• ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က ဆုရယိမ်းအဖွဲ့အား ဆုချီးမြှင့်စဉ်

  • စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်မှ ဆုရယိမ်းအဖွဲ့အား ဆုချီးမြှင့်စဉ်

  • သယံဇာတသစ်တောနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးကျော်မင်းစံမှ ဆုရယိမ်းအဖွဲ့အား ဆုချီးမြှင့်စဉ်

  • ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဒေါ်နော်ပွယ်ဆေးမှ ဆုရယိမ်းအဖွဲ့အား ဆုချီးမြှင့်စဉ်

  • ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်းမှ ဆုရယိမ်းအဖွဲ့အား ဆုချီးမြှင့်စဉ်

  • ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်မှ ဆုရယိမ်းအဖွဲ့အား ဆုချီးမြှင့်စဉ်

Home / ခရီးသွားလမ်းညွှန် / ပွဲတော်များ / (၁၆၅)နှစ်‌မြောက်‌ ရွှေကျင်မြို့နယ် သီတင်းကျွတ် မီး‌မျှောပူ‌ဇော်ပွဲကျင်းပ

(၁၆၅)နှစ်‌မြောက်‌ ရွှေကျင်မြို့နယ် သီတင်းကျွတ် မီး‌မျှောပူ‌ဇော်ပွဲကျင်းပ

1

အောက်တိုဘာလ ၁၇

——————————

အောက်တိုဘာလ(၁၇)ရက်‌နေ့၊ည‌နေ(၁၆:ဝဝ)နာရီအချိန်တွင်‌ ရွှေကျင်မြို့နယ်၊ ပျဉ်းမပင်ရပ်ကွက်၊ မီး‌မျှောပွဲ‌တော်ကျင်းပ‌ရေးဗဟိုမဏ္ဍပ်၌ (၁၆၅)နှစ်‌မြောက်‌ ရွှေကျင်မြို့နယ် သီတင်းကျွတ်မီး‌မျှောပူ‌ဇော်ပွဲတော် ပြိုင်ပွဲဝင်ယိင်းအဖွဲ့များအား ဆုချီးမြှင့်ခြင်းနှင့် ရှင်ဥပဂုတ္တ                မထေရ်မြတ်အား‌ ရွှေကျင်‌ချောင်းအတွင်း‌ ရောင်စုံမီးကြာခွက်များဖြင့် ပူ‌ဇော်ပွဲကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် ‌ရွှေကျင်မြို့နယ်အတွင်းမှပြိုင်ပွဲဝင် ယိမ်း(၁၅)ဖွဲ့ပါဝင် ယှဉ်ပြိုင်ကြရာ ပထမ၊ ဒုတိယ၊ တတိယ ဂုဏ်ပြုဆု ရရှိသူများ ပဲခူးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် တာဝန်ရှိသူများက အသီးသီး‌ပေးအပ်ချီးမြှင့်ကြပြီးနောက် ရှင်ဥပဂုတ္တမ‌ထေရ်မြတ်အား‌ ရွှေကျင်‌ချောင်းအတွင်း လှည့်လည် ပူ‌ဇော်ခံပြီး ပြည်သူများက‌ ရောင်စုံမီးကြာခွက်များဖြင့် မီး‌မျှောပူ‌ဇော်ခဲ့ကြသည်။

Leave a Reply