Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာဥပဒေ(မူကြမ်း) အတည်ပြုနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာဥပဒေ(မူကြမ်း) အတည်ပြုနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

စက်တင်ဘာ ၁၁ (ပဲခူး)

==========================

စက်တင်ဘာလ ၁၁ ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန် နေပြည်တော် မင်္ဂလာသီရိဟိုတယ်တွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ဥပဒေ(မူကြမ်း) အတည်ပြုနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအုန်းမောင်မှ အဖွင့်အမှာစကားပြောကြားပြီး၊ တက်ရောက်လာသည့် ပြည်နယ်/တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးများက ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ဥပဒေ(မူကြမ်း)အား အကြံပြု ဆွေးနွေးခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ၀န်ကြီး ဦးညွန့်ရွှေတက်ရောက်ခဲ့ကြောင်း သိရသည်။