Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

အောက်တိုဘာ ၂ (ပဲခူး)
===================================

အောက်တိုဘာလ ၂ ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က နေပြည်တော်၊ ရုံးအမှတ်(၅၁)၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၌ အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့များမှဝန်ကြီးများ၊ အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာအရာရှိများ တက်ရောက်သည်။
ယင်းအစည်းအဝေး၌ တိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့များမှအလုပ်သမားများနှင့် သက်ဆိုင်သည့် ၀န်ကြီးများက အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အဆိုပြု ချက် များဆွေးနွေးတင်ပြကြပြီး ပဲခူးတိုင်းဒေသကြီးအနည်းဆုံးအခကြေးငွေသတ် မှတ်ရေးကော်မတီမှ အဆိုပြုနှုန်းထားသည် နေရာဒေသ၊ လုပ်ငန်းမခွဲခြားဘဲ (၁)ရက်လုပ်အားခ (၄၅၀၀ိ/)နှုန်း အဆိုပြုဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။