Home / ကဝမြို့နယ် / အားကစားကွင်းအဆင့်မြှင့်တင်ခြင်းနှင့် နွေရာသီ အားကစားသင်တန်းဖွင့်လှစ်ထားမှု ကြည့်ရှုစစ်ဆေး

အားကစားကွင်းအဆင့်မြှင့်တင်ခြင်းနှင့် နွေရာသီ အားကစားသင်တန်းဖွင့်လှစ်ထားမှု ကြည့်ရှုစစ်ဆေး

မတ်လ ၂၉(ကဝ)

============================

ပဲခူးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်သည် (၂၉-၃-၂၀၁၇)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်ငယ်လိုက်ပါ၍ ကဝမြို့နယ်အားကစားကွင်းအဆင်မြှင့်တင်ခြင်း တည်ဆောက်ရေး လုပ်ငန်းခွင့်သို့ ရောက်ရှိရာ ကဝမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူး ဦးချမ်းဘိုဘိုသက်၊ ဝန်ထမ်းများ၊ ကုမ္ပဏီမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်သည် တည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှု့စစ်ဆေးရာ အချိန်မီပြီးစီးရေး၊ သတ်မှတ်စံချိန် စံညွှန်းပြည့်မီရေးများကို မှာကြားခဲ့ပြီးနောက် နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့သည်။