Home / သာယာဝတီမြို့နယ်၏ဒေသဆိုင်ရာအချက်အလက်များ

သာယာဝတီမြို့နယ်၏ဒေသဆိုင်ရာအချက်အလက်များ

သာယာဝတီမြို့နယ်၏ဒေသဆိုင်ရာအချက်အလက်များ

အချက်အလက်များ

တည်နေရာ၊ အကျယ်အဝန်း

၁။      အောက်ပါအတိုင်းဖြစ်ပါသည် –

(က)     မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ၊ ၂၈ မိနစ်နှင့် ၁၇ ဒီဂရီ၊ ၅၄ မိနစ်အကြား

( ခ )     အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ၊ ၃၇ မိနစ်နှင့် ၉၆ ဒီဂရီ၊ ၀၅ မိနစ်အကြား

( ဂ )     အရှေ့မှ အနောက်သို့                    (၂၄.၄၆) မိုင်

(ဃ)     တောင်မှ မြောက်သို့                      (၁၂.၇၀) မိုင်

( င )     မြို့နယ်အကျယ်အဝန်း                (၃၉၈.၈၉) စတုရန်းမိုင်

(၂၅၅၂၉၀) ဧက

( စ )     သာယာဝတီမြို့                               (၃.၃၉) စတုရန်းမိုင်

(ဆ)      သုံးဆယ်မြို့                                    (၃.၉၀) စတုရန်းမိုင်

မြေမျက်နှာသွင်ပြင်၊ ရာသီဥတု

၂။         သာယာဝတီမြို့နယ်သည် အရှေ့ခြမ်းတွင် ကုန်းမြင့်ပိုင်း၊ အနောက်ခြမ်းတွင် အနိမ့်ပိုင်း၊ အလယ် ခြမ်းတွင် မြေပြန့်ပိုင်းရှိပါသည်။

၃။        သာယာဝတီမြို့နယ်သည် ပူအိုက်စွတ်ဆိုသော ရာသီဥတုရှိပြီးအမြင့်ဆုံးအပူချိန် (၁၀၆.၅ ‘C)နှင့် အနိမ့်ဆုံးအပူချိန်မှာ (၅၂.၇ ‘C)ဖြစ်ပါသည်။ နှစ်အလိုက်ဖြစ်ပေါ်ခဲ့သော မိုးရေချိန်နှင့် အပူချိန်မှာ အောက် ဖော်ပြပါအတိုင်းဖြစ်ပါသည် –

စဉ် ခုနှစ် မိုးရေချိန် အပူချိန်
မိုးရွာရက် စုစုပေါင်း

မိုးရေချိန် (လက်မ)

နွေရာသီ (‘C) ဆောင်းရာသီ (‘C)
အမြင့်ဆုံး အနိမ့်ဆုံး
၂၀၁၁ ၁၃၂ ၉၇.၀၁ ၃၉.၅ ၁၀.၀
၂၀၁၂ ၁၂၀ ၉၃.၇၈ ၄၂.၂ ၉.၀
၂၀၁၃ ၁၁၈ ၁၀၀.၉ ၄၃.၀ ၃.၅
၂၀၁၄ ၁၀၇ ၈၈.၃၈ ၄၂.၂ ၉.၀
၂၀၁၅ ၁၀၇ ၈၈.၃၈ ၄၂.၂ ၁၀.၀
၂၀၁၆ ၆၁ ၅၉.၅၂ ၄၂.၂ ၉.၀

 

အုပ်ချုပ်ရေးဆိုင်ရာ (မြို့၊ ရပ်ကွက်၊ ကျေးရွာဖွဲ့စည်းမှု)

၄။        အောက်ပါအတိုင်းဖြစ်ပါသည် –

(က)     အုပ်ချုပ်ရေးနယ်မြေဖွဲ့စည်းမှု 

စဉ် မြို့နယ် မြို့ ရပ်ကွက် ကျေးရွာအုပ်စု ကျေးရွာခွဲ
သာယာဝတီ သာယာဝတီ ၂၁ ၁၂၀
    သုံးဆယ် ၁၃ ၂၇ ၁၄၂
မြို့နယ်ချုပ် ၂၁ ၄၈ ၂၆၂

 

( ခ )   အုပ်ချုပ်ရေးမှူးရုံးများ

 

စဉ် မြို့နယ်

အုပ်ချုပ်ရေးမှူး

အမည်

မြို့နယ်ရုံး မြို့ရုံး ရပ်ကွက်ရုံး ကျေးရွာ

အုပ်စုရုံး

၁။ ဦးကျော်မင်းထွေး

(ပ/၄၈၀၇)

ဦးဇော်လင်းမောင်

(ပ/၆၆၁၀)

မြို့အုပ်ချုပ်ရေးမှူးရုံး

၂၁ ၄၈

စီးပွားရေး (စီးပွားရေးဆိုင်ရာခြုံငုံသုံးသပ်ချက်)

၅။      သာယာဝတီမြို့နယ်သည် ပဲခူးတိုင်းဒေသကြီးအတွင်းတည်ရှိပြီး စီးပွားရေးအရ ဖွံ့ဖြိုးတိုး တက်မှုရှိသော မြို့နယ်တစ်ခုဖြစ်ပါသည်။ မြို့နယ်အတွင်းရှိဒေသခံပြည်သူတို့သည် မိုးစပါး၊ နွေးစပါး နှင့် ဆောင်းသီးနှံစိုက်ပျိုးခြင်းလုပ်ငန်းကို အဓိကစိုက်ပျိုးလုပ်ကိုင်ဆောင်ရွက်ကြပါသည်။ ထို့အပြင် ငါးမွေးမြူရေး (အင်း)လုပ်ငန်းများကိုလည်း စီးပွားဖြစ်လုပ်ကိုင်ကြပါသည်။ သာယာဝတီမြို့နယ် သည် ရန်ကုန်တိုင်းဒေသကြီးနှင့် အခြားအရပ်ဒေသများသို့ ကုန်းလမ်းဖြင့်သွားလာနိုင်ကြပြီး လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်သောမြို့နယ်ဖြစ်ပါသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ ဆန်စပါးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးသို့ အများဆုံးတင်ပို့ရောင်းချပြီး အထက်မြန်မာပြည်ဒေသမှာ ဆီနှင့်အခြား စားကုန်များကို အဓိကတင်သွားရပါသည်။

 

 

လူမှုရေး (အသင်းအဖွဲ့များဖွဲ့စည်းထားရှိမှု)

၆။      သာယာဝတီမြို့နယ်တွင် အထက(၅)ကျောင်း၊ အထက(ခွဲ) (၁၁)ကျောင်း၊ အလက (၂) ကျောင်း၊ အလက(ခွဲ) (၁၇)ကျောင်း၊ အမက (၁၂၆)ကျောင်း၊ အမက(လွန်) (၂၁)ကျောင်း၊ အမက (ခွဲ) (၃)ကျောင်း၊ စုစုပေါင်း (၁၈၅)ကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံအဆင့်မြင့်ပညာသင်ကျောင်း (၁) ကျောင်းရှိပါသည်။ ခရိုင်အထူးကုဆေးရုံ (ကုတင် ၁၀၀ လုံးဆံ့ ၁ ရုံ)၊ စံရွေးတိုက်နယ်ဆေးရုံ (ကုတင် ၁၆ လုံးဆံ့ ၁ ရုံ)နှင့် ဒို့ညီနောင်ဆေးရုံ (ပုဂ္ဂလိက ၁ ရုံ) ရှိပါသည်။ ကျေးလက်ကျန်းမာရေး ဌာန (၇)ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ (၂၉)ခု ရှိပါသည်။

သာယာဝတီမြို့နယ်အတွင်း အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်အရ မြို့နယ် မှတ်ပုံတင်အရာရှိရုံးအဖွဲ့မှ အဖြူရောင်ပရဟိတလူမှုကူညီရေးအသင်း၊ ကရုဏာရှင် (သုံးဆယ်)လူမှု ကူညီရေးအသင်း၊ ကရုဏာသွေးလှူရှင်များအသင်း၊ စိတ္တသုခနာရေးကူညီမှုပရဟိတအသင်း၊ အသံ ချဲ့စက်လုပ်ငန်းရှင်များအဖွဲ့၊ ရွက်သစ်ကျေးလက်ဒေသစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအစပျိုးဆောင် ရွက်မှုအဖွဲ့၊ စေတနာလူမှုကူညီရေးအသင်း၊ ငြိမ်းချမ်းရေးနာရေးကူညီမှုအသင်း၊ မေတ္တာရှင်ပရဟိတ လူမှုကူညီရေးအသင်း၊ စေတနာရှင်နာရေးကူညီမှုအသင်း၊ ကျေးဇူးသစ္စာပရဟိတအသင်း၊ Max-C ပရဟိတလူငယ်များအဖွဲ့၊ မေတ္တာရှင်နာရေးကူညီမှုအသင်း၊ ငြိမ်းချမ်းရေးကုသိုလ်ဖြစ်ဆေးပေးခန်း၊ အသဲဖောင်ဒေးရှင်း၊ ဥပတ္ထမ္ဘတဇီဝိတဒါနကျေးရွာအနှံ့ကျန်းမာရေးစောင့်ရှောက်မှုဖောင်ဒေးရှင်း၊ စေတနာ့ အားမာန်ကျန်းမာရေးစောင့်ရှောက်မှုအသင်း၊ မွန်မြတ်ကရုဏာပရဟိတအသင်း၊ Bo Kyaw Than ပရဟိတဖောင်ဒေးရှင်းအသင်း၊ ပရဟိတအဖွဲ့ (သာယာဝတီမြို့)၊ စုစုပေါင်း (၂၀)ဖွဲ့အား သက်သေခံ လက်မှတ် (ယာယီ)ထုတ်ပေးထားရှိပြီး၊ လူမှုရေး၊ ကျန်းမာရေး၊ သွေးလှူဒါန်းခြင်း၊ နာရေးကူညီခြင်း၊ ဆေးရုံများသို့ လူနာအခမဲ့ပို့ဆောင်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ လှုပ်ရှားဆောင် ရွက်လျက်ရှိပါသည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေး (ထွေ/အုပ်အဆိုပြုတင်ပြထားသည့်လုပ်ငန်းများပြုစုတင်ပြရန်)

၇။      ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် သာယာဝတီမြို့နယ်၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အဖြစ် တောင်ဘို့ရှည်ကျေးရွာအုပ်စု၊ ငဖြူကလေး-တောင်ဘို့ရှည်-ကနစိုရွာသစ် ဂဝံခင်းခြင်း လုပ်ငန်းအတွက် အတိုင်းအတာ (၁၃၂၀၀’×၈’×၆”×)၊ နိုင်ငံတော်ထည့်ဝင်ရန်ပုံငွေ ကျပ်သိန်း (၇၅)၊ ပြည်သူလူထုမှ ငွေ၊ ပစ္စည်း၊ လုပ်အား၊ တန်ဖိုးကျပ်သိန်း (၇၅)၊ စုစုပေါင်း ကျပ်သိန်း (၁၅၀)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် အဆိုပြုတင်ပြထားပါသည်။

ယဉ်ကျေးမှုနယ်မြေများ

၈။      သာယာဝတီမြို့နယ်အတွင်း ယဉ်ကျေးမှုနယ်မြေများမရှိပါ။

 

 

ဒေသသမိုင်းအကျဉ်း

၉။      အောက်ပါအတိုင်းဖြစ်ပါသည် –

(က)    သာယာဝတီမြို့ဒေသသမိုင်းအကျဉ်း

သာယာ         –        သာယာစိုပြည်သော

ဝ                 –        ဝပြောသာယာသော

တီ                –        မြို့တံခါးတိုင်ပေါ်သို့ ကျီးတစ်ကောင်သည် တီကောင်တစ်ကောင်

ချီလာ၍ သာယာစွာအော်မည်သည်ကို (နမိတ်ကောင်းယူ၍)

သာယာဝတီ   –        သာယာဝပြောစွာတည်ရှိသောမြို့

( ခ )   သုံးဆယ်မြို့ဒေသဆိုင်ရာသမိုင်းအကျဉ်း

မြန်မာ့သမိုင်းတွင် တောင်ငူခေတ်၊ ဟံသာဝတီထီးနန်းကိုစိုးစံခဲ့သော မင်းတရား ရွှေထီးသည် သားတော်သမိန်ဗရမ်းကိုရရှိခဲ့ပြီး မြန်မာတို့က မင်းရမ်းကားဟုခေါ်ကြသည်။ မင်းရမ်းကားသည် ရဲမတ်များစုဆောင်းရာတွင် ရွာမ (ယခုသုံးဆယ်)ရဲမတ်များသည် အခြား သောရဲမတ်များထက်ပိုမို၍ သတ္တိစွမ်းအားကောင်းမွန်သည့်လူစွမ်းကောင်းများဖြစ်ကြသည်။ ထိုသူရဲကောင်းများကို အစွယ်ပြု၍ ရွာမကိုမွန်ဘာသာဖြင့် “ဍုံးစဲရာယ်”ဟုသမုတ်လိုက် သည်။ မြန်မာတို့က“ဍုံးစဲရာယ်”(အသံထွက် ဒုမ်းစဲရာယ်)ကို သုံးဆယ်ဟုအသံပြောင်း၍ ခေါ်ခြင်းဖြစ်သည်။ ဍုံး=မြို့၊ စဲရာယ်= သူရဲကောင်းမြို့ဟု အဓိပ္ပာယ်ထွက်ပါသည်။ မြန်မာ့ စွယ်စုံကြမ်းအတွဲ (၁၃)တွင် ဘကြီးတော်ဘုရားလက်ထက် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲတွင် ဒဂုံဘိုးမဟာဗန္ဓုလသို့ စစ်သည် (၃၀)ဆက်သရသောကြောင့် သုံးဆယ်ခေါ်တွင်ကြောင်းလည်း ဆိုသည်။

စဉ် အထင်ကရပွဲတော်များအမည် ကျင်းပသည့်အချိန် သမိုင်းအကြောင်း မှတ်ချက်
၁။ သာယာဝတီသမ္မာဆန္ဒဆွမ်းလောင်းပွဲ
တော်
နှစ်စဉ်ပြာသိုလဆန်း (၈)ရက်
နေ့မှ ပြာသိုလပြည့်နေ့ထိ
     သာယာဝတီမြို့ သမ္မာဆန္ဒဆွမ်းဆန်စိမ်းလောင်း
ပွဲတော်ကို  ၁၉၇၉  ခုနှစ်  မှစ၍ကျင်းပခဲ့ရာ   ၂၀၁၆
(၃၆)ကြိမ်မြောက်ရှိပါသည်။
     မြေပုံနှင့်ပွဲတော်အလိုက်
မှတ်တမ်းဓါတ်ပုံများ ပူးတွဲထားရှိပါသည်။
၂။ သုံးဆယ်သမ္မာဆန္ဒဆွမ်းဆန်စိမ်းလောင်း
လှူပွဲနှင့် စာရေးတံမဲဆက်ကပ်လှူဒါန်း
ပွဲတော်
နှစ်စဉ်   နတ္တော်လပြည့်ကျော်
(၇)ရက်နေ့မှ   ပြာသိုလဆန်း
(၁)ရက်နေ့ထိ
     သုံးဆယ်မြို့သမ္မာဆန္ဒဆွမ်းဆန်စိမ်းလောင်းလှူ
ပွဲနှင့် စာရေးတံမဲဆက်ကပ်လှူဒါန်းပွဲတော်ကို ကျင်း
ပခဲ့သည်မှာ ၂၀၁၆ ခုနှစ်တွင် (၈၆)ကြိမ်မြောက်ရှိပါ
သည်။