Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / စားသုံးသူ ရေးရာဦးစီးဌာန / ဝန်​ကြီး ဦးညွန့်​ရွှေ စားသုံးသူအငြင်းပွားမှု​ဖြေရှင်း​ရေးအဖွဲ့၏ (၂/၂၀၁၈)လုပ်​ငန်းညှိနှိုင်း အစည်းအ​ဝေး တက်​​ရောက်​

ဝန်​ကြီး ဦးညွန့်​ရွှေ စားသုံးသူအငြင်းပွားမှု​ဖြေရှင်း​ရေးအဖွဲ့၏ (၂/၂၀၁၈)လုပ်​ငန်းညှိနှိုင်း အစည်းအ​ဝေး တက်​​ရောက်​

ဧပြီ ၉ (ပဲခူး)

==========================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေသည် (၉.၄.၂၀၁၈)ရက်နေ့ (၁၀:ဝ၀)နာရီအချိန်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ (၂/၂၀၁၈) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူး၊ စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ ကော်မတီဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကော်မတီအနေဖြင့် စားသုံးသူ အကာအကွယ်ပေးရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တိကျသော မူဝါဒများချမှတ်၍ အလေးပေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ချမှတ်ပြီး ဆောင်ရွက်နေသော လုပ်ငန်းများ၏ အားနည်းချက်၊ အားသာချက်များ သုံးသပ်၍ ထိရောက်သော အကာအကွယ်ပေးရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်းပြောကြားခဲ့သည်။

ထို့နောက် ကော်မတီအတွင်းရေးမှူးက စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်း စီမံချက် ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသော ကော်မတီဝင်များမှလည်း ပြန်လည်ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။