Home / ပေါက်ခေါင်းမြို့နယ် / အုတ်တွင်း-ပေါက်ခေါင်း လမ်းပေါ်ရှိ စင်ချောင်းတံတား ဆောက်လုပ်ပြီးစီး

အုတ်တွင်း-ပေါက်ခေါင်း လမ်းပေါ်ရှိ စင်ချောင်းတံတား ဆောက်လုပ်ပြီးစီး

စက်တင်ဘာ ၄ (ပဲခူး)

===================================

၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သော တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ အုတ်တွင်း-ပေါက်ခေါင်းလမ်းပေါ်ရှိ စင်ချောင်းတံတား ဆောက်လုပ်ပြီးစီးသွားပြီဖြစ်သည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အဆိုပါတံတား ဆောက်လုပ်ပြီးစီးမှုအား စက်တင်ဘာလ(၄)ရက်နေ့ မွန်းလွဲ(၃:၃၀)နာရီအချိန်က သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံ၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းတို့နှင့် သွားရောက်ကြည့်ရှု စစ်ဆေးရာ တိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ထွန်းက ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်မှ တံတားရေရှည်တည်တံ့ ခိုင်ခန့်ရေးအတွက် ဝန်တင်ကားများ ခွင့်ပြုတန်ချိန်ထက် ပို၍တင်ဆောင်ကာဖ ြတ်သန်းမောင်းနှင် မသွားစေရေး တံတားဦးစီးဌာန ဝန်ထမ်းများနှင့် ဒေသခံများ ပူးပေါင်းထိန်းသိမ်း စောင့်ရှောက်သွားကြရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါတံတားသည် ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၉၀၀)ဖြင့် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၉)မှ ၂၀၁၆ခုနှစ်၊ ဇွန်လ(၂၁)ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး တံတားအရှည် (၁၆၄.၄၂)ပေ၊ အကျယ်(၃၀)ပေ၊ ရေလမ်းအောက် ကင်းလွတ်နယ်အမြင့် (၅)ပေ၊ တံတားခန်းဖွင့် တစ်ခန်းလျှင် (၅၀)မီတာ၊ သံကူကွန်ကရစ် တံတားအမျိုးအစား၊ ခွင့်ပြုအလေးချိန်တန် (၆၀)ဖြစ်ကြောင်း သိရသည်။