Home / ဖြူးမြို့နယ် / အခြေခံအိမ်တွင်းမှုနှင့် အဆင့်မြင့်စက်ချုပ်သင်တန်းဆင်းပွဲသို့ ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

အခြေခံအိမ်တွင်းမှုနှင့် အဆင့်မြင့်စက်ချုပ်သင်တန်းဆင်းပွဲသို့ ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

သြဂုတ် ၁၁ (ဖြူး)
====================================

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ သြဂုတ်လ (၁၁)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က အခြေခံအိမ်တွင်းမှု သင်တန်းအမှတ်စဉ်(၃)နှင့် အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးလှမျိုးရွှေတို့က သင်တန်းဆင်းအမှာစကား ပြောကြားပြီး အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြသင်းက သင်တန်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ထူးချွန်ဆုရရှိသူများအား ဝန်ကြီးချုပ်မှ ဆုများပေးအပ်ချီးမြှင့်ပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ကာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ အခြေခံအိမ်တွင်းမှု သင်တန်းအမှတ်စဉ်(၃)နှင့် အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ်(၃)တို့အား မေလ(၈)ရက်နေ့မှ သြဂုတ်လ(၁၁)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး အခြေခံအိမ်တွင်းမှု သက်တန်းတွင် သင်တန်းသူ(၅၁)ဦး၊ အဆင့်မြင့် စက်ချုပ်သင်တန်းတွင် သင်တန်းသူ(၁၅)ဦး တက်ရောက်ကာ သင်တန်းတွင် ဇာထိုး၊ ပန်းထိုး၊ ချည်ထိုး၊ စက်ချုပ်၊ မြန်မာ့ရိုးရာ မုန့်လုပ်နည်း ဘာသာရပ်များ သင်ကြားပို့ချကြသည်။
သင်တန်းဆင်းပွဲသို့ ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ သင်တန်းကျောင်း တာဝန်ရှိသူများနှင့် သင်တန်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းဆင်းကျောင်းသူမျ၏ လက်ရာများအား ကြည့်ရှုအားပေးကြကြောင်း သိရသည်။