Home / ပဲခူးမြို့နယ် / ၂၀၁၂ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ ငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကျင်းပ

၂၀၁၂ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ ငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကျင်းပ

သြဂုတ် ၁၀ (ပဲခူး)

===============================

ပဲခူးမြို့၊ ဥဿာမြို့သစ်၊(၆)ရပ်ကွက်၊ သမိန်ဗရမ်းလမ်းရှိ ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးတွင် သြဂုတ်လ(၁၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်က အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ ငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။

ရှေးဦးစွာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီး တာဝန်ခံ ဒေါ်ကေသီခိုင်က လုမှုဖူလုံရေးနှင့်ပတ်သက်သည့် အကျိုးခံစားခွင့်အကြောင်းအရာများကို ရှင်းလင်းပြောကြား သည်။

ထို့နောက် ရွှေတောင်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ အာမခံအလုပ်သမား ဦးလှမျိုးကျော်၏ အလုပ်တွင် ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ်(၄၅၆၀၀၀ဝိ/)၊ ပဲခူးမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ဆုစ်စတားအထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား ဒေါ်ခင်မာရီ၏ လုပ်ငန်းခွင်ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်ငွေကျပ်(၃၂၁၃၀၀ဝိ/)၊ ပေါင်းတည်မြို့နယ်လူမှုဖူလုံရေးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ အာမခံအလုပ်သမား ဦးအောင်မြင့်ဦး၏ အလုပ်တွင်ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ်(၃၂၄၀၀၀ဝိ/)၊ ပြည်မြို့နယ်လူမှုဖူလုံရေးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့မီးရထားလုပ်ငန်းဌာနမှ အာမခံအလုပ်သမားဦးမြင့်အေး၏ လုပ်ငန်းခွင်ထိခိုက်မှုအတွက် လုပ်အားဆုံးရုံးမှု(၅၀)%ကို အမြဲတမ်းမသန်စွမ်းမှုငွေလုံးငွေရင်း ငွေကျပ်(၃၅၇၂၁၀ဝိ/)တို့အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးညွှန့်ရွှေ ကပေးအပ်သည်။

ယင်းနောက်ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်သမားရေးရာကော်မတီ အတွင်းရေးမှုးဒေါ်မူမူခင်က ပဲခူးမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော Karsma Apparel အထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမားဦးကျော်ထက်အောင်၏ လုပ်ငန်းခွင်ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေကျပ်(၃၂၄၀၀၀ဝိ/)၊ ဖြူးမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ဆင်ဖြူတော်သကြားစက်မှ အာမခံအလုပ်သမား ဦးလင်းအောင်ချို၏ အလုပ်တွင်ထိခိုက်မှုအတွက် ငွေကျပ်(၉၇၆၂၃၂/)၊ သာယာဝတီမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အမှတ်(၃၄)အကြီးစားစက်ရုံမှ အာမခံအလုပ်သမားဦးဝင်းသူ၏ မမာမကျန်းမှု အကျိုးခံစားခွင့်အတွက် ငွေကျပ်(၉၁၀၀၀ဝိ/)၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးအောင်မျိုးဝင်း၏ နာရေးစရိတ် ငွေကျပ်(၆၃၂၉၀၇/)တို့အား ပေးအပ်ပြီး အလုပ်သမားဆက်ဆံရေးဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှုး ဒေါ်ဇင်ကေသွယ်မှ ပြည်မြို့နယ်လူမှုဖူလုံရေးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ပေါက်ခေါင်းလျှပ်စစ်ရုံးမှ အာမခံအလုပ်သမား ဦးဇော်ဦး၏ အလုပ်တွင်ထိခိုက်မှုအတွက် လုပ်အားဆုံးရှုံးမှု(၁၇)%ကို အမြဲတန်းမသန်စွမ်းမှု ငွေလုံးငွေရင်း ငွေကျပ်(၁၀၂၈၁၆ဝိ/)၊ အမှတ်(၁၀၇)သစ်စက်မှ အာမခံအလုပ်သမား ဦးလေးနောင်၏နာရေးစရိတ် ငွေကျပ်(၆၂၃၇၀ဝိ/)၊ အေစီလီဒါကုမ္ပဏီ လီမိတက်မှ အာမခံအလုပ်သမား ဒေါ်ကြည်ငြိမ်းဟန်၏မီးဖွားမှု၊ မီးဖွားစရိတ်အတွက် ငွေကျပ်(၆၅၂၉၆၇)အားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီး တာဝန်ခံ၊ လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်ကေသီခိုင်က မြို့နယ်လူမှုဖူလုံရေးရုံးများတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ အာမခံအလုပ်သမား ဒေါ်ဇာခြည်ထက်၏ မီးဖွားစရိတ်ငွေကျပ်(၆၄၃၀၆၆)၊ ကမ္ဘောဇဘဏ်ခွဲ(၁)မှ ဒေါ်ဖြူ နှင်းကို၏မီးဖွားစရိတ် ငွေကျပ်(၆၃၃၉၆၆)၊ ASA Microfinance Myanmarမှ ဒေါ်ဆွေဇင်အောင်၏ မီးဖွားစရိတ် ငွေကျပ်(၅၅၄၇၅၂)တို့အားအသီးသီး ပေးအပ်ကြသည်။

ဆက်လက်၍ အလုပ်ရှင်များကိုယ်စား ဆုစ်စတားအထည်ချုပ်စက်ရုံဒါရိုက်တာ ဦးကျော်ဝင်းနှင့် အာမခံအလုပ်သမားများ၏ကိုယ်စား ဦးလင်းအောင်ချို၏ ဖခင်ဖြစ်သူ ဦးတင်အုန်းတို့က ကျေးဇူးတင်စကား ပြောကြားကြသည်။

အခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်သမားရေးရာကော်မတီ အတွင်းရေးမှုးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အလုပ်သမားဆက်ဆံရေးဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှုး၊ ပဲခူးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံ၊ လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်ကေသီခိုင်နှင့် ဝန်ထမ်းများ၊ မိတ်ဖက်ဌာနများ၊ အလုပ်ရှင်နှင့် အလုပ်သမားများ၊ အကျိုးခံစားခွင့်ရှိသူမိသားစုများတက်ရောက်ကြကြောင်း သတင်းရရှိသည်။