Home / ပဲခူးမြို့နယ် / ရှာဖွေရေးနှင့် ကယ်ဆယ်ရေးသင်တန်း (၁/၂၀၁၇)ဖွင့်လှစ်

ရှာဖွေရေးနှင့် ကယ်ဆယ်ရေးသင်တန်း (၁/၂၀၁၇)ဖွင့်လှစ်

သြဂုတ် ၈ (ပဲခူး)
===================================

ပဲခူးမြို့၊ စျေးပိုင်းရပ်ကွက်၊ ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူးရုံး၌ သြဂုတ်လ(၈)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်က ရှာဖွေရေးနှင့် ကယ်ဆယ်ရေးသင်တန်း (၁/၂၀၁၇) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်မြင့်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး သင်တန်းနည်းပြများက သင်ခန်းစာဘာသာရပ်များအား သင်ကြားပို့ချသည်။
မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးစသည့် ရည်မှန်းချက်တာဝန်များ ချမှတ်ကာ ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ်များအပါအဝင် အခြားသော ဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျှက်ရှိသည်။
အဆိုပါသင်တန်းအား ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေး စီမံချက်ပါအတိုင်း ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များအား အမြန်ဆုံးစုစည်းနိုင်ရေးနှင့် ဘေးအန္တရာယ်ဖြစ်ပွားရာ ဒေသများသို့ အရေးပေါ် ဖြစ်ပွားလာချိန်တွင် အလျင်အမြန်ထွက်ခွာ ဆောင်ရွက်နိုင်ရန်ရည်၍ သြဂုတ်လ(၈)ရက်နေ့မှ (၂၃)ရက်နေ့အထိဖွင့်လှစ်ပြီး ပဲခူး၊ သနပ်ပင်၊ ကဝ၊ ဝေါမြို့နယ်များမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ရေးအဖွဲ့များမှ သင်တန်းသား(၃၅)ဦး တက်ရောက်ကြပြီး ရေဘေး၊ မုန်တိုင်းဘေး မြေငလျှင်ဘေး၊ (BA Set) ဝတ်ဆင်ခြင်းနှင့် မီးခိုးအန္တရာယ် သိမှတ်ဖွယ်ရာများ၊ လမ်းပေါ်တွင် ယာဉ်မတော်တဆ ထိခိုက်မှုဖြစ်ခြင်း သိမှတ်ဖွယ်ရာများ၊ ကြိုးချည်နည်း၊ ရေကူးနည်း၊ ရှေးဦးသူနာပြုစုခြင်းများ၊ မြို့ပြရှာဖွေကယ်ဆယ်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ မျှော်စင်အဆောက်အဦးတွင် လက်တွေ့လေ့ကျင်းခြင်း၊ မီးခိုးနှင့်အမှောင်ထုအတွင်း သွားလာလှုပ်ရှားခြင်း၊ Safety Equipmentကသုံးပြုခြင်း၊Rescue Equipment အသုံးပြုခြင်း စသည်တို့ကို စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။