Home / ပဲခူးမြို့နယ် / အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

အောက်တိုဘာ (၁၃) ပဲခူး

==========================================

အောက်တိုဘာလ (၁၃)ရက်နေ့၊ နံနက်(၉)အချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ၂၀၁၇ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဝန်ကြီးချုပ်က ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၁)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ်(၆၄/၂၀၁၇)အရ အောက်တိုဘာလ (၁၃)ရက်နေ့ ကို အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်များ လျော့ပါးရေးနေ့ International Day for Disaster Reduction(IDDR)အဖြစ် သတ်မှတ်ခဲ့ပြီး အထိမ်းအမှတ် အခမ်းအနားကို ကမ္ဘာ့နိုင်ငံ အသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်မှစတင်ကာ နိုင်ငံတော် အခမ်းအနားတစ်ရပ်အနေဖြင့် ကျင်းပပြလုပ်ခဲ့ရာ ယခုနှစ်မှာဆိုရင် (၈)ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ပြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် (၅)ကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့ပြီဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးနေ့ အခမ်းအနားဆောင်ပုဒ်ကတော့ “Home Safe Home (ထိတွေ့ဘေးဒဏ်လျှော့ချမှ လုံခြုံစိတ်ချတို့ဘဝ)” ဖြစ်ကြောင်း၊ မေလ(၁၉)ရက်နေ့တွင် ကဝမြို့နယ်၊ မမောကကျေးရွာတွင် စစ်တောင်းမြစ်ကမ်းပါးပြိုကျမှုကြောင့် ငွေကျပ်(၅.၀၉)သန်းကို လည်းကောင်း၊ ကျောက်တံခါးမြို့နယ်၊ ကျေးရိုးကျေးရွာအုပ်စု၊ အာနွန်းနီးယားကျေးရွာနှင့် ရမ်းတိုလာကျေးရွာ နှစ်ရွာကြားရှိ ရမ်းတိုလချောင်းကူးတံတားအသစ် ပြန်လည်တည်ဆောက်ရန် (၅၁.၅၄)သန်းကိုလည်းကောင်း၊ ပဲနွယ်ကုန်းမြို့၊ မကျဉ်းပင်ကျေးရွာအုပ်စု၊ ဂျို့ပင်ရိုးကျေးရွာ ကမ်းပါးပြိုကျခြင်းမှ ကာကွယ်ရန် ရေလမ်းကြောင်း ပြောင်းလွဲခြင်းအတွက် ငွေကျပ်(၈.၀)သန်းကို လည်းကောင်း၊ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် ရေရှားပါးသည့် မြို့နယ်များတွင် စက်ရေတွင်း ထူးဖော်ရန် ငွေကျပ်(၄၇.၇)သန်းကိုလည်းကောင်း၊ ရေတွင်းဟောင်းများ ပြန်လည်တူးဖော်ပြင်ဆင် ရန် ငွေကျပ်(၆.၂၅)သန်းကိုလည်းကောင်း ထောက်ပံ့လှူဒါန်းနိုင်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် ပဲခူးတိုင်း ဒေသကြီးတွင် လေဘေး(၄၆)ကြိမ်၊ ရေဘေး(၂၈)ကြိမ်၊ မီးဘေး(၂၂)ကြိမ်၊ မိုးကြိုးဘေး(၁၄)ကြိမ်၊ ကမ်းပြိုဘေး (၂၆)ကြိမ်၊ အခြား(၃)ကြိမ်၊ စုစုပေါင်း(၂၄၀)ကြိမ်အတွက် အိမ်ခြေ(၁၀၅၃၀)လုံး၊ အိမ်ထောင်စု(၁၀၅၃၀)စု၊ လူဦးရေ(၄၀၇၉၁)ဦးအတွက် ငွေကျပ်(၃၅၁.၈၅)သန်း ထောက်ပံ့လှူဒါန်း ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး ခရိုင်(၄)ခုမှ သဘာဝဘေးလျော့ပါးရေး စေတနာ့ ဝန်ထမ်းလူငယ်များ ဖွဲ့စည်းပြီး နည်းပြသင်တန်း၊ ဆင့်ပွားသင်တန်းနှင့် မွမ်းမံသင်တန်းများ ဖွင့်လှစ်ခြင်း၊ သဘာဝဘေးအသိပညာပေး ဟောပြောပွဲများပြုလုပ်ခြင်းနှင့် ဇာတ်တိုက်လေ့ကျင်ခြင်း များ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ်သည် နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဟန့်အတားဖြစ်စေတဲ့ အဓိကစိန်ခေါ်မှုတစ်ရပ် ဖြစ်၍ သက်ဆိုင်ရာအစိုးရဌာနများ၊ အဖွဲ့အစည်းများနှင့် ပြည်သူလူထုများအနေဖြင့် နိုးကြား တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြစေလိုကြောင်းနှင့် သဘာဝဘေးအန္တရာယ်များမှ လုံခြုံစိတ်ချရပြီး ဘေးဒဏ်များ ကြံ့ကြံ့ခံနိုင်သော တိုင်းဒေသကြီးတစ်ခုအဖြစ် တည်ဆောက်ကြပါစို့ဟု တိုက်တွန်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေကြီးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးသိန်းဌေးအောင်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ဘေးအန္တရာယ်လျှော့ ချရေးဆိုင်ရာ အထူးကိုယ်စားလှယ်၏ သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် ဗီဒီယိုအားပြသကာ၊ ဝန်ကြီးချုပ်နှင့် တက်ရောက်လာ ကြသူများမှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ NGO များ၏ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ကယ်ဆယ်ရေးလုပ်ငန်းများ၏ မှတ်တမ်းတင်ဓာတ်ပုံများအား လှည့်လည်ကြည့်ရှုခဲ့ ကြသည်။

သဘာဝဘေးအန္တရာယ်များသည် ကြိုတင်မမျှော်မှန်းနိုင်သည့် အဖျက်စွမ်းအားကြီးမားခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခြင်း၊ ယင်းသို့ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ဖွဲ့စည်း ထားသည့် ကော်မတီအသီးသီး၏ လုပ်ငန်းတာဝန်များအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ရန် နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး ရည်ရွယ်ကျင်းပရခြင်းဖြစ်သည်။

Check Also

FI

နိုင်ငံတော်ဘတ်ဂျက်သုံးစွဲရာတွင် ယိုဖိတ်မှုမရှိစေရေးနှင့် အစိုးရနှင့်ပြည်သူအတွက် အကျိုးရှိစေမည့် လုပ်ငန်းစီမံကိန်းများ စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရန် ဝန်ကြီးချုပ်မှာကြား

အောက်တိုဘာ (၁၆) ပဲခူး ========================================== အောက်တိုဘာလ (၁၆)ရက်နေ့၊ မွန်းလွဲ(၂:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ တင်ဒါလုပ်ငန်းကော်မတီများနှင့် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က ၂၀၁၇-၂၀၁၈ …