• UNDP၏ ပညာရှင် ပြင်သစ်နိုင်ငံသား Mr. Nocolas Garrigue မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း စီမံချက်အကြောင်း ရှင်းလင်းတင်ပြစဉ်

  • စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန်ရွှေမှ UNDP၏ စီမံချက်များအပေါ် အကောင်အထည်ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေအား ရှင်းလင်းပြောကြားစဉ်

  • ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှုအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားစဉ်

  • ဝန်ကြီးချုပ်နှင့်အဖွဲ့ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခြင်း

Home / ကဝမြို့နယ် / ဝန်ကြီးချုပ်ထံသို့ UNDPမှ ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ

ဝန်ကြီးချုပ်ထံသို့ UNDPမှ ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ

ဒီဇင်ဘာ ၂ (ပဲခူး)

============================

IMG_4971

          (၂.၁၂.၂၀၁၆)ရက်နေ့၊ မွန်းလွဲ(၁၄:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ထံသို့ UNDP၏ ပညာရှင် ပြင်သစ်နိုင်ငံသား Mr. Nocolas Garrigue ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့သည်။

          အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ဇော်နိုင်၊ စက်မှု၊လျှပ်စစ်နှင့်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဦးသန်းဝင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။

          အခမ်းအနား၌ UNDP၏ ပညာရှင် ပြင်သစ်နိုင်ငံသား Mr. Nocolas Garrigue မှ မြန်မာနိုင်ငံမှာ ပံ့ပိုးမှုများအနေဖြင့် ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ စီမံကိန်းဆောင်ရွက်မှုများအနေဖြင့် နောက်ဆုံးနှစ်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်၍ UNDP၏ လုပ်ငန်းဆောင်ရွက်မှုများအပေါ် အားသာချက်၊ အားနည်းချက်များကို ပွင့်ပွင့် လင်းလင်း ပြောပြစေချင်ပါကြောင်း၊ မိမိတို့အဖွဲ့အနေဖြင့် သြဂုတ်လမှစ၍ ကဝမြို့နယ်တွင် အလုပ်ရုံဆွေးနွေးပွဲ(၄)ကြိမ် ပြုလုပ်ခဲ့ပြီး၊ ဒေသနှင့်ကိုက်ညီသည့် လုပ်ငန်းများကို ဖြည့်ဆည်းဆောင် ရွက်ပေးနိုင်ခဲ့ပြီး၊ ထပ်မံ၍ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အခြားမြို့နယ်များ သို့လည်း ယခုစီမံချက်အတိုင်း ဆောင်ရွက်ပေးချင်ပါကြောင်း ပြောကြားခဲ့သည်။

          ဆက်လက်ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန်ရွှေမှ UNDP အနေဖြင့် မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ မြို့နယ်(၂)မြို့နယ်အား ရွေးချယ်ဆောင်ရွက်ခဲ့တဲ့အတွက် ကျေးဇူးတင် ရှိပါကြောင်း၊ UNDP မှ လုပ်ငန်းဆောင်ရွက်မည့် ရန်ပုံငွေအပေါ် စီမံကိန်းများ ရေးဆွဲရာတွင် ဒေသခံ ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး မိမိတို့အစိုးရမှ စီမံဆောင်ရွက်ခဲ့ကြောင်း၊ ယင်းသို့ ဆောင်ရွက်ခဲ့တဲ့အတွက် ဒေသခံပြည်သူလူထု၏ လိုအပ်ချက်ကို သိရှိဖြည့်ဆည်းဆောင်ရွက်နိုင်ခဲ့ပြီး၊ ပွင့်လင်းမြင်သာမှုလည်း ရှိခဲ့ပါ ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က မိမိတို့အစိုးရသည် ပြည်သူကို ဗဟိုပြုသည့် အစိုးရဖြစ်၍ မည်သည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုမဆို ပြည်သူတွေ ပူးပေါင်းပါဝင်ပြီး စီမံကိန်းရေးဆွဲနိုင်ဘို့ စီမံဆောင်ရွက်ခဲ့ကြောင်း၊ ပထမအဆင့်အနေဖြင့် ဒေသခံပြည်သူများပါဝင်တဲ့ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း၊ ဌာနဆိုင်ရာများအား လိုအပ်သည့် သင်တန်းများပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲရလဒ်များမှ ထွက်ပေါ်လာသည့် ပြည်သူတို့၏ အဓိကလိုအပ်ချက်ဖြစ်သည့် စာသင်ကျောင်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စသည်တို့ကို ရရှိသည့် ရန်ပုံငွေပေါ်မူတည်ပြီး အလေအလွင့်မရှိ အကျိုးရှိရှိ အကောင်အထည်ဖော် ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်းနှင့် နောင်အနာဂတ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို UNDP နှင့် လက်တွဲဆောင်ရွက် စေချင်ပါကြောင်း ပြောကြားခဲ့သည်။

Leave a Reply