Home / ပဲခူးမြို့နယ် / သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

ဇွန်လ ၅ (ပဲခူး)

==================================================

          ဇွန်လ (၅)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ၂၀၁၇ ခုနှစ်၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကား ပြောကြားရာ အဖွဲ့အစည်းအားလုံးမှ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်ကြသည့်အခါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို မဖြစ်မနေ စဉ်းစားထည့်သွင်းလုပ်ဆောင်ကြရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသည် လက်ရှိနှင့်အနာဂတ် လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသဖြင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကို လေးလေး နက်နက်လုပ်ဆောင်ကြရန် ပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံက ကုလသမ္မကအထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားပြီး တက်ရောက်လာကြသူများအား ပတ်ဝန်းကျင်ဆိုင်ရာအသိပေး Video အား ပြသခဲ့သည်။

ယင်းနောက် ပတ်ဝန်းကျင်ထိမ်းသိန်းရေးနှင့် အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှင့် တရားသူကြီးချုပ်တို့မှ ဆုများ အသီးသီးပေးအပ်ပြီး အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုကြသည်။

          အဆိုပါအခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်နှင့် ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။