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်

၆။     ရွှေတောင်မြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင် အထက် အမြင့် (၁၅၀)ပေအထက်တွင် တည်ရှိပါသည်။

 

ရာသီဥတု

၇။      ရွှေတောင်မြို့နယ်သည် စိုစွတ်သော အပူပိုင်းဇုံ ရာသီဥတုနှင့် ခြောက်သွေ့သော အပူပိုင်းဇုံရာသီဥတုအကြားတည်ရှိပြီး ဆာဘားနား ရာသီဥတု ဖြစ်ပါသည်။ အမြင့်ဆုံး အပူချိန် (၃၇.c)နှင့် အနိမ့်ဆုံးအပူ ချိန်မှာ (၂၀.c) ဖြစ်ပါသည်။ ၂၀၁၆ခုနှစ်၊ သြဂုတ်လအထိ မိုးရွာရက် ပေါင်း (၇၈) ရက်ရှိပြီး မိုးရေချိန် (၆၀.၀၂)လက်မ ရွာသွန်းခဲ့ပါသည်။ နွေရာသီတွင် အမြင့်ဆုံး အပူချိန်မှာ (၃၈.c)ဖြစ်ပြီး ဆောင်းရာသီအမြင့်ဆုံးအပူချိန်မှာ (၂၅.c)ဖြစ်ပါသည်။

သဘာဝပေါက်ပင်များ

၈။      ရွှေတောင်မြို့နယ်အတွင်း ပေါက်ရောက်သည့် သဘာဝပေါက်ပင် များမှာ ကွမ်း၊အင်ကြင်း၊ ထောက်ကြံ့၊နပဲ၊ချည်ယုတ်၊ကန်ထိန်း၊ ဘဲသေ၊ ရှား၊ အညာကုက္ကိုလ်၊ရေမိန်နားပဲ၊ မုန်တိုင်၊ သပြေ ဖန်ခါး၊သစ်ရာ၊ပျဉ်းကတိုး၊ ပိတောက်၊ ယင်းတိုက်ပင်၊ ဝါးပင်များပေါက်ရောက်ပြီး အခြားဆေး ဘက်၀င်သည့်  အပင်များဖြစ်ပါသည်။

တောရိုင်းတိရစ္ဆာန်များ

၉။      ရွှေတောင်မြို့နယ်အတွင်းရှိတောရိုင်းတိရိစ္ဆာန်များမှာချေ(ဂျီ)၊ယုန်၊တောကြောင်၊ရေကြက်၊ စစ်စလီ၊ ငုံး၊ ရေဇလုပ်ခ၊ ငှက်ကြား၊ ခရုစုပ်၊ ရေဘဲ၊ ဗျိုင်း၊ ငှက်တော်၊ တောဝက်၊ သမင်၊ တောခွေး၊ ရစ်၊ ဖြူ၊ မွေပါ၊ ပွေး၊ ဖွတ်၊ ပဒတ်စသည်များနှင့် ရေနေသတ္တဝါများမှာ ငါးတန်၊ ငါးမြစ်ချင်း၊ ငါးသလောက်၊ ငါးကြင်း၊ ငါးရွယ်၊ ငါးသန်၊ ငါးဇင်းလုံး၊ ငါးသလဲတိုး၊ ပုဇွန်၊ ငါးခူ၊ငါးဖယ်၊ငါးရံ့၊ငါးရှဉ့်၊ငါးပြေမ၊ငါးခေါင်းပွ၊ငါးကျီးတို့ဖြစ်ပါသည်။

သဘာဝပတ်ဝန်းကျင်လက်ရှိအခြေနေ

၁၀။     ရွှေတောင်မြို့နယ်၏ လက်ရှိ သဘာဝပတ်ဝန်းကျင် အခြေအနေမှာ သစ်တောဖုံးလွမ်းမှု (၃၀%)ရှိပါသည်။ ၎င်းအနက်မှ ကြိုးဝိုင်းသစ်တောဖုံး လွှမ်းမှုမှာ(၁၅%)ဖြစ်ပြီးကြိုးပြင်ကာကွယ် တော  ဖုံးလွှမ်းမှုမှာ(၁၅%)ရှိပါ သည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ

၁၁။    ရွှေတောင်မြို့နယ်သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများအတွက် ကြိုး ဝိုင်းတော (၁၂၀၄၃.၇၄)ဧက၊ ကြိုးပြင်တော  (၆၆၂၆)ဧက ထိန်းသိမ်း လျက်ရှိပါသည်။ သစ်တော စိုက်ခင်း တည်ထောင်နိုင်မှုမှာ ပုဂ္ဂလိကကျွန်း စိုက်ခင်း(၅)ဧက၊ သစ်မာ(၁၅)ဧက၊ ကျေးရွာထင်း စိုက်ခင်း(၅၁)ဧက ဖြစ်ပါသည်။

သဘာဝဘေးအန္တရာယ်ကျရောက်မှု

၁၂။     ရွှေတောင်မြို့နယ်သည် ပဲခူးတိုင်းဒေသကြီးအတွင်းတွင်  တည်ရှိသဖြင့်  ရေဘေးအန္တရာယ် ကျ ရောက်လေ့ရှိပါသည်။ ရွှေတောင်မြို့နယ်အတွင်း ဧရာ၀တီမြစ်၏ စိုးရိမ်ရေမှတ် (၂၉၀၀) စင်တီမီ တာဖြစ်ပါသည်။ရွှေတောင် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်မှုမှာ၂၀၀၆ ခုနှစ်တွင် ရေဘေး (၂)ကြိမ် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး အဆောက်အဦပျက်စီးဆုံးရှုံးမှု ( ၂၁၉၆ )၊ ပျက်စီးဆုံးရှုံး မှုတန်ဘိုးမှာ  ကျပ်သန်းပေါင်း (၂၂၆.၈၄)ဖြစ်ပါသည်။

အုပ်ချုပ်ရေးဆိုင်ရာအချက်အလက်များ

အိမ်ခြေ၊အိမ်ထောင်စု၊လူဦးရေ

၁၃။    ရွှေတောင်မြို့နယ်တွင် ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၄၈)အုပ်စု၊ကျေးရွာ(၂၉၇)ရွာ ရှိပြီး ၂၀၁၆ခုနှစ်၊ သြဂုတ်လ(၃၁)ရက်နေ့အထိ မြို့နေ အိမ်ခြေ(၄၄၆၈)အိမ်၊ အိမ်ထောင်စု(၄၉၇၇) စု၊ ကျေးလက်နေ အိမ်ခြေ(၂၇၈၉၅)အိမ်၊ အိမ်ထောင်စု(၂၈၈၆၇)စု၊ စုစုပေါင်းအိမ်ခြေ (၃၂၃၆၃)အိမ်၊ အိမ်ထောင်စု (၃၃၈၄၄)စုဖြစ်ပါသည်။အသက်(၁၈)နှစ်အထက် မြို့နေလူဦးရေမှာ ကျား (၆၇၁၃)ဦး၊ မ(၈၃၇၃)ဦး၊ ပေါင်း(၁၅၀၈၆)ဦး၊ အသက်(၁၈)နှစ်အောက် မြို့နေလူဦးရေမှာ ကျား(၂၁၆၀)ဦး၊ မ(၂၀၂၂)ဦး၊ ပေါင်း(၄၁၈၂)ဦးရှိသည့်အတွက် စုစုပေါင်း မြို့နေကျား (၈၈၇၃)ဦး၊ မ(၁၀၃၉၅)ဦး၊ ပေါင်း (၁၉၂၆၈)ဦးဖြစ်ပါသည်။အသက်(၁၈)နှစ်အထက် ကျေးလက်နေလူဦးရေ ကျား (၃၉၂၆၇)ဦး၊ မ(၄၃၇၄၃)ဦး၊ပေါင်း(၈၃၀၁၀)ဦး၊ အသက်(၁၈)နှစ်အောက် ကျေးလက်နေ လူဦးရေမှာ ကျား (၁၄၃၄၁)ဦး၊ မ(၁၃၃၂၈)ဦး၊ ပေါင်း (၂၇၆၆၉)ဦးရှိသည့်အတွက် စုစုပေါင်း ကျေးလက်နေ လူဦး ရေမှာ ကျား (၅၃၆၀၈)ဦး၊ မ(၅၇၀၇၁)ဦး၊ပေါင်း (၁၁၀၆၇၉)ဦးဖြစ်ပါသည်။ ရွှေတောင်မြို့နယ် ၏ အသက်(၁၈)နှစ်အထက် လူဦးရေမှာ ကျား (၄၅၉၈၀)ဦး၊ မ(၅၂၁၁၆)ဦး၊ ပေါင်း (၉၈၀၉၆)ဦး၊ အသက်(၁၈)နှစ်အောက် လူဦးရေမှာ ကျား (၁၆၅၀၁)ဦး၊ မ(၁၅၃၅၀)ဦး၊ ပေါင်း (၃၁၈၅၁)ဦး ရှိသည့်အတွက် စုစုပေါင်း လူဦးရေမှာ ကျား (၆၂၄၈)ဦး၊ မ(၆၇၄၆၆)ဦး၊ စုစုပေါင်း (၁၂၉၉၄၇)ဦး ဖြစ်ပါသည်။

နေထိုင်သည့် တိုင်းရင်းသားလူမျိုးစုများ

၁၄။    ရွှေတောင်မြို့နယ်တွင် ကချင် (၂)ဦး၊ကရင်(၂၀၅၂)ဦး၊ ချင်း(၁၆)ဦး၊ မွန်(၃)ဦး၊ ဗမာ (၁၂၇၅၃၂)ဦး၊ ရခိုင် (၆၁)ဦး၊ ရှမ်း (၈)ဦး၊အခြား (၁၈၄)ဦး နေထိုင်ကြပါသည်။

ကိုးကွယ်သည့်ဘာသာ

၁၅။    ရွှေတောင်မြို့နယ်တွင် နေထိုင်ကြသူများ၏ ကိုးကွယ်သည့်ဘာသာအလိုက် လူဦးရေမှာ ဗုဒ္ဓဘာသာ (၁၂၉၇၄၈)ဦး၊ ခရစ်ယာန် (၅၀)ဦး၊ဟိန္ဒူဘာသာ (၁၀)ဦး၊ အစ္စလာမ်ဘာသာ (၁၃၉)ဦး ဖြစ်ပါသည်။

နိုင်ငံခြားသားနေထိုင်မှု

၁၆။    ရွှေတောင်မြို့နယ်အတွင်း နိုင်ငံခြားသားနေထိုင်မှုအနေဖြင့် တရုတ်၊အိန္ဒိယ၊ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်လူမျိုးများနေထိုင်မှုမရှိဘဲ အခြားလူမျိုးလူဦးရေ (၁၈၄)ဦး နေထိုင်ပါသည်။

အုပ်ချုပ်ရေးနယ်မြေဖွဲ့စည်းမှု

၁၇။    ရွှေတောင်မြို့နယ်၏ အုပ်ချုပ်ရေးနယ်မြေဖွဲ့စည်းမှုအနေဖြင့် မြို့နယ်(၁)မြို့နယ်၊ မြို့(၁)မြို့၊ ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၄၈)အုပ်စု၊ ကျေးရွာ(၂၉၇)ရွာဖြစ်ပါသည်။

အုပ်ချုပ်ရေးမှူးရုံးများ

၁၈။    ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး (၁)ရုံး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး (၃)ရုံး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး (၄၈)ရုံး ရှိပါသည်။

ဌာနဆိုင်ရာရုံးများနှင့် ၀န်ထမ်းအင်အားစာရင်း

၁၉။    ရွှေတောင်မြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ၀န်ထမ်းအင်အားအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

စဉ်

ဌာနဆိုင်ရာအမည် ခွင့်ပြု ခန့်ထား လစ်လပ်
အရာရှိ အဆင့် အခြား အဆင့် ပေါင်း အရာရှိ အဆင့် အခြား အဆင့် ပေါင်း အရာ ရှိအဆင့် အခြား အဆင့်

ပေါင်း

မြို့နယ်ထွေ/အုပ်ဌာန ၈၂ ၈၄ ၈၀ ၈၂
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၂၈ ၁၃၁ ၁၅၉ ၁၃ ၈၉ ၁၀၂ ၁၅ ၄၂ ၅၇
မြို့နယ်စီမံကိန်း
မြို့နယ်တရားရုံး ၁၀ ၁၂ ၁၁
မြို့နယ်ဥပဒေရုံး
မြို့နယ်သစ်တော ၂၀ ၂၁ ၁၂ ၁၃
ဆက်သွယ်ရေး (စာတိုက်)
ဆက်သွယ်ရေး(ဖုန်း)
လယ်ဖွံ့ဘဏ် ၁၄ ၁၅ ၁၂ ၁၃
၁၀ မြို့နယ်ပညာရေးမှူးရုံး ၁၉ ၁၆၅၂ ၁၆၇၁ ၁၈ ၁၄၃၉ ၁၄၅၇ ၂၁၄ ၂၁၅
၁၁ မြို့နယ်မြေစာရင်း ၃၇ ၃၈ ၃၄ ၃၅
၁၂ ရေနံသိုဖြန့် ၆၅ ၆၉ ၃၄ ၃၈ ၃၁ ၃၁
၁၃ မြို့နယ်အား/ကာ
၁၄ လူမှုဖူလုံရေးအဖွဲ့ ၂၆ ၂၈ ၁၅ ၁၆ ၁၁ ၁၂
၁၅ မြို့နယ်မွေးကု
၁၆ မြို့နယ်ကျန်းမာရေး ၁၁ ၂၁၅ ၂၂၆ ၁၈၂ ၁၈၈ ၃၃ ၃၈
၁၇ ပြည်တွင်းအခွန်
၁၈ မြို့နယ်စာရင်းရုံး ၁၃ ၁၄ ၁၃ ၁၄
၁၉ ကုန်သွယ်မှုမြှင့်တင်ရေး
၂၀ ရေနံရှာဖွေရေး ၁၀ ၁၂ ၁၀ ၁၂
၂၁ မြန်မာ့စီးပွားရေးဘဏ် ၂၃ ၂၄ ၂၃ ၂၄
၂၂ မြို့နယ်စည်ပင် ၇၈ ၈၀ ၂၇ ၂၉ ၅၁ ၅၁
၂၃ မြို့နယ်သ/မ ၄၆ ၅၁ ၁၁ ၁၃ ၃၅ ၃၈
၂၄ မြို့နယ်ဆည်မြောင်း ၁၀ ၁၀ ၁၀ ၁၀
၂၅ မြို့နယ်လ၀က ၁၄ ၁၅ ၁၂ ၁၃
၂၆ အမှတ်(၁)အထည်စက်ရုံ ၆၂ ၁၇၁၀ ၁၇၇၂ ၅၂ ၁၇၄၀ ၁၇၉၂ ၁၀ ၁၀
၂၇ ပြည်တောင်တန်း ရေနံမြေ  ၁၆ ၄၃၉ ၄၅၅ ၁၉ ၂၉၇ ၃၁၆ ၁၄၂ ၁၄၂
၂၈ စိုက်ပျိုးရေးဦးစီးဌာန ၄၁ ၄၂ ၂၁ ၂၂ ၂၀ ၂၀
၂၉ အထက်ယက္ကန်းကျောင်း
၃၀ စက်မှုသီးနှံ ၁၃ ၁၄ ၁၃ ၁၄
၃၁ ပြန်ဆက်
၃၂ တိုင်းရင်းဆေး
၃၃ မြို့နယ်လျှပ်စစ် ၂၈ ၂၈ ၂၃ ၂၃
၃၄ သဘာ၀ဓါတ်ငွေ့စက်ရုံ ၁၂၁ ၁၃၀ ၇၃ ၈၀ ၄၈ ၅၀
၃၅ ပြည်သူ့ဆောက်လုပ်ရေး ၁၀
၃၆ ရေအရင်းအမြစ် ၁၀၆ ၁၁၄ ၂၈ ၃၃ ၇၈ ၈၁
၃၇ မြို့နယ်မီးသတ် ၂၄ ၂၈ ၁၆ ၁၇ ၁၁
၃၈ ကျေးလက်ဦးစီးဌာန ၂၆ ၂၇ ၁၃ ၁၄ ၁၃ ၁၃
မြို့နယ်ချုပ် ၁၉၆ ၅၀၂၄ ၅၂၂၀ ၁၅၃ ၄၂၉၃ ၄၄၄၆ ၄၃ ၇၃၁ ၇၇၄

 

တရားစီရင်ရေး

၂၀။    ရွှေတောင်မြို့နယ်၏ ၂၀၁၆-၂၀၁၇ခုနှစ်တွင် တရားစီရင်ရေး ဆောင်ရွက်မှုအနေဖြင့်အမှုကြီး (၁၀)မျိုးဖြစ်ပွားမှုမှာ လူသက်မှု(၁)မှု၊မုဒိမ်းမှု(၃)မှု၊စုစုပေါင်း (၄)မှုဖြစ်ပွားပြီး ပိတ်သိမ်းရန်ကျန် (၄)မှုရှိပါသည်။အခြားအမှု(၁၀)မျိုး၊ဖြစ်ပွားမှုမှာ ခိုးမှု(၁)မှု၊နာကျင်(ယာဉ်) (၂၁)မှု၊နာကျင်(ရိုးရိုး) (၆)မှု၊ကျန်အခြား (၂၄)မှု၊ စုစုပေါင်း(၅၂)မှုဖြစ်ပွားပြီး ပိတ်သိမ်းရန်ကျန် (၃၆)မှု ဖြစ်ပါသည်။ ကြိုကာဖြစ်ပွားမှုအနေဖြင့် လက်နက်ပုန်း(၂)မှု၊လောင်းကစား(၄)မှု၊ ခြေချုပ်/ခံ၀န်(၄)မှု၊ ကျင့် ၅၄/၅၅(၁၇)မှု၊ရဲအက်(၉၇)မှု၊ယစ်မျိုးမှု (၂၃)မှု၊မော်တော်ယာဉ်ဥပဒေ (၇၁၆)မှု၊ စုစုပေါင်း (၈၆၃)မှု ဖြစ်ပွားပြီး ပိတ်သိမ်းရန်ကျန် (၁၃)မှုဖြစ်ပါသည်။

ကာကွယ်ရေးနှင့်လုံခြုံရေး

၂၁။    ရွှေတောင်မြို့နယ်၊ နွားမယံကျေးရွာအုပ်စုတွင် အမှတ်(၁၄)ခြေလျင်တပ်ရင်း၊ ဝါးတော အုပ်စုတွင် (၅၀၉)အမြှောက်တပ်ရင်းနှင့် အိုးထိန်းကုန်းကျေးရွာအုပ်စုတွင် အမှတ်(၉၂၉) မော်တော် ယာဉ်တပ်ခွဲတို့ဖြင့် ကာကွယ်ရေးနှင့် လုံခြုံရေးဖြန့်ချထားရှိပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အရာရှိ(၂၀)ဦး၊ အခြားအဆင့်(၁၀၀)ဦး၊ စုစုပေါင်း (၁၂၀)ဦးရှိပါသည်။ ရဲတပ်ဖွဲ့နှင့် လူဦးရေအချိုး အနေဖြင့် (၁:၁၀၈၂) ရှိပါသည်။ မီးသတ်စခန်း (၁)ခုရှိပြီး သန္ဓေအင်အား (၁၇)ဦး၊ အရန်အင်အား (၇၄၆)ဦး၊ စုစုပေါင်း (၇၆၃)ဦးရှိပြီး မီးသတ်ယာဉ်(၁၀)စီး၊ရေသယ်ယာဉ်(၁)စီး၊ အပေါ့စားစက် (၉)ခု ရှိပါသည်။

နယ်မြေအခြေအနေ

၂၂။     ရွှေတောင်မြို့နယ်သည် အဖြူရောင်နယ်မြေဖြစ်ပြီး အေးချမ်းတည်ငြိမ်မှုရှိပါသည်။ ငြိမ်း ချမ်းရေးအဖွဲ့အစည်းများ၊ အကြမ်းဖက်သောင်းကျန်းသူများ မရှိပါ။

ရွေးကောက်ပွဲဆိုင်ရာကိစ္စများ

၂၃။    ရွှေတောင်မြို့နယ်၏ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ဥက္ကဌအဖြစ် ဦးခင်မောင်သန်း မှ တာ၀န်ယူဆောင်ရွက်ပြီး အဖွဲ့၀င်(၁၅)ဦးဖြင့် ဖွဲ့စည်းထားရှိပါသည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကျား (၄၅၉၈၀)ဦး၊ မ(၅၂၁၁၆)ဦး၊ စုစုပေါင်း (၉၈၀၉၆)ဦး ရှိပါသည်။ နိုင်ငံရေးပါတီများအဖြစ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ (၈၈)ကျောင်းသားလူငယ်များ၊ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်ပါတီ၊ စုစုပေါင်းပါတီ (၅)ခုရှိပါသည်။ အနိုင်ရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှ ရွေးချယ်ခံရသော လွှတ်တော်ကိုယ်စားလှယ်များမှာ ဒေါ်မြခွာညိုဦး(ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ဦးအေးချို(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)၊ ဦးညွှန့်ဝေ(အမှတ်(၁)တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)၊ ဦးအုန်းသွင်(အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်)တို့ဖြစ်ပါသည်။

စီးပွားရေးဆိုင်ရာအချက်အလက်များ

မြေအသုံးချမှု

၂၄။    ရွှေ‌တာင်မြို့နယ်၏ မြေအမျိုးအစားအလိုက် အသုံးချထားသည့် မြေအမျိုးအစားများမှာ အသားတင်စိုက်ပျိုးမြေဧရိယာပေါင်း (၈၄၀၄၆)ဧက၊ စားကျက်မြေ(၈၁)ဧက၊ စက်မှုလုပ်ငန်းသုံး မြေ(၉၀၃)ဧက၊ မြို့မြေ(၆၄၄)ဧက၊ ရွာမြေ(၄၁၀၀၀)ဧက၊ အခြားမြေ (၃၂၅၀)ဧက၊ ကြိုးဝိုင်းကြိုး ပြင်ကာကွယ်တော (၁၂၀၄၄)ဧက၊ တောရိုင်း(၃၉၈၉)ဧက၊ မြေရိုင်း (၁၀၅၄)ဧက၊ စိုက်ပျိုးခြင်း မပြု နိုင်သောမြေ (၃၄၇၁၀)ဧကဖြစ်သည့်အတွက် စုစုပေါင်း မြေဧရိယာ (၁၈၁၇၂၁)ဧကရှိပါကြောင်း တင်ပြအပ်ပါသည်။

ဆည်မြောင်း၊တာတမံများနှင့် ဆည်ရေသောက်ဧရိယာ

၂၅။    ရွှေတောင်မြို့နယ်တွင် အစိုးရဆည်အနေဖြင့် ရွှေတောင်ဆည်၊ရေလှောင်တမံဖြစ်ပြီးရေ၀င်ဆံ့ မှု ကုဗပေ (၅၃၆၀)ဖြစ်၍ အကျိုးပြုဧက(၃၁၀)ဖြစ်ပါသည်။ ကိုယ့်စားကိုယ်ကိုးဆည်များမှာ ဆည်ကြီးကုန်းဆည်၊ရေ၀င်ဆံ့မှုကုဗပေ(၂၆၃၀)ဖြစ်၍ အကျိုးပြုဧက(၃၁၁)ဖြစ်ပါသည်။ ရွှေညောင် ပင်ဆည်၊ ရေ၀င်ဆံ့မှုကုဗပေ (၁၈၅၀)ဖြစ်၍ အကျိုးပြုဧက(၁၀၀)နှင့် သံသရာအေးဆည်၊ ရေ၀င် ဆံ့မှုကုဗပေ (၃၈၀၀)ဖြစ်၍ အကျိုးပြုဧက(၃၅၀)တို့ဖြစ်ပါသည်။ မြစ်ရေတင်စီမံကိန်း အနေဖြင့် နွားမယံကျေးရွာအုပ်စု၊နတ်မှော်မြစ်ရေတင်ရှိပြီး အကျိုးပြုဧက(၁၅၂၂)ဧကဖြစ်ပါသည်။တာတမံ ရေထိန်းတံခါးများမှာ ထန်းလုံးချောင်းတာ၊အရှည်ပေ(၁၉၈၀၀)ပေ၊အကျိုးပြုဧက(၁၀၀၀)နှင့် ကွေ့မတာ၊အရှည်ပေ(၄၈၈၄၀)ပေ၊ အကျိုးပြုဧက(၂၉၁၂)ဧကဖြစ်ပါသည်။

စိုက်ပျိုးရေးလုပ်ငန်း

၂၆။    ရွှေတောင်မြို့နယ်၏ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေမှာ အောက်ပါ အတိုင်းဖြစ်ပါသည် –

          ( က )  အဓိကသီးနှံ(၁၀)မျိုး စိုက်ပျိုးထုတ်လုပ်မှု

               

စဉ် သီးနှံ
အမည်
၂၀၁၅၂၀၁၆ လျာထားဧက ၂၀၁၅၂၀၁၆ ခုနှစ်
စိုက် ရိတ် နှုန်း အထွက်

(တင်း)

 

စပါးပေါင်း နွေ ၂၇၇၂ ၂၈၈၆
မိုး ၅၈၅၁၈ ၅၆၇၂၅
စဉ် သီးနှံ
အမည်
၂၀၁၅၂၀၁၆ လျာထားဧက ၂၀၁၅၂၀၁၆ ခုနှစ်
စိုက် ရိတ် နှုန်း အထွက်

(တင်း)

 

မြေပဲ မိုး ၈၉၆၅ ၉၄၂၀
ဆောင်း ၁၃၂၂၉ ၁၄၂၂၉ ၁၄၂၂၉ ၆၆.၉၀ ၉၅၁၉၂၀

 

နှမ်း မိုး ၂၁၃၂ ၂၅၉၁
ဆောင်း ၄၂၅၂ ၄၄၁၉ ၄၄၁၉ ၁၂.၄၂ ၅၄၇၆၁
နေကြာ
မတ်ပဲ ၁၃၄၉၆
ပဲတီစိမ်း မိုး ၂၆၈ ၂၆၈ ၂၆၈ ၁၇.၉၉ ၄၈၂၁
ဆောင်း ၆၇၉ ၆၇၉ ၆၇၉ ၁၅.၈၇ ၁၀၇၇၆
ပဲစင်းငုံ ၁၈၆ ၁၈၆
ဝါ
ကြံ ၁၇၀၅ ၁၀၅၁
၁၀ အစေ့ထုတ်ပြောင်း

(  ခ )  နှစ်ရှည်သီးနှံစိုက်ပျိုးမှုအခြေအနေ

စဉ် သီးနှံအမည် စိုက် (ဧက) ရိတ် (ဧက) အထွက်နှုန်း  (ပိဿာ) အထွက်ပေါင်း (ပိဿာ)
သစ်ဆိမ့် ၉၃၉
ရာဘာ
ငရုတ်ကောင်း ၂၀
စားကြံ
ကော်ဖီ
လက်ဖက်
ကွမ်းသီး/ရွက် ၁၄၃
အုန်း ၂၀ ၂၀ ၅၄၃၉.၇၅ ၁၀၈၇၉၅
သစ်သီးပင် ၄၈၅၇ ၃၉၃၃ ၃၉၆၉.၄၂ ၁၅၆၁၁၇၂၁
မြို့နယ်

ချုပ်

၅၉၇၉ ၃၉၅၃

 

(  ဂ )  လယ်ယာသုံးထယ်၊ထွန်နှင့် ကျွဲ၊နွားကောင်ရေ။          ရွှေတောင်မြို့နယ်တွင် ထယ်အရေအတွက် (၁၂၈၁၃)ခု၊ ထွန်အရေအတွက် (၁၂၆၅၈)ခု၊ ကျွဲကောင်ရေ (၃၈၄၂)ကောင်၊ နွားကောင်ရေ (၆၀၄၈၁)ကောင် ရှိပါသည်။

( ဃ )  ဒေသတွင်း ဆန်ဖူလုံမှုအခြေအနေ

စဉ် အကြောင်းအရာ ရေတွက်

ပုံ

၂၀၁၅၁၆  အမှန် ၂၀၁၆၁၇

လျာထား

မှတ်

ချက်

လူဦးရေ ဦး ၁၂၉၈၉၈ ၁၂၉၉၄၇
လူတစ်ဦးတစ်နှစ်စားသုံးမှု    
-ကျေးလက်နေ တင်း ၁၇၇၀၆၇၅ ၁၆၆၀၁၈၅
-မြို့နေ တင်း ၂၃၂၂၉၆ ၂၃၁၂၁၆
ဝမ်းစာလိုအပ်ချက် တင်း ၂၀၀၂၉၇၁ ၁၈၉၁၄၀၅  
စပါးစိုက်ဧကပေါင်း ဧက ၆၁၂၉၀ ၆၁၃၁၄
-အထွက်နှုန်း တင်း ၇၈.၂၉ ၇၆.၃၃
-အထွက်တင်း တင်း ၄၇၉၈၀၈၉ ၄၆၈၀၃၅၀
လာမည့်နှစ်စပါးစိုက် ဧက ဧက ၆၁၂၉၀ ၆၁၃၁၄
ချန်လှပ်ရမည့်တင်း တင်း ၁၂၂၅၈၀ ၁၂၂၆၁၈
အသုံးပြုတင်း တင်း ၂၃၀၉၄၂၁ ၂၁၉၇၉၇၁
ပိုလျှံမှု တင်း ၂၄၈၈၆၆၈ ၂၄၈၂၃၇၉
ဝမ်းစာကျန်ရှိမှု တင်း ၄၆၇၅၅၀၉ ၁၈၉၁၄၀၁
၁၀ ဖူလုံမှု % ၂၀၇.၇၆ ၂၁၂.၉၄

(  င )  ဒေသတွင်း ဆီဖူလုံမှုအခြေအနေ

စဉ် အကြောင်းအရာ ရေတွက်

ပုံ

၂၀၁၅၁၆ အမှန် ၂၀၁၆၁၇

လျာထား

မှတ်

ချက်

လူဦးရေ ဦး ၁၂၉၈၅၈ ၁၂၉၉၄၇
လူတစ်ဦးတစ်နှစ်စားသုံးမှု ပိဿာ
ဝမ်းစာလိုအပ်ချက်  တန် ၁၁၆၄ ၁၂၇၃
ဆီထွက်ရှိမှု တင်း ၄၃၂၈ ၄၃၁၅
အလေအလွင့်နှင့် အခြား တင်း ၁၄၆၁၅၅ ၁၄၆၈၇၂
ချန်လှပ်ရမည့်တင်း ဧက ၁၃၃၉၁၉ ၁၃၅၇၁၉
အသုံးပြုမှု မက်/တန် ၂၈၂၅၉၁
လိုအပ်မှု မက်/တန် ၂၇၁.၁၃ ၁၂၇၃.၀၀
ဖူလုံမှု ရာခိုင်နှုန်း ၃၇၁.၈၂ ၃၃၉.၀၀

မွေးမြူရေးလုပ်ငန်း

၂၇။    ရွှေတောင်မြို့နယ်အတွင်း မွေးမြူရေးဇုန်အနေဖြင့် ဆောင်ရွက်ထားမှုမရှိပါ။ မြို့နယ်တွင်း မွေးမြူထားရှိမှုမှာ ကျွဲ (၃၀၁၀)ကောင်၊ နွား(၅၉၄၆၅)ကောင်၊ ၀က်(၃၃၉၇၅)ကောင်၊ သိုး/ဆိတ် (၁၁၄၇၁)ကောင်၊ ကြက်(၇၂၆၃၈)ကောင်၊ ဘဲ (၃၈၈၇၅)ကောင်ဖြစ်ပါသည်။ အသားထုတ်လုပ်မှု အနေဖြင့် နွား(၅၅၉၀၃၈)ပိဿာ၊ ၀က်(၁၉၀၂၇၃၂)ပိဿာ၊ ကြက်ဥ (၂၈၂၅၅၃၅၀)လုံး၊ ဘဲဥ (၂၈၆၄၉၁၆)လုံး၊ ငုံးဥ (၅၂၀၄၁၁၆)လုံး ဖြစ်ပါသည်။ နို့ထွက်ပစ္စည်းထုတ်လုပ်မှုအနေဖြင့် နို့စား နွား (၃၃၂)ကောင်ရှိပြီး နို့ထွက်ပိဿာ(၃၇၂၁၀)ပိဿာထွက်ရှိပါသည်။ ငါးမွေးမြူမှုအနေဖြင့် ငါး ကန်(၃၃)ကန်ရှိပြီး (၆၄.၉၆)ဧက၊ထုတ်လုပ်မှုပိဿာ (၃၅၈၀)ပိဿာဖြစ်ပါသည်။ ပုဇွန်မွေးမြူမှု မရှိပါ။ ရေချိုရေငန်ငါးဖမ်းလုပ်ငန်းအနေဖြင့် ငါးလေလံ(၁၉)ခုရှိပြီး ထုတ်လုပ်မှုတန် (၆၀၃၅.၂၆) ရှိပါသည်။

စက်မှုလုပ်ငန်း

၂၈။    ရွှေတောင်မြို့နယ်အတွင်း စက်မှုဇုန်တည်ထောင်ထားမှု မရှိပါ။ မြို့နယ်တွင်း စက်ရုံများမှာ အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်)ဖြစ်ပြီး လုပ်သားအင်အား (၁၉၁၃)ဦးရှိပါသည်။သဘာ၀ ဓါတ်ငွေ့စက်ရုံ(လျှပ်စစ်) စက်ရုံ (၁)ရုံရှိပြီး လုပ်သားအင်အား (၈၀)ဦးရှိပါသည်။ မြို့နယ်တွင်း ပုဂ္ဂလိကအလုပ်ရုံများမှာ ယက္ကန်းလုပ်ငန်း(၃)ရုံရှိပြီးလုပ်သားအင်အား (၄၀)ဦး၊ လင်းရောင်ခြည် ယိုစုံလုပ်ငန်း(၁)ရုံရှိပြီး လုပ်သားအင်အား (၅၀)ဦးရှိပါသည်။ အိမ်တွင်းစက်မှုလုပ်ငန်းများအနေ ဖြင့် လုပ်ငန်းအမျိုးအစား(၇)မျိုး၊ အရေအတွက် (၅၄)ခုရှိပြီး လုပ်သားအင်အား (၁၅၂)ဦး ရှိပါ သည်။

သစ်တောလုပ်ငန်း

၂၉။    ရွှေတောင်မြို့နယ်တွင် ကြိုးဝိုင်းသစ်တောဧရိယာ (၁၁၉၁၅)ဧကရှိပြီး ပျဉ်းကတိုး၊ အင်းကြင်း၊ကွန်ပို၊ အင်ပို၊ သစ်ယာ၊ နီပဆေး၊ ရင်းခတ်၊ ခပေါင်း၊ နပဲ၊ ထောက်ကြံ့၊ သစ်ပုဂံများ ပေါက်ရောက်ပါသည်။ စီးပွားဖြစ်သစ်တောစိုက်ခင်းနှင့် သစ်ထုတ်လုပ်မှု မရှိပါကြောင်း တင်ပြ အပ်ပါသည်။

တွင်းထွက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း

၃၀။    ရွှေတောင်မြို့နယ်တွင် တွင်းထွက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းမရှိပါ။

ကျောက်မျက်တူးဖေါ်မှုလုပ်ငန်း

၃၁။    ရွှေတောင်မြို့နယ်အတွင်း ကျောက်မျက်တူးဖေါ်မှုလုပ်ငန်းမရှိပါ။

စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍ

၃၂။    ရွှေတောင်မြို့နယ်အတွင်းပြည်တောင်တန်းရေနံမြေမှတစ်နှစ်ထွက်ရှိမှုစည်ပေါင်း(၁၅၁၇၀) ရှိပါသည်။ ရေနံချက်စက်ရုံမရှိပါ။ ဓါတ်ဆီ၊ ဒီဇယ်ပုဂ္ဂလိကအရောင်းဆိုင် (၂)ဆိုင်ရှိပြီး တစ်နှစ် ရောင်းချမှုစည်ပေါင်း ဓါတ်ဆီ(၈၄၀)၊ ဒီဇယ်ဆီ(၇၆၈)ဖြစ်ပါသည်။ သဘာ၀ဓါတ်ငွေ့ပိုက်လိုင်း အနေဖြင့် ထန်းကုန်းကျေးရွာအုပ်စုမှ ဆည်ကြီးကုန်းကျေးရွာအုပ်စုရှိ (၁၈.၅)မိုင် ရှည်လျားသည့် ပြည်တောင်တန်းရေနံမြေရှိပါသည်။၎င်းမှ ရေနံတစ်နှစ်လျှင် ကုဗပေ(၃၆.၈၆၅) ထွက်ရှိပါသည်။ လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုအနေဖြင့် ရွှေတောင်သဘာ၀ဓါတ်ငွေ့စက်ရုံမှ တစ်နှစ်လျှင် (၅၅.၃၅) KWထွက်ရှိပါသည်။ဓါတ်အားခွဲရုံ ဆောက်လုပ်ထားမှုမရှိပါ။ ထရန်စဖော်မာအမျိုးအစား (၁၂) မျိုးရှိပြီး (၇၉)ခု ရှိပါသည်။ ဖြန့်ဖြူးနိုင်သည့် ဓါတ်အားမှာ (၂၀၂၀၈)KW ဖြစ်ပါသည်။ လျှပ်စစ် ဓါတ်အားသုံးစွဲမှုအနေဖြင့် လိုအပ်မှုမှာ (၁၂၀၁၇)KWဖြစ်ပြီး ရရှိသည့်ပမာဏ (၉၅၃၅)KWဖြစ် ၍ သုံးစွဲမှု ပမာဏမှာ (၇၀၅၂)KWဖြစ်သည့်အတွက် (၂၄၈၃)KWပိုပါသည်။

ဆက်သွယ်ရေး

၃၃။    ရွှေတောင်မြို့နယ်အတွင်း စာတိုက်(၃)ခု၊ ကြေးနန်း(၁)ခုရှိပြီး တယ်လီဖုန်းအရေအတွက် မှာ  တယ်လီဖုန်း(၆၅၇)လုံး၊ Cord Less (၂)လုံး၊ Mobile (၄၂၀၈၈)လုံးဖြစ်ပါသည်။ အင်တာ နက်လက်ခံသူ ဦးရေ (၂၅၀၀၀)ဦးဖြစ်ပြီး အသုံးပြုဦးရေမှာလည်း (၂၅၀၀၀)ဦးဖြစ်ပါသည်။ မြို့ နယ်တွင်း လူဦးရေ(၁၂၉၉၄၇)ဦးရှိရာ ဖုန်း (၄၂၇၄၇)လုံးအသုံးပြုလျှက်ရှိ၍ဖုန်းသုံးစွဲမှုရာခိုင်နှုန်း (၃၃.၅၂)%ဖြစ်ပါသည်။ ရုပ်သံနှင့်ထပ်ဆင့်လွှင့်ရုံအနေဖြင့် မိုက်ခရိုဝေ့(ဖ်)စခန်း (၁)ခုရှိပါသည်။

ပို့ဆောင်ရေးနှင့်လမ်းပန်းဆက်သွယ်ရေး

၃၄။    ရွှေတောင်မြို့နယ်တွင် လေကြောင်းလမ်းအသုံးပြုမှုမရှိပါ။ ရေကြောင်းလမ်းအနေဖြင့် ရွှေတောင်မြို့မှ ကြံခင်းမြို့အထိဖြစ်ပြီး အရှည် (၂၃)မိုင်ဖြစ်ပါသည်။ ဆိပ်ကမ်း(၅)ခုရှိပါသည်။ ရထားလမ်းနှင့် ဘူတာရုံမရှိပါ။ ကားဂိတ်များအနေဖြင့် ပြည်-ရွှေတောင် ပြေးဆွဲသော ရွှေတောင် ကားလေးယာဉ်ဂိတ်ရှိပြီး ဒိုင်နာ (၆၃)စီးဖြင့် ပြေးဆွဲလျှက်ရှိပါသည်။ စစ်မှုထမ်းဟောင်းဂိတ်တွင် ရွှေတောင်-ရန်ကုန်ပြေးဆွဲသည့် Express(၁၂)စီးရှိပါသည်။

ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းများ

၃၅။    ပြည်သူ့ဆောက်လုပ်ရေးလမ်းအနေဖြင့် (၅)လမ်းရှိပြီး ရွှေတောင်မှ ညောင်စာရေး(၁၃)မိုင်၊ ရွှေတောင်မှကျီးသဲ(၁၀)မိုင်၊ ရွှေတောင်မှ ကွေ့မ(၂၃)မိုင်၊ရွှေတောင်မှ တရုတ်မှော် (၂၃)မိုင် ဖြစ်ပါ သည်။ မြို့နယ်ချင်းဆက်လမ်းများအနေဖြင့် ရန်ကုန်-ပြည်ကတ္တရာလမ်း(၁၆)မိုင်(၂)ဖာလုံဖြစ်ပါ သည်။ပေ(၁၈၀)အထက်တံတားမရှိပါ။ပေ(၁၈၀)အောက်တံတားအဖြစ်ရှမ်းကုန်းတံတား(၇၅)ပေ၊  ကွန်ကရစ်အမျိုးအစားကားလမ်းဖြစ်ပြီး ပေ(၅၀)အောက်တံတား (၈၇)စင်းရှိပါသည်။ လမ်း၊ တံတားအသုံးပြုခကောက်ခံသည့်လုပ်ငန်းအနေဖြင့် နွားမယံကျေးရွာအုပ်စု၊နတ်မှော်ကျေးရွာတွင်  မိုင်တိုင်အမှတ် (၁၅၉/၀)မှ (၁၇၅/၂)အထိ မက်စ်မြန်မာကုမ္ပဏီမှ တိုးဂိတ်ဖွင့်လှစ်ထားရှိပါသည်။

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း

၃၆။    ရွှေတောင်မြို့နယ်၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအနေဖြင့် ရွှေဧည့်သည်ဟိုတယ် ဖွင့်လှစ် ထားရှိပြီး အခန်းပေါင်း ( ၁၂ )ခန်းရှိပါသည်။တည်ခိုခန်း(၃)ခု ဖွင့်လှစ်ထားရှိပါသည်။ကမ်းခြေ၊  အပန်းဖြေစခန်းမရှိပါ။

သမဝါယမအသင်းများ

၃၇။    ရွှေတောင်မြို့နယ်တွင် သမဝါယမအသင်းပေါင်း (၁၀၇)သင်းရှိပြီး သမဝါယမအသင်း စုပေါင်း (၂)ခုရှိပါသည်။

စီးပွားရေးဆိုင်ရာအခြေခံအဆောက်အဦများ

၃၈။    ရွှေတောင်မြို့နယ်တွင် ကုမ္ပဏီ၊ကုန်စည်ဒိုင်၊ပွဲရုံ၊ကုန်တိုက်များမရှိပါ။ စျေးအရေအတွက် (၃)ခုရှိပြီး ၎င်းတို့မှာ ရွှေတောင်မြို့မစျေး၊ကျီးသဲစျေး၊ညောင်စာရေးစျေးတို့ဖြစ်ပါသည်။ဘဏ် အနေဖြင့် မြန်မာ့စီးပွားရေးဘဏ် (၁)ခုရှိပြီး စတိုးဆိုင်(၁၄၇)ဆိုင်ရှိပါသည်။

စည်ပင်သာယာလုပ်ငန်းများ

၃၉။    ရွှေတောင်မြို့နယ်အတွင်း စျေးအရေအတွက် (၃)ခုရှိရာ ဆိုင်ခန်း(၄၁၃)ခန်းရှိပြီး နိုင်ငံပိုင် ဖြစ်ပါသည်။ သောက်သုံးရေရရှိရေးလုပ်ငန်းအနေဖြင့် နွားမယံရေသန့်စက်ရုံသည် တစ်ရက်ရေ  ဂါလံ (၂၀၀၀၀)ထုတ်လုပ်နိုင်ပြီး အိမ်ခြေ(၅၀၀)ဖြန့်ဖြူးနိုင်ပါသည်။ သန့်ရှင်းရေးယာဉ် (၄)စီး ရှိပြီး၊ လုပ်သား(၁၀)ဦး ရှိပါသည်။ လမ်း(၈၄)လမ်းရှိပြီး စုစုပေါင်းလမ်းအရှည်မိုင် (၁၅/၇.၁၉) ရှိပါသည်။ တံတား (၆၅)စင်းရှိပါသည်။ လမ်း/တံတားသုံးစက်ကိရိယာအနေဖြင့် လမ်းကြိတ်စက် (၁)စီးရှိပြီး လုပ်သား(၁)ဦးရှိပါသည်။

ပုံနှိပ်လုပ်ငန်းနှင့်မီဒီယာလုပ်ငန်းများ

၄၀။    ရွှေတောင်မြို့နယ်တွင် ပုံနှိပ်လုပ်ငန်းအနေဖြင့် ပုဂ္ဂလိကပိုင် (၁)စက်ရှိပြီး ကွန်ပျူတာ (၁၂) လုံး၊မိတ္တူ(၁၂)လုံး၊ ဗီဒီယို(၃၄)ဆိုင် ရှိပါသည်။ မီဒီယာ လုပ်ငန်းအနေဖြင့် အစိုးရမှထုတ်ဝေသည့် မြန်မာ့အလင်း၊ကြေးမှုံ၊ဒို့ကျေးရွာ စာစောင်များမှ တစ်ရက်လျှင် (၃၄၉)စောင် ဖြန့်ဝေလျှက်ရှိပါ သည်။

ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့်၀န်ဆောင်မှုတန်ဖိုး

၄၁။    ရွှေတောင်မြို့နယ်အနေဖြင့် ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုတန်ဖိုးမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

ကျပ်သန်းပေါင်း

စဉ် အကြောင်းအရာ ၂၀၁၅၂၀၁၆ အသားတင် ထုတ်လုပ်မှုတန်ဖိုး ၂၀၁၆၂၀၁၇
ရည်မှန်းချက်တန်ဖိုး
၂၀၁၆၂၀၁၇ခုနှစ်ဆောင်ရွက်နိုင်မှု
တန်ဖိုး     အကောင်

     အထည်

    ဖော်နိုင်မှု

 

တိုး

တက်မှု

%

မှု%

ထုတ်လုပ်မှုတန်ဖိုး ၁၁၁၃၁၄.၇ ၁၁၇၀၀၁.၆ ၁၂၈၃၃.၄ ၁၁.၀ ၂.၇
ဝန်ဆောင်မှု ၂၃၅၂၅.၄ ၂၉၂၅၅.၈ ၈၇၄၃.၀ ၂၉.၉ ၁၄.၆
စဉ် အကြောင်းအရာ ၂၀၁၄၂၀၁၅ အသားတင် ထုတ်လုပ်မှု တန်ဖိုး ၂၀၁၅၂၀၁၆
ရည်မှန်းချက် တန်ဖိုး
၂၀၁၅၂၀၁၆ခုနှစ်ဆောင်ရွက်နိုင်မှု
တန်ဖိုး     အကောင်

     အထည်

    ဖော်နိုင်မှု

 

တိုး

တက်မှု

%

မှု%

ကုန်သွယ်မှုတန်ဖိုး ၃၆၈၆၂.၀ ၃၆၄၆၃.၀ ၃၉၀၆.၁ ၁၀.၇ ၇.၇
အသားတင်ထုတ်

လုပ်မှုနှင့်ဝန်ဆောင်

မှုတန်ဖိုး

၁၇၁၇၀၂.၁ ၁၈၂၇၂၀.၄ ၂၅၄၈၂.၅ ၁၃.၉ ၇.၃

တစ်ဦးချင်း၀င်ငွေ

၄၂။    ရွှေတောင်မြို့နယ်၏ လူတစ်ဦးချင်း၀င်ငွေမှာ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ( ၁၂၈၇၀၄၆ )ကျပ် ဖြစ်ပါသည်။

လူမှုရေးဆိုင်ရာအချက်အလက်များ

ပညာရေးကဏ္ဍ

၄၃။    ရွှေတောင်မြို့နယ်အတွင်း အဆင့်မြင့်ပညာကျောင်းများ ဖွင့်လှစ်ထားခြင်းမရှိပါ။ အခြေခံ ပညာကျောင်းများအနေဖြင့် အထက်တန်းကျောင်း (၁၃)ကျောင်း၊ ဆရာ/ဆရာမဦးရေ (၃၅၅)ဦး၊ ကျောင်းသား/သူဦးရေ (၇၉၀၅)ဦးဖြစ်၍ (၁:၂၂) ဖြစ်ပါသည်။အလယ်တန်းကျောင်း (၁၂)ကျောင်း ရှိပြီး ဆရာ/မ(၂၅၅)ဦး၊ ကျောင်းသား/သူဦးရေ (၅၈၂၂)ဦးဖြစ်၍ (၁:၂၀)ဖြစ်ပါသည်။ မူလတန်း ကျောင်း (၁၆၅)ကျောင်းရှိပြီး ဆရာ/မဦးရေ (၇၀၄)ဦး၊ ကျောင်းသား/သူဦးရေ (၉၂၃၃)ဦးဖြစ်၍ (၁:၁၀)ဖြစ်ပါသည်။ မူလတန်းကြိုကျောင်း (၄၆)ကျောင်းရှိပြီး ကျောင်းသား/သူဦးရေ (၄၆၃)ဦး ဖြစ်၍ (၁:၁၀)ဖြစ်ပါသည်။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁)ကျောင်းရှိပြီးဆရာ/မ(၂)ဦး၊ ကျောင်းသား/သူဦးရေ (၄၅)ဦးဖြစ်ပါသည်။ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံမှု အနေဖြင့် (၅)နှစ်ပြည့်ကလေး ကျား (၉၆၂)ဦး၊ မ(၈၇၃)ဦး၊ စုစုပေါင်း (၁၈၃၅)ဦး၊ ကျောင်းအပ်နှံ မှုကျား (၉၆၄)ဦး၊မ(၈၈၇)ဦး၊ ပေါင်း (၁၈၅၁)ဦးဖြစ်၍ ကျောင်းအပ်နှံမှုရာခိုင်နှုန်း (၁၀၀.၈၇)% ဖြစ်ပါသည်။တက္ကသိုလ်၀င်တန်းအောင်မြင်မှုအနေဖြင့် ၂၀၁၅-၂၀၁၆ခုပညာသင်နှစ်တွင် စာရင်းရှိ (၁၃၂၈)ဦး၊ ဖြေဆို(၁၂၃၅)ဦး၊ အောင်မြင် (၄၃၈)ဦးဖြစ်၍ အောင်မြင်သည့်ရာခိုင်နှုန်း (၃၅.၄၇)% ဖြစ်ပါသည်။ စာတတ်မြောက်မှုနှုန်းအနေဖြင့် မြို့နယ်လူဦးရေ (၁၂၉၉၄၇)ဦးတွင် အသက်(၁၅)နှစ် အထက်လူဦးရေ (၁၅၁၄၅၃)တွင် စာတတ်မြောက်မှု (၁၅၁၄၅၃)ဖြစ်၍ စာတတ်မြောက်မှုနှုန်း (၁၀၀)%ဖြစ်ပါသည်။သင်ကြားမှု သင်ယူမှုအထောက်အကူပြုစာသင်ခန်းများ ဖွင့်လှစ်နိုင်မှုမှာ အခြေခံပညာအထက်တန်းကျောင်း (၃)ကျောင်းတွင် Media တပ်ဆင်ပြီး (၂)ကျောင်း၊ 3PLT တပ်ပြီး (၁)ကျောင်းဖြစ်ပါသည်။ အခြေခံပညာအလယ်တန်းကျောင်း (၁၂)ကျောင်းရှိပြီး 3PLT အား ကျောင်းအားလုံးတွင် တပ်ဆင်ပြီးဖြစ်ပါသည်။ အခြေခံပညာမူလတန်းကျောင်း (၁၅၉) ကျောင်းရှိပြီး 3PLTတပ်ဆင်ပေးပြီး (၃)ကျောင်း၊ 2PLTတပ်ဆင်ပြီး (၅၈)ကျောင်း၊ 1PLT တပ်ဆင်ပြီး (၉၈)ကျောင်းဖြစ်ပါသည်။ စာကြည့်တိုက်များဖွင့်လှစ်နိုင်မှုအနေဖြင့် ပညာရေးမှ (၃၈)ခု၊ ပြန်/ဆက်(၂၀)ခု၊ အခြား(၂)ခု၊စုစုပေါင်း (၆၀)ခု ဖွင့်လှစ်ထားရှိပြီးဖြစ်ပါသည်။ ပညာရေး အသုံးစရိတ်အနေဖြင့် ၂၀၁၅-၂၀၁၆ခုဘဏ္ဍာနှစ်တွင် ခွဲဝေချထားငွေ (၂၁၇၁၅၁၉၅၀ဝိ/-)၊ သုံးစွဲ ပြီးငွေ (၁၂၈၁၅၃၄၀၁ဝိ/-)ဖြစ်၍ လက်ကျန် (၈၉၉၉၈၄၈၉/-)ဖြစ်ပါသည်။ ရွှေတောင်မြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် မူကြို(၁)ကျောင်း ရှိပြီး ကလေး(၂၅)ဦးခန့် တက်ရောက်လျှက်ရှိပါသည်။

ကျန်းမာရေးကဏ္ဍ

၄၄။    ရွှေတောင်မြို့နယ်အတွင်း (၂၅)ကုတင်ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံ (၁)ရုံ၊ (၁၆)ကုတင်ဆံ့ ကျီးသဲတိုက်နယ်ဆေးရုံ (၁)ရုံ၊ (၁၆)ကုတင်ဆံ့တရုတ်မှော်တိုက်နယ်ဆေးရုံ (၁)ရုံနှင့် (၁၆)ကုတင် ဆံ့ကွေ့မတိုက်နယ်ဆေးရုံ (၁)ရုံ၊ စုစုပေါင်း (၄)ရုံရှိပါသည်။ပုဂ္ဂလိကဆေးပေးခန်း (၅)ခန်းရှိပါ သည်။ကျေးလက်ကျန်းမာရေးဌာနခွဲ (၈)ခုရှိပြီး ဌာန(၃၄)ခုရှိပါသည်။ ကျန်းမာရေးစောင့်ရှောက် နိုင်မှုအနေဖြင့် ဆရာ၀န် (၈)ဦးရှိ၍ ဆရာ၀န်နှင့်လူဦးရေအချိုးမှာ (၁:၁၆၀၂၆) ၊ သူနာပြုဦးရေ (၂၃)ဦးရှိ၍ သူနာပြုနှင့်လူဦးရေအချိုး (၁:၅၅၇၄)၊ လက်ထောက်ကျန်းမာရေးမှူး (၇)ဦးရှိ၍ လက်ထောက်ကျန်းမာရေးမှူးနှင့် လူဦးရေအချိုး (၁:၁၈၃၁၅) ဖြစ်ပါသည်။ ဒေသအတွင်းအများ ဆုံးဖြစ်သော်လည်း ရောဂါများမှာ ငှက်ဖျား၊၀မ်းလျှော၊တီဘီ၊၀မ်းကိုက်၊အသည်းရောင်ရောဂါ တို့ဖြစ်ပါသည်။ ရွှေတောင်မြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဖွင့်လှစ် ထားရှိသော သားဖွားခန်း(၁)ဆောင်ရှိ၍ ကိုယ်၀န်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက် မှုပေးလျှက်ရှိပါသည်။

လူမှုရေးအသင်းအဖွဲ့များ

၄၅။    ရွှေတောင်မြို့နယ်တွင် INGOအသင်းအဖွဲ့များ မရှိပါ။NGOတွင် အမျိုးသမီးရေးရာ (၁၆၇၈၇)ဦး၊မိခင်နှင့်ကလေး (၁၃၅၉၄)ဦး၊ စစ်မှုထမ်းဟောင်း (၅၀၅)ဦး၊ ကြက်ခြေနီ (၆၈၂)ဦး အရံမီးသတ် (၇၄၆)ဦးရှိပါသည်။ အသင်းအဖွဲ့များအနေဖြင့် (၇)ဖွဲ့ရှိပြီး အသင်းအဖွဲ့မှတ်ပုံတင် ရယူကာ သာရေးနာရေးကိစ္စများ ကူညီဆောင်ရွက်လျှက်ရှိပါသည်။

အားကစားနှင့်ဖျော်ဖြေမှုလုပ်ငန်းများ

၄၆။    ရွှေတောင်မြိုန့ယ်တွင် ဘောလုံးအားကစားကွင်း (၁)ကွင်းနှင့် ပန်းခြံ(၁)ခုရှိပါသည်။

ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အဦနှင့်သာသနာ၀င်ပုဂ္ဂိုလ်များ

၄၇။    ရွှေတောင်မြို့နယ်တွင် ဘုရား(၄၂)ဆူ၊စေတီ(၅၀)ဆူ၊ပုထိုး (၅၀)ဆူ၊ ဘုန်းကြီးကျောင်း (၂၈၂)ကျောင်း၊ သီလရှင်ကျောင်း (၂)ကျောင်း၊ ဓမ္မာရုံ(၂၃၀)ခုရှိပါသည်။ ရဟန်း(၇၃၇)ပါး၊ သာမဏေ(၃၇၃)ပါး၊ သီလရှင် (၈၈)ပါး သီတင်းသုံးလျှက်ရှိပါသည်။

အခြားဘာသာရေးအဆောက်အဦများ

၄၈။    ရွှေတောင်မြို့နယ်တွင် မြို့ပေါ်(၃)ရပ်ကွက်များတွင် အစ္စလာမ် ဗလီ(၄)ခုရှိပါသည်။ အခြား ဘာသာရေးအဆောက်အဦများ မရှိပါ။

သမိုင်း၀င်ထင်ရှားသော အဆောက်အဦနှင့်နေရာများ

၄၉။    ရွှေတောင်မြို့နယ်တွင် သမိုင်း၀င်ထင်ရှားသည့် အဆောက်အဦမှာ ယွန်းတန်းရပ်ကွက်ရှိ  လယ်တီစာကြည့်တိုက်တစ်ခုရှိပါသည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေး

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ

၅၀။    ရွှေတောင်မြို့နယ်တွင် ၂၀၁၆-၂၀၁၇ခုဘဏ္ဍာရေးနှစ်အတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၅၀)ဖြင့် ရွှေတောင်မြို့နယ်၊ အိုးထိန်းကုန်း ကျေးရွာအုပ်စု၊ ရှင်ငယ်ရွာဟောင်းကျေးရွာနှင့် မီးလောင်ကျေးရွာအုပ်စု၊ ကိုးတွင်းစဉ်ကျေးရွာ တို့ ဆက်သွယ်သောလမ်းအား အလျား (၃၇၀၀)ပေ၊အနံ(၁၀)ပေ၊ အမြင့်ထု (၇)လက်မထု မြေနီ ကျောက်စရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်သွားရန် လျာထားတင်ပြထားရှိပြီးဖြစ်ပါသည်။

ယဉ်ကျေးမှုနယ်မြေများ

၅၁။    ရွှေတောင်မြို့နယ်တွင် ယဉ်ကျေးမှုနယ်မြေအဖြစ် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့မှ အတည်ပြုသတ်မှတ်ထားသော နေရာများ မရှိပါကြောင်း တင်ပြအပ် ပါသည်။

ဒေသသမိုင်းအကျဉ်း

၅၂။      ရွှေတောင်မြို့ကို မြန်မာသက္ကရာဇ် (၆၄၈) ခုနှစ်တွင် နရသီဟပတေ့မင်း၏ ဒုတိယသားတော် ပြည် မြို့စား သီဟသူရမင်းမှ စတင်တည် ထောင်ခဲ့ပါသည်။ ထိုစဉ်က မြို့တည်နေရာမှာ ရွှေတောင်မြို့မှ (၄)မိုင် အကွာ မြို့မရွာတွင် ဖြစ်ပါသည်။စိုက်ပျိုးရေး ကောင်းမွန်သော နေရာဖြစ်ပြီး နေအိမ်များ ဟိုတစ်စု သည်တစ်ခု ဆောက်လုပ်နေထိုင်သည်မှာဖျောက်ဆိပ်ကြယ်ပုံသဏ္ဍာန်ဖြစ်နေသည်ကိုအစွဲပြု၍ဖျောက်ဆိပ် ရွာ ဟုခေါ်တွင်ခဲ့ပါသည်။ ထိုမှတဖန်၄င်းဒေသရှိ ကုလားချောင်း၊ ပြည် တောင်တန်းရှိတောင်(၃)လုံး၊ ကြက်ဖြူတောင်၊ ဆားကျင်းတောင်၊ နွားသိုးတောင်များတွင် ရွှေထွက်သဖြင့် ရွှေထွက်တောင်များဟု လည်းကောင်း၊ ရွှေနတ်တောင်စေတီတော်မြတ်ကြီးတည်ထားရာ ကဉ္စနာဂီရိ တောင်အားအစွဲပြု၍ လည်း ကောင်း၊ ဤဖျောက်ဆိပ်ရွာဒေသကိုပြည်မြို့ စားသီဟသူနှင့်၄င်း၏ အမတ်ရန်မျိုးအောင်၏လက်ထက်မှ စတင်ကာ ရွှေတောင်မြို့ဟု နယ်ရှစ်ခွင် သတ်မှတ် သမုတ်ခေါ်တွင်ခဲ့သည်။ ရွှေတောင်မြို့နယ် ရှစ်ခွင် သတ်မှတ်ပုံမှာ အရှေ့လားသော် မုတ် ရှည် ချောင်း၊ တည်ပင်ဂွရွာ၊ ပြည်မြို့နယ်‌မြေအထိ လည်းကောင်း၊ အရှေ့ တောင်ဘက်သို့(၉) မိုင်အကွာ ‌လှော်ကား ကြေးကုန်း ၊ အင်းမ (သဲကုန်းမြို့နယ်)‌ မြေထိ လည်းကောင်း၊ တောင်ဘက်သို့ (၁၃) မိုင် အကွာ ‌မြေကြားတိုင် ညောင်ပင်တရုတ်‌မြေအထိလည်းကောင်း၊ အနောက်ဘက်သို့ (၉)မိုင်အကွာ ပင်လယ်ကြောသူရဲတန်း (ပန်းတောင်းမြို့နယ်)‌ထိ လည်းကောင်း၊ အနောက်မြောက်ဘက်သို့ဧရာ၀တီ မြစ်ထက်၀က်နှင့် ပြည်မြို့နယ်‌မြေအထိလည်းကောင်း၊‌ အရှေ့မြောက် ဘက်သို့ မြင်ဗာဟုဘုရားထိ လည်းကောင်း ကျယ်ပြန့်ပြီး မြို့နယ် အတွင်းရွာကြီး(၉၉)ရွာ ရှိခဲ့ပါသည်။ ကုန်းဘောင်ခေတ် ဘိုးတော်မင်းတရား မြန်မာသက္ကရာဇ် (၁၁၄၃-၁၁၈၁) ခရစ်သက္ကရာဇ် (၁၇၀၁-၁၉၁၉) လက်ထက် ရောက်သောအခါ ခရစ်သက္ကရာဇ် (၁၇၈၄-၁၈၀၂) နှစ်များအတွင်း ဤရွှေတောင်မြို့နယ်တွင် လူဦးရေစစ်တမ်း ပြုလုပ်ခြင်း၊ အုပ်ချုပ်မှုအား အသေးစိတ်စီမံခြင်းတို့ ပြုလုပ်သည်၊ ထို့နောက်မောင်အဂါ ကို မြို့၀န်ခန့်၍ တစ်အိမ်လျှင် မြန်မာငွေ (၂)ကျပ်စီ(၁) နှစ်လျှင်(၁)ကြိမ်ကျအခွန်စည်းကြပ် သည်။ပုဂံမင်း (၁၈၄၆) လက်ထက် ရောက်လာအခါ ရွှေတောင်မြို့ ဇာတိသားဖိုးထောင် ၊ ပဲ့နင်းကြီးဦးမှုံအား ”မင်းကြီး မဟာမင်းလှမင်း ခေါင်ကျော်” ဘွဲ့ပေး၍ ရွှေတောင်မြို့၀န်အဖြစ် ခန့်အပ်သည်၊ (၁၉၅၂)ခုနှစ်တွင် ရန်ကုန် (ဟံသာ၀တီမြို့၀န်) ဦးတုတ်သည် အင်္ဂလိပ် စစ်တပ်မှ ကပ္ပတိန် လူး၀စ်ရှက်ပဒ်တို့နှင့် ဆက်ဆံရေး မ‌ပြေလည်၍ ရွှေတောင်မြို့၀န်အား အင်္ဂလိပ်တို့နှင့် ‌ပြေလည်အောင် ဆောင်ရွက်ရန် အရေးပိုင်သော ရန်ကုန် မြို့၀န်အဖြစ်ပါ ပုဂံမင်းမှ တာ၀န်ပေး အပ်ခန့်ထားလိုက်သည်။ သို့သော်လည်းနယ်ချဲ့ကျူးကျော် ရန်ရှာလိုသော အင်္ဂလိပ်များနှင့် စေ့စပ်‌ ပြေငြိမ်းရန် မဖြစ်နိုင်သည့် အဆုံး ထိုနှစ် (၁၈၅၂) ခုနှစ် စက်တင်ဘာလ တွင်ပင် အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲများ ဖြစ်ပွားကာ ‌မြေထဲ (အောင်လံ)ဒေသမှ မြန်မာ ပြည် အောက်ပိုင်းတစ် လျှောက်လုံးအင်္ဂလိပ် လက်အောက်သို့ ကျရောက်ခဲ့ရာတွင် ရွှေတောင်မြို့နယ် လည်း ပါ၀င်သွားတော့သည် ။ ၎င်းနှစ်မှစ၍ ရွှေတောင်မြို့နယ်သည် ပဲခူးတိုင်း အတွင်း ပါ၀င်ခဲ့တော့ သည်။ ထိုအခါ အင်္ဂလိပ်နယ်ပိုင်၀န်ထောက်က ရွှေတောင်မြို့ပေါ်မှ ၎င်း၏ သဘောကျ လူကြီး (၅)ဦးရွေး ချယ်၍ ကော်မတီဖွဲ့ အုပ်ချုပ်ကာပြာတာကြီးခေါ် အိမ်ခွန်ကောက်သော စနစ်နှင့်စီမံခန့်ခွဲအုပ်ချုပ်သည်။ ရွှေတောင်မြို့နယ်၏ ဧရိယာသည် တည်ငြိမ်ခြင်းမရှိခဲ့‌ခြေ၊ ဧရိယာမှာ (၁၉၀၁)ခုနှစ် (၃၀၀) စတုရန်းမိုင်၊ (၁၉၂၁) ခုနှစ် (၂၉၄) စတုရန်းမိုင်၊ (၁၉၃၁)ခုနှစ်(၂၇၁)စတုရန်းမိုင် ရှိခဲ့သည် ။ ယခုအခါ စတုရန်း မိုင် (၂၈၃.၉၃) ခန့်ရှိပါသည်။ ရွှေတောင်မြို့နယ်သည် တစ်ခါက နယ်ပိုင်းရုံး ဆိုက်ရာ မြို့ဖြစ်ခဲ့ပါသည်။ ရွှေတောင်မြို့နယ်သည် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်ခရိုင်ခွဲတွင် ပါ၀င်ခဲ့ပါ သည်။ ယခုအခါ ရွှေတောင် မြို့နယ်သည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ပါ၀င်ခဲ့ပါသည် ။ ရပ်ကွက် (၃) ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၈)အုပ်စုနှင့် ကျေးရွာခွဲ ပေါင်း(၂၉၇) ရွာဖြင့် ဖွဲ့စည်းထားရှိပြီး ဖြစ်ပါသည်။ ရွှေတောင် မြို့ကို ပြည်ထဲရေးနှင့် သာသနာရေး၀န်ကြီး ဌာန၏ (၃၀.၈.၁၉၇၂)  ရက်စွဲ ပါစာအမှတ်၊ ၁၀၃ / ၂၄ / စိတ် (၁) ဖြင့် ထုတ်ပြန်သည့် အမိန့် ကြော်ငြာစာအရ သတ်မှတ်ထားရှိပါသည်။ ရွှေတောင်မြို့၏ ကျေးရွာ/ အုပ်စုများကို ပြည်ထဲရေးနှင့်သာသနာရေး၀န်ကြီးဌာန (၃၁.၇.၁၉၇၃) ရက်စွဲပါ စာအမှတ်၊ ၃/ ၁၅၄/ အထ(၂)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော် ငြာစာအရ သတ်မှတ်ထား ရှိပါ သည်။

 

 

 

 

 

 

 

မြို့နယ်အတွင်း အထင်ကရကျင်းပသည့်ပွဲတော်များ

ရှေးဟောင်းသမိုင်း၀င်ရွှေနတ်တောင်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယ ပွဲတော်ကျင်းပခြင်း

၅၃။      ရွှေတောင်မြို့နယ် ၊ မယားမာန်ကျေးရွာအုပ်စုရှိ ရှေးဟောင်းသမိုင်း၀င်ရွှေနတ်တောင် စေတီတော် မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား နှစ်စဉ် တပေါင်းလဆန်း(၈)ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ စည် ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် လွန်စွာစည်းကား သိုက်မြိုက်သည့် ပွဲတော်တစ် ခုဖြစ်ပါသည်။

ရွှေတောင်မြို့နယ်၊မယားမာန်ကျေးရွာအုပ်စု၊မယားမာန်ကျေးရွာရှိ

ရှေးဟောင်းသမိုင်း၀င်ရွှေနတ်တောင်စေတီတော်တည်နေရာမြေပုံ

 

 

 

 

 

ရွှေတောင်မြို့နယ်၊မယားမာန်ကျေးရွာအုပ်စုရှိ

ရှေးဟောင်းသမိုင်း၀င်ရွှေနတ်တောင်စေတီတော်တည်နေရာမြေပုံ

 

 

 

 

 

ရှေးဟောင်းသမိုင်း၀င်ရွှေနတ်တောင်စေတီတော်မြတ်ကြီး၏ သမိုင်း အကျဉ်း

၅၄။      မဟာသက္ကရာဇ် ၁၀၃ ခုနှစ်တွင် သိဒ္ဓတ္ထမင်းသား  ဘုရား ဖြစ်တော်မူပြီးနောက် ဒုတိယဝါကို ရာဇဂြိုလ်ပြည်၊ဝေဠု၀န်ကျောင်းတော် ၌ ဝါဆိုတော်မူစဉ် မြတ်စွာဘုရားသည် ရွှေဉာဏ်တော်ကွန်ယက်ကို ဖြန့်ကျက်တော်မူသည့်အခါ ကဉ္စနာဂီရိနိဂုံးကြီးနှင့် ဒေဝါဂီရိတောင်ရှိ ဆွေတော်မျိုးတော် အပေါင်းတို့ကို မြင်တော်မူသဖြင့်  နောက်လိုက် သံဃာမပါဘဲ တစ်ပါးတည်း ဒေဝါဂီရိနတ်တောင်သို့ မဟာသက္ကရာဇ် (၁၀၄) ခုနှစ် ၊ (BC-587)တွင် ကြွတော်မူခဲ့ပါသည် ။  ထိုအချိန်တွင် မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာကျယ်ပြန့် စွာ မထွန်းကားသေးသည့်အပြင် နိဂုံးသူနိဂုံးသားတို့သည် နတ်ကိုးကွယ်သည့် အလေးအထ အကျင့်စရိတ် ရှိနေသဖြင့် မြတ်စွာဘုရားသည် နတ်သားအသွင် ဖန်ဆင်းတော်မူပြီး ရောင်ခြည်တော် (၆)သွယ် ကွန့်မြူးတော်မူသဖြင့် ဒေဝါဂီရိတစ် တောင်လုံးရောင်တော်များ လင်းထိန်လျှက်ရှိသဖြင့် နိဂုံးသူ နိဂုံးသား တို့မှ နတ်သားအသွင်ဘုရားရှင်ကို ဖူးမျှော်ခဲ့ရပါသည်။  ၎င်းနောက် မြတ်စွာဘုရားသည် နိဂုံးသူနိဂုံး သားတို့အား (၇)ရက်ပတ်လုံး တရား ဓမ္မများဟောပြောဆုံးမ၍ ငါဘုရား၏ ကိုယ်စား နိမ္မိတရုပ်ပွား တော်ကို ဘုရားစေတီပြုလုပ်ကိုးကွယ်ပူဇော်ကြရန် အဓိဌာန်ဖြင့် ထားတော်မူ ပြီး ဝေဠု၀န်ကျောင်းတို့သို့ ပြန်လည်ကြွမြန်းခဲ့ပါသည်။ နိဂုံးသူနိဂုံးသားတို့လည်း ထိုနိမ္မိတရုပ်ပွားရွှေနတ်သားကို ပျက်ပြားမှုမရှိရ လေ အောင် စေတီတော်အတွင်း ဌာပနာထား၍ မဟာသက္ကရာဇ် ၁၀၄ခုနှစ်  ၌ ဉာဏ်တော်(၇)တောင်ခန့်ရှိ ဥဒ္ဒိဿကစေတီကို တည်ထားကိုးကွယ် ကြပါသည်။ ဒေဝါဂီရိနတ်တောင်ထိပ်တွင် ကိုယ်ပွားတော်ရွှေ နတ်ရုပ်ကို ဌာပနာလျှက်တည်ထားခဲ့ခြင်းကြောင့် ရွှေနတ်တောင်ဟု ဘွဲ့တော် အမည်တွင်ခဲ့ပါသည်။ ၎င်းနောက်ခေတ်အဆက်ဆက်သော မင်းများမှ ပြန်လည်ပြုပြင်ခဲ့ကြသဖြင့် ယခုအချိန်တွင်ရွှေနတ်တောင် စေတီတော်ကြီး၏ ဉာဏ်တော်အမြင့်သည် ပလ္လင်ခုံတော်မှ စိန်ဖူးတော်အထိ(၈၁) တောင်(၁)ထွာ ရှိပါ သည်။

 

 

 

 

 

 

 

 

 

 

 

 

 

ရှေးဟောင်းသမိုင်း၀င် ရွှေနတ်တောင် စေတီတော်မြတ်ကြီး၏

ဗုဒ္ဓပူဇနိယပွဲတော်မှတ်တမ်းဓါတ်ပုံများ

 

 

 

 

 

 

 

 

 

နိဂုံး

၅၅။     ရွှေတောင်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များကို ဌာနဆိုင်ရာများမှပေးပို့သော  အချက် အလက်များ၊ မှတ်တမ်းများအပေါ် အခြေခံ၍ ပြုစုထားခြင်းဖြစ်ပါသည်။ ဒေသဆိုင်ရာအချက်အလက် များအား မှတ်တမ်းတင်စုစည်းခြင်းအားဖြင့် ရွှေတောင်မြို့နယ်တစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ များကို လေ့လာသိရှိနိုင်ပြီး လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအထောက်အကူပြုမည်ဖြစ်ပါ ကြောင်း တင်ပြအပ်ပါသည်။

            အုပ်ချုပ်ရေးမှူး

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

 ရွှေတောင်မြို့နယ်

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (        ) ရက်