Home / ဝေါမြို့နယ် / ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာတွင် ကွန်ကရစ်လမ်းဖွင့်ပွဲသို့ ဝန်ကြီးချုပ် တက်ရောက်

ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာတွင် ကွန်ကရစ်လမ်းဖွင့်ပွဲသို့ ဝန်ကြီးချုပ် တက်ရောက်

ဖေဖော်ဝါရီ ၁၇ (ဝေါ)
==================================

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ညောင်ခါးရှည်စံပြကျေးရွာတွင် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေနှင့် ကျေးရွာမှ အလှူ ရှင်များစုပေါင်းလှူ ဒါန်းဆောင်ရွက်ခဲ့သော ကွန်ကရစ်လမ်းဖွင့်ပွဲအား ဖေဖော်ဝါရီလ(၁၇)ရက်နေ့ နံနက်(၉)နာရီအချိန်က ညောင်ခါးရှည်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှေ့ မဏ္ဍာပ်တွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ညောင်ခါးရှည် အခြေခံပညာအထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်း(ခွဲ) ကျောင်းသား/သူများက “အလှဆုံးပြည်ထောင်စု”၊ “နိုင်ငံသစ်ဆီတို့လှမ်းချီ” တေးသီးချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်ပြီး ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်တို့က အမှာစကားပြောကြားကာ ဝေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးနှင့် ညောင်ခါးရှည်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးပြေဝင်းတို့မှ ကျေးဇူးတင်စကား ပြောကြားကြသည်။
ထို့နောက် ညောင်ခါးရှည်စံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသား/သူများက “လောကအားမာန်”၊ “စည်းလုံးစို့လေသွေးချင်းတို့မြေ” သီချင်းဖြင့် ဖျော်တင်ဆက်ကြသည်။
ယင်းနောက် ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် ကျေးရွအုပ်ချုပ်ရေးမှူးတို့က ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းတစ်လျှောက်လှည့်လည် ကြည့်ရှုကြသည်။
အဆိုပါအခမ်းအနားသို့ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ ဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
အဆိုပါလမ်းသည် အရှည်(၇၀၀၀)ပေ၊ အကျယ်(၁၀)ပေ၊ အမြင့်(၈)လက်မရှိပြီး ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေကျပ်သိန်း(၃၀)နှင့် ကျေးရွာမှ မတည်အလှူရှင်များ၏ လှူဒါန်းငွေ ကျပ်သိန်း(၉၀၀)ကျော်တို့ဖြင့် ဆောင်ရွက်ဖြစ်ပြီး ညောင်ခါးရှည်စံပြကျေးရွာတွင် အိမ်ခြေ(၁၉၀၀)ကျော် ၊လူဦးရေ(၁၀၅၀၀)ကျော် နေထိုင်ကြောင်း သတင်းရရှိသည်။