Home / ဝေါမြို့နယ် / ဝေါမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ဝန်ကြီးချုပ်သွားရောက်ထောက်ပံ့

ဝေါမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ဝန်ကြီးချုပ်သွားရောက်ထောက်ပံ့

ဇူလိုင် ၃၁ (ဝေါ)

========================

          ဇူလိုင်လ (၃၁)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်က ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဝေါမြို့နယ်၊ မြစ်ကျိုးကျေးရွာ၊ မြို့မကျောင်းကြီးဘုန်းတော်ကြီးကျောင်းရှိ ကယ်ဆယ်ရေးစခန်း သို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးနှင့် အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။

          ရှေးဦးစွာ ဝန်ကြီးချုပ်က ရေဘေးသင့်ပြည်သူများအား အားပေးနှစ်သိမ့်စကား ပြောကြားခဲ့ပြီး၊ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရှေ့ဆက်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဝေါမြို့နယ်အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စု(၁၃၀၂)၊ လူဦးရေ(၅၈၅၁)ဦး အတွက် တစ်ဦးလျှင်(၂၁၀ဝိ/-)နှုန်းဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆန်ရိက္ခာ ဖိုး ငွေ(၁၂၂၈၇၁၀ဝိ/-)နှင့် အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်(၁၀)သိန်း တို့အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ ဝန်ကြီးချုပ်သည် ဝေါမြို့နယ်၊ မြစ်ကျိုးတိုက်နယ်ဆေးရုံသို့ သွားရောက်ခဲ့ပြီး ဆေးရုံတက်လူနာများအား အားပေးစကားပြောကြားကာ ဆေးဖိုးထောက်ပံ့ငွေ များ ပေးအပ်ခဲ့ပြီး၊ မြစ်ကျိုးကျေးရွာ၊ တာဦးဘုန်းတော်ကြီးကျောင်းနှင့် ဆင်ရွာကျေးရွာ၊ ကျောင်းကြီးဘုန်းတော်ကြီးကျောင်းတို့၌ ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။