Home / သနပ်ပင်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ

သနပ်ပင်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ

သနပ်ပင်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ

(၁)တည်နေရာ နှင့်အကျယ်အဝန်း

TNP

                 သနပ်ပင်မြို့နယ်သည်    မြောက်လတ္တီတွဒ်  ၁၇ ဒီဂရီ  ၀၇ မိနစ်မှ၁၇ ဒီဂရီ ၂၂ မိနစ်နှင့် အရှေ့ လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၃၀မိနစ်မှ  ၉၆  ဒီဂရီ ၅၅  မိနစ်အကြားတွင်  တည်ရှိပါသည်။ သနပ်ပင် မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက်အမြင့် ပေ(၁၈.၅၀၉)တွင်တည်ရှိပါသည်။

စဉ် မြို့နယ် စတုရန်းမိုင် မြို့ စတုရန်းမိုင်
သနပ်ပင် ၃၈၅ သနပ်ပင် ၁.၀၄
မြို့နယ်ချုပ် ၃၈၅ ၁.၀၄

(၂)မြေမျက်နှာသွင်ပြင်၊ ရာသီဥတု

မြေမျက်နှာသွင်ပြင်

           သနပ်ပင်မြို့နယ်သည်    မြေနိမ့်ချိုင့်ဝှမ်း  လွင်ပြင်ဒေသဖြစ်ပြီး ရေနက်ကွင်းဧရိယာပေါများ ပါသည်။  မြို့နယ်၏(၇၅%)မှာရေနက်ကွင်း ဒေသများဖြစ်ပြီး ရေတော်၊ မိုးတော်စိုက်ဧက နည်းပါး ပါသည်။

ရာသီဥတု

          သနပ်ပင်မြို့နယ်သည်  အနောက်တောင်မုတ်သုံရာသီဥတုဖြစ်ပါသည်-

(၃)အုပ်ချုပ်ရေးဆိုင်ရာ

အုပ်ချုပ်ရေးနယ်မြေဖွဲ့စည်းမှု

        သနပ်ပင်မြို့နယ်၏ အုပ်ချုပ်ရေးနယ်မြေ ဖွဲ့စည်းမှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ် မြို့နယ် မြို့ ရပ်ကွက် ကျေးရွာအုပ်စု ကျေးရွာ
သနပ်ပင် ၆၀ ၉၉

အုပ်ချုပ်ရေးမှူးရုံးများ

                 သနပ်ပင်မြို့နယ်၏ မြို့နယ်၊ မြို့နှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ် မြို့နယ်အုပ်ချုပ်ရေးမှူး

အမည်

မြို့နယ်

ရုံး

မြို့

ရုံး

ရပ်ကွက်

ရုံး

ကျေးရွာအုပ်စု

ရုံး

ဦးသန်းနိုင်(ပ/၄၁၇၃) ၆၀

ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းအင်အားစာရင်း

          သနပ်ပင်မြို့နယ်ရှိ ဌာနဆိုင်ရာများစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-

စဉ် ဌာနဆိုင်ရာအမည်
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
မြို့နယ်တရားရုံး
မြို့နယ်ဥပဒေရုံး
မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး
မြို့နယ်စာရင်းစစ်ရုံး
မြန်မာနိုင်ငံရဲတပ်ဖွဲ့
မြို့နယ်မီးသတ်ဦးစီဌာန
မြို့နယ်စည်ပင်သာယာရေးအဖွဲ့
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
၁၀ မြို့နယ်သမဝါယမဦးစီးဌာန
၁၁ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန
၁၂ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန
၁၃ မြို့နယ်ဆည်မြောင်းဦးစီးဌာန
၁၄ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန
၁၅ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
၁၆ မြို့နယ်ဆက်သွယ်ရေးဦးစီးဌာန
၁၇ မြို့နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း
၁၈ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန
၁၉ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန
၂၀ မြို့နယ်ပညာရေးမှူးရုံး
၂၁ မြို့နယ်ကုသရေးဦးစီးဌာန
၂၂ မြို့နယ်တိုင်းရင်းဆေး
၂၃  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန
၂၄ မြန်မာ့စီးပွားရေးဘဏ်

စဉ် ဌာနဆိုင်ရာအမည်
၂၅ ပြည်တွင်းအခွန်များဦးစီးဌာန
၂၆ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန
၂၇ မြို့နယ်လမ်းဦးစီးဌာန
၂၈  မြို့နယ်သစ်တောဦးစီးဌာန
၂၉ မြို့နယ်ငါးလုပ်ငန်း
၃၀ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်
၃၁ မြို့နယ်သတင်းတပ်ဖွဲ့
၃၂ မြို့နယ်ရေအရင်းအမြစ်
၃၃ မြို့နယ်ငါးလုပ်ငန်းစခန်း

 

မြို့နယ်အတွင်းရှိရဲစခန်းများ

သနပ်ပင်မြို့နယ်အတွင်းရှိ ရဲစခန်းများမှာအောက်ပါအတိုင်းဖြစ်ပါသည်-

(၁)     သနပ်ပင်မြို့မရဲစခန်း

          (၂)     မင်းရွာရဲစခန်း

          (၃)     ကုလားချောင်းကြီးရဲစခန်း

          (၄)     ရစ်ကံလေးရဲစခန်း

 

(၄)စီးပွားရေး

                 သနပ်ပင်မြို့နယ်သည် မြေနိမ့်ပိုင်းရေနက်ကွင်းဒေသအတွင်းတွင် တည်ရှိပြီး စီးပွားရေး အရ ဖွံ့ဖြိုးတိုးတက်မှုမရှိသော မြို့နယ်တစ်ခုဖြစ်ပါသည်။ မြို့နယ်အတွင်းရှိဒေသခံ ပြည်သူလူထု သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင်ရွက်ကြပါသည်။ ထို့အပြင် မွေးမြူရေးလုပ်ငန်းများကိုလည်းစီးပွားဖြစ်လုပ်ကိုင်ကြပါသည်။သနပ်ပင်မြို့နယ်သည် ရန်ကုန်တိုင်း ဒေသကြီး၊ ခရမ်းမြို့နယ်သို့ ကုန်းလမ်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်သို့ ကုန်းလမ်း၊ က၀မြို့နယ် သို့ ကုန်းလမ်းနှင့် ဝေါမြို့နယ်သို့ ကုန်းလမ်း၊ ရေလမ်းဖြင့် သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး

ကောင်းမွန်သော မြို့နယ်ဖြစ်ပါသည်။ မြို့နယ်၏ အဓိကထွက်ကုန်များမှာ ဆန်နှင့် ဆန်ထွက်ပစ္စည်း ဖြစ်ပြီး၊   ရန်ကုန်တိုင်း၊   ပဲခူးတိုင်းဒေသများသို့    အများဆုံး တင်ပို့ရောင်းချပါသည်။    မွေးမြူရေးထွက်ကုန်များ ဖြစ်သော ကြက်၊ ဘဲ၊ ဝက်နှင့် ငါးများကိုလည်း တင်ပို့ပါသည်။ ဟင်းသီးဟင်းရွက်နှင့် ရေငံထွက်ပစ္စည်းများ တင်ပို့နိုင်ခြင်းမရှိပါ။ သနပ်ပင်မြို့နယ်သည် အညာဒေသမှထွက်ရှိသော ငရုပ်၊ ကြက်သွန်၊ အာလူး၊ ပဲနှင့် စားသုံးဆီ ကုန်ပစ္စည်းများကို အဓိက တင်သွင်းရပါသည်။

 

(၅)လူမှုရေး

ပညာရေးကဏ္ဍ

သနပ်ပင် မြို့နယ် အတွင်းရှိ   အခြေခံ  ပညာကျောင်းများ    မှာ      အောက်ပါအတိုင်း ဖြစ်ပါ သည်-

(၁)    အထက်တန်းကျောင်း                               –       ၆ ကျောင်း

(၂)    အလယ်တန်းကျောင်း                               –       ၈ ကျောင်း

(၃)    အမကကျောင်း                              –       ၁၀၄ ကျောင်း

(၄)    မူလတန်းကြိုကျောင်း                              –       ၈ ကျောင်း

(၅)    ဘုန်းတော်ကြီးသင်ပညာရေးကျောင်း     –       ၁ ကျောင်း

                       

ကျန်းမာရေးကဏ္ဍ

              သနပ်ပင်မြို့နယ်၏ ကျန်းမာရေးကဏ္ဍဆိုင်ရာ အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

              (က)       ဆေးရုံများ

စဉ် ဆေးရုံအမည် အစိုးရ/ပုဂ္ဂလိက ကုတင်အရေအတွက်
မြို့နယ်ဆေးရုံ အစိုးရ ၂၅
တိုက်နယ်ဆေးရုံ ၄၈
မြို့နယ်

ချုပ်

    ၇၃

            ()       ဆေးပေးခန်းများ

စဉ် ဆေးပေးခန်း အမည်  အစိုးရ/

ပုဂ္ဂလိက

ကုသသည့်

ရောဂါအမျိုးအစား

ပြည်သူ့ဆေးရုံ အစိုးရ အထွေထွေ
စံထွဋ်အောင် ပုဂ္ဂလိက အထွေထွေ
မိုးမြင့်အောင် ပုဂ္ဂလိက အထွေထွေ
စိန်ထူး ပုဂ္ဂလိက အထွေထွေ
ဇော်ဝမ်း ပုဂ္ဂလိက အထွေထွေ
အောင်မြတ် ပုဂ္ဂလိက အထွေထွေ
ဟန်လင်းအောင် ပုဂ္ဂလိက အထွေထွေ

            ()        ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲ

စဉ် ကျေးလက်ကျန်းမာရေး

ဌာန

ကျေးလက်ကျန်းမာရေး ဌာနခွဲ မှတ်

ချက်

၂၈  
မြို့နယ် ချုပ် ၂၈  

 

လူမှုရေးအသင်းအဖွဲ့များ

              သနပ်ပင်မြို့နယ်ရှိ လူမှုရေးအသင်းအဖွဲ့များမရှိပါ။

ထင်ရှားသည့် ဘုရားစေတီပုထိုးများ

               သနပ်ပင်မြို့နယ်အတွင်းရှိ ထင်ရှားသည့် ဘုရားစေတီပုထိုးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

          (၁)     အောင်ချမ်းသာဘုရား                                        သနပ်ပင်မြို့

          (၂)     ဒက္ခိဏသာခါဘုရား                                         သနပ်ပင်မြို့

          (၃)     ကျိုက်မွန်းကနော့မွတ်စေတီ                               မိုးခိုင်ကြီးကျေးရွာ

          (၄)     ကေလာသစေတီ                                              မကြက်စုကျေးရွာ

ဘာသာရေးအဆောက်အဦများ

               သနပ်ပင်မြို့နယ်အတွင်းရှိ ထင်ရှားသည့် ဘာသာရေးအဆောက်အဦးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

          (၁)     ဘုန်းကြီးကျောင်းများ                    –        ၁၆၂ ကျောင်း

          (၂)     အစ္စလာမ်၀တ်ပြုကျောင်း                –        ၄ ကျောင်း

          (၃)     ဟိန္ဒူဘုရားကျောင်း                      –        ၂၄ ကျောင်း

          (၄)     တရုတ်ဘုရားကျောင်း                   –        ၁ ကျောင်း

 

(၆) ကျေးလက်ဒေသဖွံ့ဖြိုးရေး

        ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် သနပ်ပင်မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သော ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ (အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခွင့်ပြုငွေ)    

စဉ် လုပ်ငန်း အမည် အရွယ်

အစား / အရှည်

ကုန်ကျငွေ ပြီးစီး

ရက်

အစိုးရ ပြည်သူ ပေါင်း
လမ်း   ၅၅၀၀၀၀၀ ၄၉၆၅၂၆၆ ၁၀၄၆၅၂၆၆  
မီးလင်းရေး   ၄၀၀၀၀၀၀ ၁၈၉၈၇၂၀ ၅၈၉၈၇၂၀  
ကျန်းမာရေး   ၂၁၀၀၀၀၀ ၁၀၉၃၃၁၄ ၃၁၉၃၃၁၄  
ရေရရှိရေး   ၃၀၀၀၀၀၀ ၆၀၅၅၀၀ ၃၆၀၅၅၀၀  
တံတား   ၁၄၀၀၀၀၀ ၃၂၃၇၂၀၀ ၄၆၃၇၂၀၀  
မြို့နယ်ချုပ်   ၁၆၀၀၀၀၀၀ ၁၁၈၀၀၀၀၀ ၂၇၈၀၀၀၀၀  

 

 (၇)ယဉ်ကျေးမှုနယ်မြေများ

            သနပ်ပင်မြို့နယ်အတွင်း ယဉ်ကျေးမှုနယ်မြေမရှိပါ။

 

(၈) ဒေသသမိုင်းအကျဉ်း

                 သနပ်ပင်မြို့နယ်သည် တချိန်က   ပင်လယ်ကမ်းအနီး   ရေတိမ်ပိုင်းဖြစ်ခဲ့ပါသည်။ မွန် လူမျိုးများကိုးကွယ်သည့် နံကရိုင်းကျွဲမကြီးနှင့် အသားမင်းသားတို့ ကျက်စားရာ ကွင်းပြင်ဖြစ်ခဲ့ သည်ဟုအဆိုရှိပါသည်။ တောလိုက် မုဆိုးများ၊ တံငများ  ကျက်စားရာဒေသဖြစ်ပါသည်။ မြို့မတည်မှီ အနှစ်(၇၀)ခန့်က အလွန်မြင့်မားသော သနပ်ပင်ကြီး(၂)ပင်ရှိပြီး လုံးပတ်မှာ ပုဆိုးတစ်ပတ်ခန့် ဖြစ်၍ ပေ(၁၅၀)ခန့်မြင့်သဖြင့် ပဲခူးမှအမဲပစ်သမားများ စခန်းချလေ့ရှိ၍ သနပ်ပင်စခန်းဟုတွင်ခဲ့ကြောင်း ဆိုခဲ့ကြပါသည်။ မွန်လူမျိုးများလာရောက် မြေရိုင်းခုတ်ထွင် လယ်လုပ်ရာမှ လူစုများပြားလာပြီး သက္ကရာဇ်(၁၁၇၀) ခုနှစ်တွင်  သနပ်ပင်ရွာစတင်ပေါ်ပေါက်လာပါသည်။  ဒုတိယကမ္ဘာစစ် မတိုင်မီ က ပဲခူး-သုံးခွ(၄၉)မိုင်အရှည်၊ ရထားလမ်းသည် စစ်ပြီးနောက် သနပ်ပင်သုံးခွ  ကားလမ်းအဖြစ် ပြောင်းလဲခဲ့ပါသည်။ ပဲခူး- စစ်တောင်းတူးမြောင်းကို (၁၂၃၅)၊ (၁၈၇၃)ခုနှစ်တွင် တူးဖေါ်၍ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်လာသဖြင့် လူဦးရေများပြားခဲ့သည်။ ပဲခူးတိုက် သူကြီးက သနပ်ပင်မြောက်ဘက်ကမ်း၌ ဦးမောင်ကြီးအား သူကြီးခန့်၍ တောင်ဘက်ကမ်း၌ ဦးဘိုးစု၀င်း အားသူကြီးခန့်ခဲ့ပါသည်။(၁၂၈၀)၊ (၁၉၀၈) ခုနှစ်ခန့်တွင် မြို့ပိုင်ရုံးစိုက်ရာ မြို့ဖြစ်ခဲ့ပြီး   ထိုအချိန်မှ စ၍ မြို့ပိုင် သူကြီးနှင့် ရဲများ အုပ်ချုပ်ခဲ့ကြောင်း သိရှိခဲ့ရပါသည်။ (၁၉၃၂) ခုနှစ်တွင် လူငယ် (၃၀)ခန့်ဖြင့်  ကြီးပွားရေး စာဖတ်အသင်း စတင်တည်ထောင်ခဲ့ပြီး (၁၉၃၆)ခုနှစ်တွင်  တို့ဗမာ အစည်းရုံးကိုစတင်ခဲ့၍ (၁၉၃၇)ခုနှစ် ဆိုင်းဘုတ် တင်နိုင်ခဲ့ပါသည်။ (၁၃၀၀)ပြည့်နှစ် ရေနံမြေ အလုပ်သမားအရေးတော်ပုံတွင် ရေနံမြေမှ ရန်ကုန်မြို့သို့ ချီတက်လာသော   တပ်ဖွဲ့ကြီး ပဲခူး ၊ဝေါ၊ သနပ်ပင်တို့ ရှိလယ်သမား၊ အလုပ်သမားများက   တက်ကြွစွာ   ပါ၀င်ဆင်နွဲခဲ့ပါသည်။  ၁၉၄၅ ခုနှစ်

ဂျပန်တော်လှန်ရေးတွင် နိုင်ငံရေး အဖွဲ့အစည်းဖြစ်သော တို့ဗမာအစည်းအရုံးနှင့် အာရှလူငယ်များ အဖွဲ့တို့နှင့် လက်တွဲ မဖြုတ်ပါ၀င် ဆင်နွဲကြပါသည်။ ကွန်မြူနစ်များပေါ်ပေါက်လာပြီး နောက်တရား၀င် တောခိုကာ သနပ်ပင်မြို့နယ်၊ ကုလားချောင်းကြီးကျေးရွာကို    ဌာနချုပ်အဖြစ်  အခြေပြုပြီး   သနပ်ပင် မြို့ပေါ် တွင် ရဲများ၊ မြို့ပြကာကွယ်ရေးအဖွဲ့များနှင့် လိုအပ်ပါက အစိုးရ စစ်တပ်များအား    ပဲခူးမှအကူအညီတောင်း ၍     လုံခြုံရေး   တာ၀န်ယူခဲ့ ကြပါ သည်။ ၁၉၅၈ ခုနှစ် အစိုးရကပျူစောထီး   စီမံကိန်းဖြင့် တစ်နှစ်အတွင်း   သောင်းကျန်းသူ အမြစ်ပြတ်ချေမှုန်းရေး  ဆောင်ရွက်ခဲ့ပြီး   ကျေးရွာများကို      လက်နက်  တပ်ဆင်ပေးခဲ့ ပါသည်။ ထိုအခါ  ကွန်မြူနစ်   ပြောက်ကျားများ  တစ်စတစ်စ    ဆုတ်ယုတ်စေခဲ့ပြီး (၁၉၅၉)  ခုနှစ်တွင် အိမ်စောင့်အစိုးရ လက်ထက်တွင်   တည်ငြိမ်အေးချမ်းသော  နယ်မြေတစ်ခု   ဖြစ်ခဲ့ပါ သည်။ ဗဟိုလုံခြုံရေးနှင့်အုပ်ချုပ်မှုကော်မတီမှ သနပ်ပင်မြို့အား  မြို့နယ်တစ်ခု သတ်မှတ် အုပ်ချုပ် ခဲ့ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စုပေါင်း(၅၈)ခွဲခြားသတ်မှတ်ခဲ့ပါသည်။ ပြည်ထဲရေးနှင့်  သာသနာရေး ၀န်ကြီးဌာနမှ(၃၀-၈-၇၂)ဖြင့် ထုတ်ပြန်သည့်အမိန့်ကြော်ငြာစာအရ ရှိရင်းစွဲ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများအား အတည်ပြုသတ်မှတ်၍ မြို့နယ်ရုံးများ စတင်ဖွင့်လှစ်ခဲ့ပါသည်။(၂၀-၉-၇၃) ထုတ်ပြန်

၁၀

သည့်   အမိန့်ကြော်ငြာစာများအရလည်းကောင်း၊ ( ၂၃-၈-၈၄ ) ထုတ်ပြန်သည့်   အမိန့်ကြော်ငြာစာ များအရလည်းကောင်း၊သနပ်ပင် မြို့နယ်အား ရပ်ကွက်(၆)ခု ၊ကျေးရွာ အုပ်စု(၆၀)နှင့်ကျေးရွာပေါင်း (၉၉)ရွာကိုအဆင့်ဆင့်ဖွဲ့စည်းပေးခဲ့ပါသည်။

(၉)အထင်ကရပွဲတော်များ

                 သနပ်ပင်မြို့နယ်တွင် အထင်ကရပွဲတော်များ မရှိပါ။

သနပ်ပင်မြို့၏ မြို့ပေါ်(၆)ရပ်ကွက် အခြေပြမြေပုံ

သနပ်ပင်မြို့နယ်၏ အခြေပြမြေပုံ