Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန / ဝန်ကြီး ဦးအောင်ဇော်နိုင်မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဝန်ကြီး ဦးအောင်ဇော်နိုင်မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဇန်နဝါရီ ၁၁ (ပဲခူး)
====================================

(၁၁.၁.၂၀၁၇)ရက်‌နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုး‌ရေး၊ ‌မွေးမြူ‌ရေးနှင့်ဆည်‌မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦး‌အောင်‌ဇော်နိုင်သည် ပဲခူးတိုင်းဒေသကြီးဆည်‌မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းဗိုလ်၊ ပဲခူးတိုင်း ဒေသကြီးစိုက်ပျိုး‌ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှမြင့်၊ ပဲခူးတိုင်းဒေသကြီးဆည်‌မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်စိုး တို့လိုက်ပါလျှက် ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ‌ရွှေတန်‌ကျေးရွာအနီး ဆည်‌မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ‌ဆောင်ရွက်‌နေသည့် ကလိ‌ချောင်းတူး‌ဖော်ခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် တောင်ငူခရိုင် သို့ ဆက်လက်ထွက်ခွာခဲ့ရာ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် ဦးခင်‌မောင်သန်း၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ကိုယ်စားလှယ် ဦးမိုးမခ၊ ပါတီဝင်များနှင့်အတူ ပဲခူးတိုင်းဒေသကြီးဆည်‌မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းဗိုလ်၊ စိုက်ပျိုး‌ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊‌ ရေအရင်းအမြစ်နှင့် အသုံးချရေးဦ:စီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦး‌ကျော်‌ဆွေလင်း၊ ပဲခူးတိုင်းဒေသကြီးဆည်‌မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူးဦးမြင့်ရှိန်တို့လိုက်ပါလျှက် ‌တောင်ငူမြို့နယ်၊ ဝက်‌ခေါက်စိန် ‌ကျေးရွာ Biomass Power Plant Project တည်‌ဆောက်မည့်‌နေရာ၊ ဇရပ်ကွင်း – ဝက်‌ခေါက်စိန် ဆက်သွယ်‌ရေး လမ်း ဂဝံခင်းခြင်း၊ သဖန်းပင်‌ကျေးရွာ သဖန်းပင် လျှပ်စစ်မြစ်‌ရေတင်‌ရေ‌ပေး‌ဆောင်ရွက်‌နေမှု၊ ရေတာရှည်မြို့နယ် အင်ဒိုင်း လျှပ်စစ် မြစ်‌ရေတင်မှ ‌ရေ‌ပေး‌ဝေ‌နေမှုများ၊ ‌ညောင်ပင်သာ‌ကျေးရွာအနီး မိုးမတိုင်မီ ဆည်‌မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ‌ ညောင်ပင်သာရိုး တူး‌ဖော်ခဲ့ခြင်း‌ကြောင့် မိုးစပါး ဖြစ်ထွန်း‌အောင်မြင်ရရှိခဲ့မှု များအား ကွင်းဆင်းကြည့်ရှုပါသည်။
ဝန်ကြီးနှင့် အဖွဲ့သည် ကွင်းဆင်းသည့် ‌နေရာများတွင် ‌ဒေသခံများနှင့် ‌တွေ့ဆုံ၍ အစိုးရ၏ မူဝါဒများ ၊ပြည်သူ့အ‌ပေါ်ထားရှိသည့် လုပ်‌ဆောင်မှုများ၊ လွှတ်‌တော်/ ဌာနဆိုင်ရာများ၏ ‌ဒေသအကျိုး ‌ဆောင်ရွက်‌နေမှုများအား ရှင်းလင်း‌ပြောကြားပြီး ပြည်သူများဘက်မှ လည်း ဒီမိုက‌ရေစီ စနစ်ဖြင့်အညီလုပ်‌ဆောင်ရမည့် တာဝန်များအား ရှင်းလင်း‌ပြောကြားခဲ့သည်။