Home / ပဲခူးမြို့နယ် / အသားစစ်ဆေးခြင်း သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်

အသားစစ်ဆေးခြင်း သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်

သြဂုတ် ၉ (ပဲခူး)
==========================

ဩဂုတ်လ(၉)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှုးရုံးတွင် အသားစစ်ဆေးခြင်း(meat Inspection)သင်တန်း ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဝင့်သူက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ အသားစစ်ဆေးခြင်း(meat Inspection)သင်တန်းအား သြဂုတ်လ(၉)ရက်နေ့မှ (၁၁)ရက်နေ့အထိ(၃)ရက်ဖွင့်လှစ်မည်ဖြစ်ပြီး မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး(၄)ဦး နှင့် မြို့နယ်ဦးစီးမှူး (၂၈)ဦး စုစုပေါင်းသင်တန်းသား/သူ(၃၂)ဦး တက်ရောက်ကာ ၎င်းသင်တန်းသားများမှတဆင့် သက်ဆိုင်ရာမြို့နယ်များ တွင် ဆင့်ပွားသင်တန်း များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။